Zawgyi ျဖင့္ဖတ္ရန္

 

နာမည္ႀကီး အမ်ိဳးသမီး Idol အဖြဲ႕ျဖစ္တဲ့ f(x) ရဲ႕ အဖြဲ႕ဝင္ေဟာင္းျဖစ္သူ Sulli ဟာ ေအာက္တိုဘာလ ၁၄ ရက္ေန႔ မေန႔တုန္းက ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားခဲ့ၿပီဆိုတာကို ပရိသတ္ေတြအားလုံး သိထားၿပီးျဖစ္ၾကမွာပါ။ ရဲေတြဘက္က သူမရဲ႕ ေနအိမ္မွာ သတိလစ္ေမ့ေမ်ာေနတဲ့ သူမကို ေတြ႕ရွိခဲ့ၿပီးေနာက္ Sulli တစ္ေယာက္ ကြယ္လြန္သြားခဲ့ၿပီဆိုတာကို အတည္ျပဳေၾကညာေပးခဲ့တာျဖစ္ပါတယ္။

စိတ္က်ေရာဂါကို အခ်ိန္ကာလတစ္ခုမွ် ရင္ဆိုင္ခံစားေနခဲ့ရတဲ့ သူမဟာ စိတ္ကိုထြက္ေပါက္ေပးတဲ့အေနနဲ႔ သူမကိုယ္သူမ အဆုံးစီရင္သြားတာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကေပမယ့္လည္း ပအခုေနာက္ဆုံးထြက္ရွိလာတဲ့သတင္းအရကေတာ့ ဘယ္လိုမ်ိဳးေသာ အေၾကာင္းအရင္းေၾကာင့္ ေသဆုံးသြားတာကို အေသအခ်ာသိႏိုင္ဖို႔အတြက္ သူမရဲ႕ က်န္ရစ္တဲ့ ႐ုပ္အေလာင္းကို ရင္ခြဲစစ္ေဆးမွာျဖစ္တယ္လို႔ ရဲေတြဘက္က ထုတ္ျပန္ေၾကညာထားတာကို ေတြ႕ရပါတယ္။

အခုလိုမ်ိဳး ရင္ခြဲစစ္ေဆးျခင္းဟာ က်န္ရစ္သူ မိသားစုဝင္ေတြရဲ႕ စိတ္ဆႏၵျဖစ္တဲ့အျပင္ သူမဟာ တကယ္ပဲ အဆုံးစီရင္သြားခဲ့တာလား၊ ဒါမွမဟုတ္ တစ္စုံတစ္ေယာက္ရဲ႕ လုပ္ႀကံသတ္ျဖတ္ျခင္းကို ခံခဲ့ရတာလားဆိုတာကို သိရွိႏိုင္ဖို႔အတြက္လည္း ျဖစ္ပါတယ္။

ေနအိမ္မွာ သတိလစ္ေမ့ေမ်ာေနတဲ့ သူမကို အရင္ဆုံးေတြ႕ရွိခဲ့သူကေတာ့ သူမရဲ႕ မန္ေနဂ်ာျဖစ္ၿပီး ဘယ္လိုမ်ိဴးေသာ အေၾကာင္းအရင္းေၾကာင့္ အသက္ဆုံးရံႈးသြားခဲ့လဲဆိုတာကိုေတာ့ ထုတ္ျပန္ထားခဲ့ျခင္းမရွိပါဘူး။

သူမရဲ႕ ဈာပနအခမ္းအနားကိုေတာ့ က်န္ရစ္သူမိသားစုရဲ႕ စိတ္ဆႏၵအရ အမ်ားျပည္သူကိုထုတ္မျပပဲ သီးသန႔္က်င္းပသြားမယ္လို႔ SM Entertainment က ထုတ္ျပန္ေပးထားပါတယ္။

share from: burmese.asia

Unicode ဖြင့်ဖတ်ရန်

Sulli ရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးမည်ဟု ရဲဘက်က ကြေညာ

နာမည်ကြီး အမျိုးသမီး Idol အဖွဲ့ဖြစ်တဲ့ f(x) ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Sulli ဟာ အောက်တိုဘာလ ၁၄ ရက်နေ့ မနေ့တုန်းက ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီဆိုတာကို ပရိသတ်တွေအားလုံး သိထားပြီးဖြစ်ကြမှာပါ။ ရဲတွေဘက်က သူမရဲ့ နေအိမ်မှာ သတိလစ်မေ့မျောနေတဲ့ သူမကို တွေ့ရှိခဲ့ပြီးနောက် Sulli တစ်ယောက် ကွယ်လွန်သွားခဲ့ပြီဆိုတာကို အတည်ပြုကြေညာပေးခဲ့တာဖြစ်ပါတယ်။

စိတ်ကျရောဂါကို အချိန်ကာလတစ်ခုမျှ ရင်ဆိုင်ခံစားနေခဲ့ရတဲ့ သူမဟာ စိတ်ကိုထွက်ပေါက်ပေးတဲ့အနေနဲ့ သူမကိုယ်သူမ အဆုံးစီရင်သွားတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပေမယ့်လည်း ပအခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းအရကတော့ ဘယ်လိုမျိုးသော အကြောင်းအရင်းကြောင့် သေဆုံးသွားတာကို အသေအချာသိနိုင်ဖို့အတွက် သူမရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးမှာဖြစ်တယ်လို့ ရဲတွေဘက်က ထုတ်ပြန်ကြေညာထားတာကို တွေ့ရပါတယ်။

အခုလိုမျိုး ရင်ခွဲစစ်ဆေးခြင်းဟာ ကျန်ရစ်သူ မိသားစုဝင်တွေရဲ့ စိတ်ဆန္ဒဖြစ်တဲ့အပြင် သူမဟာ တကယ်ပဲ အဆုံးစီရင်သွားခဲ့တာလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတာလားဆိုတာကို သိရှိနိုင်ဖို့အတွက်လည်း ဖြစ်ပါတယ်။

နေအိမ်မှာ သတိလစ်မေ့မျောနေတဲ့ သူမကို အရင်ဆုံးတွေ့ရှိခဲ့သူကတော့ သူမရဲ့ မန်နေဂျာဖြစ်ပြီး ဘယ်လိုမျိူးသော အကြောင်းအရင်းကြောင့် အသက်ဆုံးရှုံးသွားခဲ့လဲဆိုတာကိုတော့ ထုတ်ပြန်ထားခဲ့ခြင်းမရှိပါဘူး။

သူမရဲ့ ဈာပနအခမ်းအနားကိုတော့ ကျန်ရစ်သူမိသားစုရဲ့ စိတ်ဆန္ဒအရ အများပြည်သူကိုထုတ်မပြပဲ သီးသန့်ကျင်းပသွားမယ်လို့ SM Entertainment က ထုတ်ပြန်ပေးထားပါတယ်။

share from: burmese.asia

LEAVE A REPLY