Zawgyi ျဖင့္ဖတ္ရန္

” SAVE…SAVE..SAVE ” 09 420 8888 10 အျမန္လမ္းမႀကီး ခရီးသြား ရင္ ဒီဖုန္းနံပါတ္ မျဖစ္မေန ေလး Save ထားပါ ။ ဘယ္လို အခက္အခဲ ျဖစ္ျဖစ္ လာေရာက္ ကူညီေပး တဲ့ အျမန္လမ္း ရဲ တပ္ဖြဲ႕ ဖုန္း ပါ။ မေန႔ က (၁၀-၁၀-၂၀၁၉) မႏၲေလး ဘက္ မွ ရန္ကုန္ ဘက္သို႔ ကားေမာင္း လာရင္း ၊ မိုင္တိုင္ ၅၅ မိုင္ ၁ ဖာလုံ မွာ စက္ထိုးရပ္ သြား ပါတယ္။ ဘာမွလည္း မလုပ္တတ္ေတာ့ ဘူး ၊ စက္ႏိုွးလို႔ လည္း မရေတာ့ လမ္းေဘးခ်ရပ္ရင္း ခ်ိတ္ဆက္ဖို႔ စဥ္စားရပါတယ္။ ဟိုရွာ ၊ ဒီ ခ်ိတ္ နဲ႔ အျမန္လမ္း ရဲ႕ Hot Line ဖုန္း နံပါတ္ ရလာ ပါတယ္။

ဆက္ၾကည့္လိုက္ၿပီး ” ကားပ်က္ေနေၾကာင္း မိုင္တိုင္ ၅၅ မိုင္ ၁ဖာလုံ မွာ အခက္အခဲ ျဖစ္ေနေၾကာင္း သတင္းပို႔ လိုက္ပါတယ္ ” အျမန္လမ္းရဲ တပ္ဖြဲ႕ Hot Line ဖုန္း မွ ခ်က္ခ်င္း သက္ ဆိုင္နယ္ေျမ ပိုင္ ရဲစခန္း ကို ၫႊန္းၾကားခ်က္ေပးတယ္။ ကြၽန္ေတာ့္ ကိုလည္း “ရဲတပ္ဖြဲ႕ က ေရာက္လာပါမယ္။ ျဖစ္ေနတဲ့ အခက္အခဲ ေျပာလိုက္ပါ ။ ေပါင္းစပ္ ကူညီပါမယ္တဲ့ ။” ၅ မီနစ္ၾကာေလာက္ မွာ ရဲတပ္ၾကပ္ တစ္ေယာက္ ေရာက္လာတယ္။ ကားပ်က္တာ ၾကည့္ၿပီး ” ဝပ္ေရွာ့ ဆရာ ေခၚခ်င္လား ?” ” ကား ကို ဆြဲ မလား ?” အကုန္ ခ်ိတ္ဆက္ေပး လို႔ရတယ္ ေျပာ တယ္။ (ကားျပင္ဆင္စရိတ္ ကိုယ့္ပါသာ တိုက္႐ိုက္ေျပာပါ )

ၿပီးေတာ့ ကားျပင္ေနစဥ္ အတြင္း သူရွိေနမဲ့ အေၾကာင္း နဲ႔ ဒီနား မွာ လုံၿခဳံ တဲ့ အေၾကာင္း ေျပာပါတယ္။ သူ ကိုယ္တိုင္ ရွိေနမွာပါ တဲ့။ ကားဝပ္ေရွာ့ ဆရာ ေခၚ ေပးပါေျပာေတာ့ ခ်က္ခ်င္း ဘုရာႀကီး က ကိုဝတုတ္ ဆိုတဲ့ ကြၽမ္းက်င္ ဆရာ တစ္ေယာက္ ကို ဖုန္းဆက္ေခၚ ပါတယ္။ လာေရာက္ျပင္တဲ့ ကိုဝတုတ္ ဟာ ပညာပိုင္း ကြၽမ္းက်င္တဲ့ အျပင္ ေစတနာ ပါတာေတြ႕ ရတယ္။

ရဲတပ္ၾကပ္ ဟာ သူ႔ရဲကင္း မွ ေနာက္တစ္ေယာက္ ကို စက္ နဲ႔ လွမ္းေခၚၿပီး အတူလာေရာက္ ပူေပါင္းၿပီး ေတာ့ ဝိုင္းကူ ေနၾကတယ္။ သူ႔ တပည့္ ရဲ ဒုတပ္ၾကပ္ ကို ေရသန႔္ သြားဝယ္လိုက္ ခရီးသြား ေတြ ေရပ်က္ေနမွာတဲ့။ စိတ္ထဲ မွာ ရဲတပ္ၾကပ္ ကို ေလးစားသြား သလို ခ်က္ခ်င္း သြားဝယ္ရွာ တဲ့ ရဲတပ္သား ကို လည္း ေလးစား မိပါတယ္။

ကားျပင္ဆင္ၿပီး လို႔ ႏႈတ္ဆက္ ခဲ့ ခ်ိန္ မွာ ေတာ့ ” သူတို႔ ေတြရဲ႕ တာဝန္ အရ တာဝန္ထမ္းေဆာင္ မႈ နဲ႔ အတူ ေႏြးေထြးစြာ ကူညီေပး ခ်င္တဲ့ ေစတနာ ေတြ ကို ပါ မွတ္တမ္းတင္မိလိုက္ပါ တယ္ ။” ရဲတပ္ၾကပ္ေမာင္ေစာ က အခုလို ေျပာရွာေသး – ” 09420888801 ကေန 09420888870 အထိ ႀကိဳက္တဲ့ နံပါတ္ဆက္ ကြၽန္ေတာ္ တို႔ တေတြ ၂၄ နာရီ တာဝန္ထမ္းေဆာင္ လွ်က္ပါတဲ့ ။ ေလးစားၿပီေလ … ရဲတပ္ဖြဲ႕ဝင္ မ်ား မိတ္ေဆြ ၊ သူငယ္ခ်င္း ၊ ေရာင္းရင္း မ်ား မိမိ ဖုန္းထဲ မွာ ဒီဖုန္းနံပါတ္ ေတြ Save ထားလိုက္ပါ ဗ်ာ ။ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕. ၊ မအူတန္း ရဲကင္း မွ တပ္ၾကပ္ေမာင္ေစာ နဲ႔ ရဲတပ္ဖြဲ႕ဝင္ တို႔အား ေက်းဇူး တင္ရွိရင္း မွတ္တမ္းတင္အပ္ပါသည္။ ဖုန္းနံပါတ္ေတြ မ်ားမ်ား Share ၾကေပး ပါ ဦး။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အမြန်လမ်းမှာအကူအညီလိုရင် ဒီဖုန်းနံပါတ်လေးသာ ဆက်လိုက်ပါ

” SAVE…SAVE..SAVE ” 09 420 8888 10 အမြန်လမ်းမကြီး ခရီးသွား ရင် ဒီဖုန်းနံပါတ် မဖြစ်မနေ လေး Save ထားပါ ။ ဘယ်လို အခက်အခဲ ဖြစ်ဖြစ် လာရောက် ကူညီပေး တဲ့ အမြန်လမ်း ရဲ တပ်ဖွဲ့ ဖုန်း ပါ။ မနေ့ က (၁၀-၁၀-၂၀၁၉) မန္တလေး ဘက် မှ ရန်ကုန် ဘက်သို့ ကားမောင်း လာရင်း ၊ မိုင်တိုင် ၅၅ မိုင် ၁ ဖာလုံ မှာ စက်ထိုးရပ် သွား ပါတယ်။ ဘာမှလည်း မလုပ်တတ်တော့ ဘူး ၊ စက်နိုှးလို့ လည်း မရတော့ လမ်းဘေးချရပ်ရင်း ချိတ်ဆက်ဖို့ စဉ်စားရပါတယ်။ ဟိုရှာ ၊ ဒီ ချိတ် နဲ့ အမြန်လမ်း ရဲ့ Hot Line ဖုန်း နံပါတ် ရလာ ပါတယ်။

ဆက်ကြည့်လိုက်ပြီး ” ကားပျက်နေကြောင်း မိုင်တိုင် ၅၅ မိုင် ၁ဖာလုံ မှာ အခက်အခဲ ဖြစ်နေကြောင်း သတင်းပို့ လိုက်ပါတယ် ” အမြန်လမ်းရဲ တပ်ဖွဲ့ Hot Line ဖုန်း မှ ချက်ချင်း သက် ဆိုင်နယ်မြေ ပိုင် ရဲစခန်း ကို ညွှန်းကြားချက်ပေးတယ်။ ကျွန်တော့် ကိုလည်း “ရဲတပ်ဖွဲ့ က ရောက်လာပါမယ်။ ဖြစ်နေတဲ့ အခက်အခဲ ပြောလိုက်ပါ ။ ပေါင်းစပ် ကူညီပါမယ်တဲ့ ။” ၅ မီနစ်ကြာလောက် မှာ ရဲတပ်ကြပ် တစ်ယောက် ရောက်လာတယ်။ ကားပျက်တာ ကြည့်ပြီး ” ဝပ်ရှော့ ဆရာ ခေါ်ချင်လား ?” ” ကား ကို ဆွဲ မလား ?” အကုန် ချိတ်ဆက်ပေး လို့ရတယ် ပြော တယ်။ (ကားပြင်ဆင်စရိတ် ကိုယ့်ပါသာ တိုက်ရိုက်ပြောပါ )

ပြီးတော့ ကားပြင်နေစဉ် အတွင်း သူရှိနေမဲ့ အကြောင်း နဲ့ ဒီနား မှာ လုံခြုံ တဲ့ အကြောင်း ပြောပါတယ်။ သူ ကိုယ်တိုင် ရှိနေမှာပါ တဲ့။ ကားဝပ်ရှော့ ဆရာ ခေါ် ပေးပါပြောတော့ ချက်ချင်း ဘုရာကြီး က ကိုဝတုတ် ဆိုတဲ့ ကျွမ်းကျင် ဆရာ တစ်ယောက် ကို ဖုန်းဆက်ခေါ် ပါတယ်။ လာရောက်ပြင်တဲ့ ကိုဝတုတ် ဟာ ပညာပိုင်း ကျွမ်းကျင်တဲ့ အပြင် စေတနာ ပါတာတွေ့ ရတယ်။

ရဲတပ်ကြပ် ဟာ သူ့ရဲကင်း မှ နောက်တစ်ယောက် ကို စက် နဲ့ လှမ်းခေါ်ပြီး အတူလာရောက် ပူပေါင်းပြီး တော့ ဝိုင်းကူ နေကြတယ်။ သူ့ တပည့် ရဲ ဒုတပ်ကြပ် ကို ရေသန့် သွားဝယ်လိုက် ခရီးသွား တွေ ရေပျက်နေမှာတဲ့။ စိတ်ထဲ မှာ ရဲတပ်ကြပ် ကို လေးစားသွား သလို ချက်ချင်း သွားဝယ်ရှာ တဲ့ ရဲတပ်သား ကို လည်း လေးစား မိပါတယ်။

ကားပြင်ဆင်ပြီး လို့ နှုတ်ဆက် ခဲ့ ချိန် မှာ တော့ ” သူတို့ တွေရဲ့ တာဝန် အရ တာဝန်ထမ်းဆောင် မှု နဲ့ အတူ နွေးထွေးစွာ ကူညီပေး ချင်တဲ့ စေတနာ တွေ ကို ပါ မှတ်တမ်းတင်မိလိုက်ပါ တယ် ။” ရဲတပ်ကြပ်မောင်စော က အခုလို ပြောရှာသေး – ” 09420888801 ကနေ 09420888870 အထိ ကြိုက်တဲ့ နံပါတ်ဆက် ကျွန်တော် တို့ တတွေ ၂၄ နာရီ တာဝန်ထမ်းဆောင် လျှက်ပါတဲ့ ။ လေးစားပြီလေ … ရဲတပ်ဖွဲ့ဝင် များ မိတ်ဆွေ ၊ သူငယ်ချင်း ၊ ရောင်းရင်း များ မိမိ ဖုန်းထဲ မှာ ဒီဖုန်းနံပါတ် တွေ Save ထားလိုက်ပါ ဗျာ ။ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့. ၊ မအူတန်း ရဲကင်း မှ တပ်ကြပ်မောင်စော နဲ့ ရဲတပ်ဖွဲ့ဝင် တို့အား ကျေးဇူး တင်ရှိရင်း မှတ်တမ်းတင်အပ်ပါသည်။ ဖုန်းနံပါတ်တွေ များများ Share ကြပေး ပါ ဦး။

share from : burmese.asia

LEAVE A REPLY