Zawgyi ျဖင့္ဖတ္ရန္

ကာမလိမ္လည္မႈျဖင့္ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကို တရားစြဲဆိုထားတဲ့ အလွမယ္ သင္းသင္းကေတာ့ သက္ေသမ်ားအျဖစ္ ႏွစ္ဦးသားနဲ႔ ပတ္သက္တဲ့ အသံဖိုင္မ်ားကို တရား႐ုံးသို႔ တင္သြားထားၿပီး အဆိုပါ အသံဖိုင္မ်ားအတြက္လည္း ယုံၾကည္မႈ အျပည့္အဝ ရွိတယ္လို႔ ဆိုပါတယ္။ “က်မ ဒီ႐ုံးကို စတက္ကတည္းက အမွန္တရားတခုနဲ႔ သြားတယ္။ က်မမွာ ဘာအင္အားမွ မရွိဘူး။ တိုက္ခိုက္ဖို႔အတြက္လည္း ဘာအင္အားမွ မရွိဘူး။ က်မက အမွန္တရားေလးကိုပဲ အားကိုးၿပီးသြားေတာ့ က်မ တင္လိုက္တဲ့ ဖိုင္ေတြအားလုံးကို ယုံၾကည္မႈ ရွိတယ္။ ေန႔တိုင္း ထြက္ဆိုထားတဲ့ အသံဖိုင္အားလုံးက အားလည္းျဖစ္တယ္။ ကိုယ္က ဒီတခုပဲ အားကိုးရေတာ့ ဒီဟာအတြက္ အျပည့္အဝ ယုံၾကည္ၿပီးသားပါ” လို႔ သင္းသင္းက ေျပာပါတယ္။

အဆိုပါ သက္ေသခံ အသံဖိုင္မ်ားကိုေတာ့ ေဝဠဳေက်ာ္ဘက္က ေလွ်ာက္လႊဲခ်က္တင္ ကန႔္ကြက္ခဲ့ေပမယ့္ တရား႐ုံးေတာ္က ျပန္လည္ ပယ္ခ်တဲ့အတြက္ အခုအခ်ိန္မွာ ဆက္လက္ စစ္ေဆးခြင့္ရတာ ျဖစ္ပါတယ္။“ကိုယ္နဲ႔တြဲတဲ့ အခ်ိန္တုန္းက သူက မင္းသားတေယာက္ ဆိုတာကို ေမ့ေနတယ္။ အခုအခ်ိန္မွာ အသံဖိုင္ေတြ ျပန္နားေထာင္ေတာ့ သူက မင္းသားတေယာက္လို ဒရာမာခ်ိဳးသြားတဲ့ ဇာတ္လမ္းတပုဒ္ကို ျပန္နားေထာင္လိုက္ရသလိုပါပဲ”လို႔ သင္းသင္းက ေျပာပါတယ္။ၿပီးခဲ့တဲ့ အပတ္႐ုံးခ်ိန္းက စစ္ေဆးခဲ့တဲ့ အသံဖိုင္ အေၾကာင္းအရာမ်ားကို နားေထာင္တဲ့ သတင္းနဲ႔ ပတ္သက္ၿပီး အြန္လိုင္း Page အတုမ်ားက အဓိပၸာယ္ေျပာင္းလဲေအာင္ ေရးသားတဲ့ ကိစၥကိုလည္း သင္းသင္းက ျပန္လည္ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က Page အတုေတြကေန တက္လာတဲ့ သတင္းထဲမွာ တရားသူႀကီးက နားမေထာင္ရဲလို႔ဆိုၿပီး အသံဖိုင္ကို ပိတ္လိုက္ရတယ္ဆိုၿပီး တက္လာပါတယ္။ အမွန္ေတာ့ အဲ့လို မဟုတ္ပါဘူး။ အသံဖိုင္နားေထာင္တယ္ဆိုတာ အခ်ိန္ရွိတယ္”“ဒီေန႔လည္း ၁ နာရီခြဲ နားေထာင္တယ္၊ အခ်ိန္ျပည့္သြားလို႔ ရပ္လိုက္ရတယ္။ ၿပီးခဲ့တဲ့ အပတ္ကလည္း အားသြင္းႀကိဳးက အားသြင္းတာကုန္သြားလို႔ ၁ နာရီေလာက္ပဲ နားေထာင္လိုက္ရတယ္။ အဲဒါပါပဲ။ ဒါေတြကလည္း ကိုယ့္ကို တိုက္ခိုက္ေနတဲ့ အမ်ားႀကီးထဲကပါပဲ။ ဒီကိစၥကက်ေတာ့ တရားသူႀကီးပါ ပါလာတဲ့အတြက္ျပန္ေျပာလိုက္တာပါ” လို႔ သင္းသင္းက ေျပာပါတယ္။

အဆိုပါ သက္ေသခံအသံဖိုင္မ်ားကိုလည္း အမွားအမွန္ ခြဲျခားႏိုင္ေအာင္ တရား႐ုံးသို႔ လာေရာက္ၿပီး လူအမ်ားလာေရာက္ နားေထာင္လို႔ရတယ္လို႔လည္း သင္းသင္းက ဖိတ္ေခၚခဲ့ပါတယ္။“အသံဖိုင္ကေတာ့ မီဒီယာေတြလည္း အစအဆုံး နားေထာင္ရတယ္။ တကယ္လို႔ နားေထာင္ခ်င္ၾကတယ္။ အျဖစ္မွန္ကို သိခ်င္ၾကတယ္ဆိုရင္လည္း ပရိသတ္ေတြအားလုံး ႐ုံးခ်ိန္းတိုင္းမွာ လြတ္လပ္စြာ လာေရာက္ၿပီးေတာ့ အသံနဲ႔ ပတ္သက္လို႔ နားေထာင္လို႔ ရပါတယ္ဆိုတာကို ဖိတ္ေခၚပါတယ္။ ပရိသတ္ အကုန္လုံးပါပဲ “က်မ Fan၊ သူ႔ Fan ရယ္လို႔ မဟုတ္ပါဘူး။ အဲဒါမွ အျဖစ္မွန္ကို သိမွာပါ။ ေလလႈိင္းထဲက စကားကေတာ့ အမွန္ ၁ ခုဆို အမွားက ၁၀ ခုေလာက္ ျဖစ္ေနတာ။ အဲဒါကို လိုက္ရွင္းျပဖို႔က မျဖစ္ႏိုင္ဘူး” လို႔ သင္းသင္းကေျပာပါတယ္။အဆိုပါ အမႈကိုေတာ့ ဇန္နဝါရီ ၈ ရက္ေန႔က တရားလိုျဖစ္သူ သင္းသင္းက သဃၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးမွာ စတင္ တရားစြဲဆိုခဲ့တာျဖစ္ၿပီး ေဝဠဳေက်ာ္အေနနဲ႔ ေငြက်ပ္ သိန္း ၅၀ နဲ႔ အာမခံ ရယူကာ အမႈရင္ဆိုင္ေနတာ ျဖစ္ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အသံဖိုင်တွေကို ပရိသတ်တွေ လွတ်လပ်စွာ နားထောင်လို့ ရပါတယ် လို့ သင်းသင်းပြော

ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့ အလှမယ် သင်းသင်းကတော့ သက်သေများအဖြစ် နှစ်ဦးသားနဲ့ ပတ်သက်တဲ့ အသံဖိုင်များကို တရားရုံးသို့ တင်သွားထားပြီး အဆိုပါ အသံဖိုင်များအတွက်လည်း ယုံကြည်မှု အပြည့်အဝ ရှိတယ်လို့ ဆိုပါတယ်။ “ကျမ ဒီရုံးကို စတက်ကတည်းက အမှန်တရားတခုနဲ့ သွားတယ်။ ကျမမှာ ဘာအင်အားမှ မရှိဘူး။ တိုက်ခိုက်ဖို့အတွက်လည်း ဘာအင်အားမှ မရှိဘူး။ ကျမက အမှန်တရားလေးကိုပဲ အားကိုးပြီးသွားတော့ ကျမ တင်လိုက်တဲ့ ဖိုင်တွေအားလုံးကို ယုံကြည်မှု ရှိတယ်။ နေ့တိုင်း ထွက်ဆိုထားတဲ့ အသံဖိုင်အားလုံးက အားလည်းဖြစ်တယ်။ ကိုယ်က ဒီတခုပဲ အားကိုးရတော့ ဒီဟာအတွက် အပြည့်အဝ ယုံကြည်ပြီးသားပါ” လို့ သင်းသင်းက ပြောပါတယ်။

အဆိုပါ သက်သေခံ အသံဖိုင်များကိုတော့ ဝေဠုကျော်ဘက်က လျှောက်လွှဲချက်တင် ကန့်ကွက်ခဲ့ပေမယ့် တရားရုံးတော်က ပြန်လည် ပယ်ချတဲ့အတွက် အခုအချိန်မှာ ဆက်လက် စစ်ဆေးခွင့်ရတာ ဖြစ်ပါတယ်။“ကိုယ်နဲ့တွဲတဲ့ အချိန်တုန်းက သူက မင်းသားတယောက် ဆိုတာကို မေ့နေတယ်။ အခုအချိန်မှာ အသံဖိုင်တွေ ပြန်နားထောင်တော့ သူက မင်းသားတယောက်လို ဒရာမာချိုးသွားတဲ့ ဇာတ်လမ်းတပုဒ်ကို ပြန်နားထောင်လိုက်ရသလိုပါပဲ”လို့ သင်းသင်းက ပြောပါတယ်။ပြီးခဲ့တဲ့ အပတ်ရုံးချိန်းက စစ်ဆေးခဲ့တဲ့ အသံဖိုင် အကြောင်းအရာများကို နားထောင်တဲ့ သတင်းနဲ့ ပတ်သက်ပြီး အွန်လိုင်း Page အတုများက အဓိပ္ပာယ်ပြောင်းလဲအောင် ရေးသားတဲ့ ကိစ္စကိုလည်း သင်းသင်းက ပြန်လည်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က Page အတုတွေကနေ တက်လာတဲ့ သတင်းထဲမှာ တရားသူကြီးက နားမထောင်ရဲလို့ဆိုပြီး အသံဖိုင်ကို ပိတ်လိုက်ရတယ်ဆိုပြီး တက်လာပါတယ်။ အမှန်တော့ အဲ့လို မဟုတ်ပါဘူး။ အသံဖိုင်နားထောင်တယ်ဆိုတာ အချိန်ရှိတယ်”“ဒီနေ့လည်း ၁ နာရီခွဲ နားထောင်တယ်၊ အချိန်ပြည့်သွားလို့ ရပ်လိုက်ရတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း အားသွင်းကြိုးက အားသွင်းတာကုန်သွားလို့ ၁ နာရီလောက်ပဲ နားထောင်လိုက်ရတယ်။ အဲဒါပါပဲ။ ဒါတွေကလည်း ကိုယ့်ကို တိုက်ခိုက်နေတဲ့ အများကြီးထဲကပါပဲ။ ဒီကိစ္စကကျတော့ တရားသူကြီးပါ ပါလာတဲ့အတွက်ပြန်ပြောလိုက်တာပါ” လို့ သင်းသင်းက ပြောပါတယ်။

အဆိုပါ သက်သေခံအသံဖိုင်များကိုလည်း အမှားအမှန် ခွဲခြားနိုင်အောင် တရားရုံးသို့ လာရောက်ပြီး လူအများလာရောက် နားထောင်လို့ရတယ်လို့လည်း သင်းသင်းက ဖိတ်ခေါ်ခဲ့ပါတယ်။“အသံဖိုင်ကတော့ မီဒီယာတွေလည်း အစအဆုံး နားထောင်ရတယ်။ တကယ်လို့ နားထောင်ချင်ကြတယ်။ အဖြစ်မှန်ကို သိချင်ကြတယ်ဆိုရင်လည်း ပရိသတ်တွေအားလုံး ရုံးချိန်းတိုင်းမှာ လွတ်လပ်စွာ လာရောက်ပြီးတော့ အသံနဲ့ ပတ်သက်လို့ နားထောင်လို့ ရပါတယ်ဆိုတာကို ဖိတ်ခေါ်ပါတယ်။ ပရိသတ် အကုန်လုံးပါပဲ “ကျမ Fan၊ သူ့ Fan ရယ်လို့ မဟုတ်ပါဘူး။ အဲဒါမှ အဖြစ်မှန်ကို သိမှာပါ။ လေလှိုင်းထဲက စကားကတော့ အမှန် ၁ ခုဆို အမှားက ၁၀ ခုလောက် ဖြစ်နေတာ။ အဲဒါကို လိုက်ရှင်းပြဖို့က မဖြစ်နိုင်ဘူး” လို့ သင်းသင်းကပြောပါတယ်။အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ သင်းသင်းက သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။

share from : burmese.asia

LEAVE A REPLY