Zawgyi ျဖင့္ဖတ္ရန္

 

ေတာင္ကိုရီးယား Kpop Star “ေဆာလီ” ဟာ အသက္အ႐ြယ္နဲ႔ မမွ်ေအာင္ ေအာင္ျမင္မႈေတြအရွိန္ေကာင္းေနခ်ိန္မွာပဲ စိတ္ဓါတ္ေတြအႀကီးအက်ယ္က်ၿပီး မိမိကိုယ္ကိုယ္ အဆုံးစီရင္ကာ ေလကႀကီးကို အရႈံးေပးထြက္ခြာသြားခဲ့ပါတယ္။

Kpop မိန္းကေလးအဖြဲ႕ f(x) က အသက္ ၂၅ ႏွစ္အ႐ြယ္ “ေဆာလီ” ကို ေအာက္ဆိုဘာလ ၁၄ ရက္ေန႔ မြန္းလြဲပိုင္းက သူမရဲ႕ ေနအိမ္မွာ ေသဆုံးလွ်က္ ေတြ႕ရွိခဲ့ပါတယ္။

ရဲေတြရဲ႕ စုံစမ္းစစ္ေဆးမႈေတြအရ “ဆူးလီ” ဟာ အြန္လိုင္းေပၚကေန အႏိုင္က်င့္ေျပာဆိုမႈေတြ ခံခဲ့ရတာေၾကာင့္ စိတ္ဓါတ္ေတြအလြန္အမင္းက်ဆင္း၊ စိတ္ဆင္းရဲၿပီး စိတ္ပိုင္းဆိုင္ရာ မူမမွန္ေတာ့တဲ့ အေျခအေနေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္သြားခဲ့တယ္လို႔ မွတ္ခ်က္ေပးထားပါတယ္။

 

“ေဆာလီ” ဟာ သူမ မေသဆုံးမီ ၂ ရက္အလိုမွာ အင္စတာဂရမ္ေပၚကေန ႐ုပ္သံ LIVE လႊင့္ခဲ့ပါေသးတယ္။ ႐ုပ္သံထဲမွာေတာ့ “ကြၽန္မအေပၚ ျပင္းျပင္းထန္ထန္ေတြ မေျပာၾကပါနဲ႔၊ ကြၽန္မက မေကာင္းတဲ့ လူတစ္ေယာက္မဟုတ္ပါဘူး” လို႔ ဝမ္းနည္းေနတဲ့ အငိုမ်က္လုံးေတြၾကားက အားတင္းရင္း ပရိသတ္ေတြကို သူမအေပၚ နာလည္မႈမလြဲၾကဖို႔ ေတာင္းပန္ခဲ့ပါတယ္။

 

အသက္ ၂၇ ႏွစ္အ႐ြယ္မွာ ကိုယ့္ကိုယ္ကို အဆုံးစီရင္ခဲ့တဲ့ SHINee အဖြဲ႕က စတားတစ္ဦးျဖစ္တဲ့ “ဂြၽန္ယြန္း” နဲ႔လည္း “ေဆာလီ” ဟာ အလြန္ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြ ျဖစ္ၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ “ေဆာလီ” ကိုယ္တိုင္လည္း စိတ္ဖိစီးမႈဒဏ္ေတြကို မခံႏိုင္ေတာ့ပဲ သူငယ္ခ်င္းရဲ႕ လမ္းအတိုင္း အဆုံးစီရင္သြားခဲ့ပါတယ္။

ဆိုရွယ္မီဒီယာ လူမႈကြန္ယက္ဟာ အက်ိဳးရွိတာေတြရွိသလို အခုလိုလိုမ်ိဳး လူ႔အသက္ေတြကို ႏႈတ္ယူႏိုင္ေလာက္တဲ့ ဆိုးက်ိဳးေတြပဲ ျပည့္ဝေနတာမို႔ လူငယ္ေတြအေနနဲ႔ သတိရွိရွိအသုံးျပဳၾကဖို႔ ပိုပိုေလး ကေန တိုက္တြန္းလိုက္ရပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ပရိသတ်တွေကို တောင်းပန်ပြီးမှ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ “ဆောလီ” (ရုပ်သံ)

တောင်ကိုရီးယား Kpop Star “ဆောလီ” ဟာ အသက်အရွယ်နဲ့ မမျှအောင် အောင်မြင်မှုတွေအရှိန်ကောင်းနေချိန်မှာပဲ စိတ်ဓါတ်တွေအကြီးအကျယ်ကျပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ကာ လေကကြီးကို အရှုံးပေးထွက်ခွာသွားခဲ့ပါတယ်။

Kpop မိန်းကလေးအဖွဲ့ f(x) က အသက် ၂၅ နှစ်အရွယ် “ဆောလီ” ကို အောက်ဆိုဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက သူမရဲ့ နေအိမ်မှာ သေဆုံးလျှက် တွေ့ရှိခဲ့ပါတယ်။

ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ “ဆူးလီ” ဟာ အွန်လိုင်းပေါ်ကနေ အနိုင်ကျင့်ပြောဆိုမှုတွေ ခံခဲ့ရတာကြောင့် စိတ်ဓါတ်တွေအလွန်အမင်းကျဆင်း၊ စိတ်ဆင်းရဲပြီး စိတ်ပိုင်းဆိုင်ရာ မူမမှန်တော့တဲ့ အခြေအနေတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တယ်လို့ မှတ်ချက်ပေးထားပါတယ်။

“ဆောလီ” ဟာ သူမ မသေဆုံးမီ ၂ ရက်အလိုမှာ အင်စတာဂရမ်ပေါ်ကနေ ရုပ်သံ LIVE လွှင့်ခဲ့ပါသေးတယ်။ ရုပ်သံထဲမှာတော့ “ကျွန်မအပေါ် ပြင်းပြင်းထန်ထန်တွေ မပြောကြပါနဲ့၊ ကျွန်မက မကောင်းတဲ့ လူတစ်ယောက်မဟုတ်ပါဘူး” လို့ ဝမ်းနည်းနေတဲ့ အငိုမျက်လုံးတွေကြားက အားတင်းရင်း ပရိသတ်တွေကို သူမအပေါ် နာလည်မှုမလွဲကြဖို့ တောင်းပန်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ SHINee အဖွဲ့က စတားတစ်ဦးဖြစ်တဲ့ “ဂျွန်ယွန်း” နဲ့လည်း “ဆောလီ” ဟာ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ နောက်ဆုံးမှာတော့ “ဆောလီ” ကိုယ်တိုင်လည်း စိတ်ဖိစီးမှုဒဏ်တွေကို မခံနိုင်တော့ပဲ သူငယ်ချင်းရဲ့ လမ်းအတိုင်း အဆုံးစီရင်သွားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာ လူမှုကွန်ယက်ဟာ အကျိုးရှိတာတွေရှိသလို အခုလိုလိုမျိုး လူ့အသက်တွေကို နှုတ်ယူနိုင်လောက်တဲ့ ဆိုးကျိုးတွေပဲ ပြည့်ဝနေတာမို့ လူငယ်တွေအနေနဲ့ သတိရှိရှိအသုံးပြုကြဖို့ ပိုပိုလေး ကနေ တိုက်တွန်းလိုက်ရပါတယ်။

Credit : popolay

 

LEAVE A REPLY