Zawgyi ျဖင့္ဖတ္ရန္

လူတစ္ေယာက္ရဲ႕ဘဝမွာ ဘယ္အခ်ိန္စကားေျပာသင့္လဲဆိုတာကို သိဖို႔အရမ္းအေရးႀကီးသလို၊ ဘယ္အခ်ိန္မွာ ႏႈတ္ဆိတ္ေနသင့္သလဲဆိုတာကိုလည္းသိဖို႔ အရမ္းအေရးႀကီးပါတယ္။ လွ်ာဟာ ေသျခင္းနဲ႔ရွင္ျခင္းကို အဆုံးအျဖတ္ေပးႏိုင္တဲ့ လက္နက္တစ္ခုဆိုလည္း မမွားပါဘူး။ ဒီေတာ့ ပညာရွင္ေတြအႀကံေပးထားတဲ့ ဘဝမွာ လွ်ာကိုထိန္းခ်ဳပ္ထားသင့္တဲ့ အေျခအေန၊ အခ်ိန္အခါေတြကိုေဖာ္ျပေပးလိုက္ပါတယ္။ ဒီလိုအခ်ိန္ေတြမွာ ႏႈတ္ဆိတ္ေနျခင္းျဖင့္ သင့္ရဲ႕ ဘဝမွာေကာင္းျခင္းေတြအမ်ားႀကီးေပၚထြန္းလာမွာ ျဖစ္ပါတယ္။

(၁) ဒီစကားကိုေျပာလိုက္ရင္ တစ္စုံတစ္ေယာက္စိတ္ဆိုးသြားမယ္၊ စိတ္ထိခိုက္သြားမယ္ဆိုရင္ မေျပာတာပိုၿပီးေကာင္းပါတယ္။ ဟန္ေဆာင္ၿပီးစိတ္ထဲကမပါတဲ့စကားေတြကို ေျပာစရာမလိုပါဘူး။ ႏႈတ္ဆိတ္ေနဖို႔ပဲလိုပါတယ္။

(၂) သင့္ရဲ႕စိတ္ကို ေပါ့သြားေစမယ့္စကားမ်ိဳးဆိုရင္ ထုတ္ေျပာလိုက္ပါ။ ဒီလိုမွမဟုတ္ပဲ ေျပာရင္းနဲ႔ပိုပိုေဒါသထြက္လာမယ့္ စကားမ်ိဳးျဖစ္ေနရင္ ဘာမွမေျပာပဲေနတာပိုေကာင္းပါတယ္။

(၃) တစ္စုံတစ္ေယာက္ရဲ႕အမွားကိုေထာက္ျပဖို႔ မႀကိဳးစားပါနဲ႔။ အထူးသျဖင့္ အဲဒီ့လူရဲ႕အေၾကာင္းကို ေသေသခ်ာခ်ာမသိရင္ေပါ့။ တစ္ခါတေလ အမွားကိုအမွားအတိုင္းထားလိုက္တာ ပိုၿပီးေကာင္းပါတယ္။

(၄) ကိုယ္ေျပာမယ့္စကားဟာ သူတစ္ပါးကို အပုပ္ခ်သလို၊ သိကၡာခ်သလိုျဖစ္ေစမယ့္စကားဆိုရင္ မေျပာပဲေနတာပိုၿပီးေကာင္းပါတယ္။ သူတစ္ပါးကိုပုတ္ခတ္တတ္တဲ့သူဟာ ကိုယ္တိုင္လည္း လူထင္ေသးခံရတတ္လို႔ပါ။

(၅) တကယ္လို႔သင့္မွာ ေျပာစရာစကားမရွိရင္၊ သူတစ္ပါးစိတ္ဝင္စားမယ့္စကားမ်ိဳး မဟုတ္ဘူး၊ သူတစ္ပါးအတြက္ ပ်င္းရိၿငီးေငြ႕ဖြယ္ေကာင္းတဲ့စကားမ်ိဳးျဖစ္ေနရင္ စကားကို တိုတိုရွင္းရွင္းပဲအဆုံးသတ္လိုက္ပါ။ မလိုပဲ စကားရွည္တာ လူတိုင္းအတြက္ စိတ္ညစ္စရာေကာင္းပါတယ္။

(၆) သင္ေျပာမယ့္စကားဟာ သင္နဲ႔ နားေထာင္ေနတဲ့သူ ႏွစ္ေယာက္အေၾကာင္းပဲျဖစ္သင့္ပါတယ္။ ဒီလိုမွမဟုတ္ပဲ တစ္ေယာက္ေယာက္ကို ဆြဲထည့္မိေတာ့မယ္ဆိုရင္ ရပ္တန္းကရပ္လိုက္ပါ။ သူတစ္ပါးအေၾကာင္းအတင္းအဖ်င္းေျပာတာ သင့္အတြက္ ဘာမွအက်ိဳးမရွိေစတဲ့အျပင္ သင့္ကို လူထင္ေသးသြားေစပါတယ္။

(၇) သင့္ကိုတစ္စုံတစ္ေယာက္က အႏိုင္က်င့္ခ်င္လာခဲ့ရင္၊ ႏွိမ္သလိုလိုဆက္ဆံလာတဲ့အခါ မခံခ်င္စိတ္နဲ႔ ေခ်ပဖို႔မႀကိဳးစားပါနဲ႔။ ဘာမွမေျပာတာ ပိုၿပီးေကာင္းပါတယ္။ အေၾကာင္းကေတာ့ သင္ေျပာလိုက္တဲ့စကားတိုင္းဟာ သူတို႔အတြက္ ေျပာစရာပိုေပးသလိုျဖစ္ေနလို႔ပါ။

(၈) တကယ္လို႔သင္ဟာ နာက်င္ေနေပမယ့္ နာက်င္မႈကိုထုတ္ေျပာခ်င္စိတ္မရွိဘူူး၊ တိတ္တစ္ဆိတ္ပဲ ကိုယ့္ဖာသာကိုယ္ကုသခ်င္တယ္ဆိုရင္ေတာ့ အတင္းရင္ဖြင့္ေနစရာမလိုပါဘူး။ ေအးေအးေဆးေဆး ကုသလိုက္ပါ။

Credit : aunty may

Unicode ဖြင့်ဖတ်ရန်

လျှာကို ထိန်းချုပ်ထားသင့်တဲ့ အခြေအနေ အချိန်အခါ (၈) ခု

လူတစ်ယောက်ရဲ့ဘဝမှာ ဘယ်အချိန်စကားပြောသင့်လဲဆိုတာကို သိဖို့အရမ်းအရေးကြီးသလို၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေသင့်သလဲဆိုတာကိုလည်းသိဖို့ အရမ်းအရေးကြီးပါတယ်။ လျှာဟာ သေခြင်းနဲ့ရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ လက်နက်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ ပညာရှင်တွေအကြံပေးထားတဲ့ ဘဝမှာ လျှာကိုထိန်းချုပ်ထားသင့်တဲ့ အခြေအနေ၊ အချိန်အခါတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒီလိုအချိန်တွေမှာ နှုတ်ဆိတ်နေခြင်းဖြင့် သင့်ရဲ့ ဘဝမှာကောင်းခြင်းတွေအများကြီးပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။

(၁) ဒီစကားကိုပြောလိုက်ရင် တစ်စုံတစ်ယောက်စိတ်ဆိုးသွားမယ်၊ စိတ်ထိခိုက်သွားမယ်ဆိုရင် မပြောတာပိုပြီးကောင်းပါတယ်။ ဟန်ဆောင်ပြီးစိတ်ထဲကမပါတဲ့စကားတွေကို ပြောစရာမလိုပါဘူး။ နှုတ်ဆိတ်နေဖို့ပဲလိုပါတယ်။

(၂) သင့်ရဲ့စိတ်ကို ပေါ့သွားစေမယ့်စကားမျိုးဆိုရင် ထုတ်ပြောလိုက်ပါ။ ဒီလိုမှမဟုတ်ပဲ ပြောရင်းနဲ့ပိုပိုဒေါသထွက်လာမယ့် စကားမျိုးဖြစ်နေရင် ဘာမှမပြောပဲနေတာပိုကောင်းပါတယ်။

(၃) တစ်စုံတစ်ယောက်ရဲ့အမှားကိုထောက်ပြဖို့ မကြိုးစားပါနဲ့။ အထူးသဖြင့် အဲဒီ့လူရဲ့အကြောင်းကို သေသေချာချာမသိရင်ပေါ့။ တစ်ခါတလေ အမှားကိုအမှားအတိုင်းထားလိုက်တာ ပိုပြီးကောင်းပါတယ်။

(၄) ကိုယ်ပြောမယ့်စကားဟာ သူတစ်ပါးကို အပုပ်ချသလို၊ သိက္ခာချသလိုဖြစ်စေမယ့်စကားဆိုရင် မပြောပဲနေတာပိုပြီးကောင်းပါတယ်။ သူတစ်ပါးကိုပုတ်ခတ်တတ်တဲ့သူဟာ ကိုယ်တိုင်လည်း လူထင်သေးခံရတတ်လို့ပါ။

(၅) တကယ်လို့သင့်မှာ ပြောစရာစကားမရှိရင်၊ သူတစ်ပါးစိတ်ဝင်စားမယ့်စကားမျိုး မဟုတ်ဘူး၊ သူတစ်ပါးအတွက် ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့စကားမျိုးဖြစ်နေရင် စကားကို တိုတိုရှင်းရှင်းပဲအဆုံးသတ်လိုက်ပါ။ မလိုပဲ စကားရှည်တာ လူတိုင်းအတွက် စိတ်ညစ်စရာကောင်းပါတယ်။

(၆) သင်ပြောမယ့်စကားဟာ သင်နဲ့ နားထောင်နေတဲ့သူ နှစ်ယောက်အကြောင်းပဲဖြစ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ တစ်ယောက်ယောက်ကို ဆွဲထည့်မိတော့မယ်ဆိုရင် ရပ်တန်းကရပ်လိုက်ပါ။ သူတစ်ပါးအကြောင်းအတင်းအဖျင်းပြောတာ သင့်အတွက် ဘာမှအကျိုးမရှိစေတဲ့အပြင် သင့်ကို လူထင်သေးသွားစေပါတယ်။

(၇) သင့်ကိုတစ်စုံတစ်ယောက်က အနိုင်ကျင့်ချင်လာခဲ့ရင်၊ နှိမ်သလိုလိုဆက်ဆံလာတဲ့အခါ မခံချင်စိတ်နဲ့ ချေပဖို့မကြိုးစားပါနဲ့။ ဘာမှမပြောတာ ပိုပြီးကောင်းပါတယ်။ အကြောင်းကတော့ သင်ပြောလိုက်တဲ့စကားတိုင်းဟာ သူတို့အတွက် ပြောစရာပိုပေးသလိုဖြစ်နေလို့ပါ။

(၈) တကယ်လို့သင်ဟာ နာကျင်နေပေမယ့် နာကျင်မှုကိုထုတ်ပြောချင်စိတ်မရှိဘူူး၊ တိတ်တစ်ဆိတ်ပဲ ကိုယ့်ဖာသာကိုယ်ကုသချင်တယ်ဆိုရင်တော့ အတင်းရင်ဖွင့်နေစရာမလိုပါဘူး။ အေးအေးဆေးဆေး ကုသလိုက်ပါ။

Credit : aunty may

LEAVE A REPLY