Zawgyi ျဖင့္ဖတ္ရန္

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁ ရက္တုန္းက ထိုင္ဝမ္ႏိုင္ငံ အေရွ႕ပိုင္းေဒသမွာ တံတားတစ္စင္း ၿပိဳက်မႈ ျဖစ္စဥ္ျဖစ္ပြားခဲ့ပါတယ္။ အဆိုပါ တံတားၿပိဳက်မႈေၾကာင့္ ေအာက္မွာသြားေနတဲ့ ငါးဖမ္းေရယာဥ္ ေပၚမွ အနည္းဆုံး အလုပ္သမား (၁၀) ေယာက္အထက္ ဒဏ္ရာရရွိသြားခဲ့ၿပီး လူႏွစ္ဦးေပ်ာက္ဆုံးတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အေပၚကေနျဖတ္သြားေနတဲ့ ေရနံတင္ သေဘာလၤည္း ေအာက္ကိုျပဳတ္က်ခဲ့ပါတယ္။

 

ဒဏ္ရာရရွိေနတဲ့ လူေတြကို ေဆး႐ုံသို႔ပို႔ေဆာင္ထားၿပီး အဲ့ဒီအထဲ့မွာ ဖိလစ္ပိုင္ နဲ႔ အင္ဒိုနီရွား ငါးဖမ္းလုပ္သားေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။ အဆိုပါ ဖိလစ္ပိုင္ နဲ႔ အင္ဒိုနီရွား ငါးဖမ္းလုပ္သားေတြဟာ သူတို႔ မိခင္ႏိုင္ငံမွာထက္ ထိုင္ဝမ္မွာ ဝင္ေငြပိုရတာေၾကာင့္ လာေရာက္လုပ္ကိုင္ၾကတာ ျဖစ္ပါတယ္။

 

ဒီတံတားဟာ ၁၉၉၉ ခုႏွစ္ကမွ တည္ေဆာက္ၿပီးစီးခဲ့တာျဖစ္ၿပီး ႏွစ္ (၂၀) သာသက္တမ္းရွိေသးတာေၾကာင့္ ဘာေၾကာင့္ ၿပိဳက်ခဲ့ရလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။ တံတားအရွည္ဟာ ၁၄၀ မီတာ(၄၆၀ ေပ) ခန႔္ရွည္လ်ားၿပီး ထိုဝမ္း အေရွ႕ေတာင္ဘက္မွာရွိတဲ့ ၿမိဳ႕ႀကီးေတြကို သြားလာႏိုင္ဖို႔ တည္ေဆာင္ထားတာလို႔ သိရပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ထိုင်ဝမ်နိုင်ငံ အရှေ့ပိုင်းဒေသမှာ တံတားတစ်စင်း ပြိုကျမှုဖြစ်စဉ် ဖြစ်ပွား

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်တုန်းက ထိုင်ဝမ်နိုင်ငံ အရှေ့ပိုင်းဒေသမှာ တံတားတစ်စင်း ပြိုကျမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ တံတားပြိုကျမှုကြောင့် အောက်မှာသွားနေတဲ့ ငါးဖမ်းရေယာဉ် ပေါ်မှ အနည်းဆုံး အလုပ်သမား (၁၀) ယောက်အထက် ဒဏ်ရာရရှိသွားခဲ့ပြီး လူနှစ်ဦးပျောက်ဆုံးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အပေါ်ကနေဖြတ်သွားနေတဲ့ ရေနံတင် သဘောင်္လည်း အောက်ကိုပြုတ်ကျခဲ့ပါတယ်။

ဒဏ်ရာရရှိနေတဲ့ လူတွေကို ဆေးရုံသို့ပို့ဆောင်ထားပြီး အဲ့ဒီအထဲ့မှာ ဖိလစ်ပိုင် နဲ့ အင်ဒိုနီရှား ငါးဖမ်းလုပ်သားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ ဖိလစ်ပိုင် နဲ့ အင်ဒိုနီရှား ငါးဖမ်းလုပ်သားတွေဟာ သူတို့ မိခင်နိုင်ငံမှာထက် ထိုင်ဝမ်မှာ ဝင်ငွေပိုရတာကြောင့် လာရောက်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

ဒီတံတားဟာ ၁၉၉၉ ခုနှစ်ကမှ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး နှစ် (၂၀) သာသက်တမ်းရှိသေးတာကြောင့် ဘာကြောင့် ပြိုကျခဲ့ရလဲဆိုတာကိုတော့ မသိရသေးပါဘူး။ တံတားအရှည်ဟာ ၁၄၀ မီတာ(၄၆၀ ပေ) ခန့်ရှည်လျားပြီး ထိုဝမ်း အရှေ့တောင်ဘက်မှာရှိတဲ့ မြို့ကြီးတွေကို သွားလာနိုင်ဖို့ တည်ဆောင်ထားတာလို့ သိရပါတယ်။

Credit : popolay

LEAVE A REPLY