Zawgyi ဖြင့်ဖတ်ရန်



 


 





Unicode ဖြင့်ဖတ်ရန်

တို့ဆေး မိတယ်လို့ ယူဆရပြီး ဆွဲကြိုးတွေ လက်စွပ်တွေ ပြန်ပေးပါလို့ ငိုနေတဲ့ မိန်းကလေး

ပရိသတ်ကြီး သတိထားရမဲ့ မှုခင်းဖြစ်ရပ်လေးတစ်ခု ခုညနေ ၄ နာရီ လောက်မှာ ဖြစ်သွားပါတယ်… အဲတာကတော့ တို့ဆေးမိပြီး လက်စွပ်နဲ့ ဆွဲကြိုးတွေပါသွားလို့ ငိုယိုပြီး လူတစ်စုဆီက ပြန်တောင်းနေတဲ့ အမျိုးသမီးသတင်းပါ…. ဒီသတင်းကတော့ ခုပဲ လူမှုကွန်ရက်စာမျက်နှာ ပြန့်နေတာဖြစ်ပြီး အဲလိုတို့ဆေးနဲ့ လုပ်သူတွေက အုပ်စုနဲ့ ဖြစ်ပြီး ၁၅ ယောက်လောက် ရှိတယ်လို့ သိရပါတယ်….အားလုံးပဲ သတိထားနိုင်ဖို့ အွန်လိုင်းမှာ ပြန့်နေတဲ့ သတင်းလေးကို အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်….

အခုညနေ၄:ဝဝနာရီမှာဖြစ်သွားတာ သာကေတCapital မှတ်တိုင်နားမှာလူတစ်စုကအတင်းခေါ်နေတာတွေ့တယ်။အခုမြင်နေရတဲ့အမျိုးသမီးကကြောင်ပြီးလက်စွပ်တွေ ဆွဲကြိုးတွေချွတ်ပေးလိုက်ပြီးနောက်တော့ရဲလာတယ်ဆိုပြီးထထွက်သွားမှသူသတိရတာနဲ့တူတယ်
ကျမဆွဲကြိုးနဲ့လက်စွပ်ပြန်ပေးပါဆိုပြီးငိုနေတယ် ။ ဓာတ်ပုံထဲကလူတွေပါဘဲ သူတို့ကငြင်းနေတယ် ပြည်သူအများလည်းသတိထားကြပါ။

သည်လိုလူလိမ်တွေကိုအခုတလောခဏခဏတွေ့နေရတယ်။တို့ဆေးလားဘာလားတော့မသိဘူး။ ထားပါတယ် အများပြည်သူလူခြုံရေးအတွက်ဒီpostကိုရှယ်ပေးကြစေလိုပါတယ် လူဆိုးတွေအတွက်လည်းနေရာကကျဉ်းသွားအောင်ပါ။
တစ်နေ့တည်းမှာဒီအမျိုးသမီးကတတိယမြောက်အလုခံရတာပါ ။ပထမအလုခံရတာကုလားမကြီးပါ။ဒုတိယအလုခံရတာကကောင်မလေးတစ်ယောက်ပါ…သူတို့နှစ်ယောက်လည်းဝတ်ထားတဲ့ရွှေငွေတွေအကုန်ပါသွားတာပါ…

အများပြည်သူအားလုံးဘေးအန္တရာယ်ကင်းစေဖို့တွက်ဝိုင်းဝန်းပေးကြပါလို့တောင်းဆိုပါရစေ…ဒီကိစ္စသိသူများလည်းသိသလောက်commetမှာမျှဝေပေးကြပါ ။ရှယ်ပေးကြပါ…
သာကေတ ၁၀၈ တောင်ဘုရားနားမှာလည်းလုပ်စားပါတယ်…သာကေတကက်ပီတေနားတော့၂ရက်တစ်ခါလောက်လာတတ်တယ်လို့သိရပါတယ်…

သူတိုအဖွဲ့က လူ၁၅ယောက်လောက်ပါတယ် အနားကသူတွေသိပေမယ့်မပြောရဲကြပါဘူး အန္တရာယ်ရှိလို့ပါ……..သူတို့မှာလောင်ကစားဝိုင်းလေးလည်းတွဲလုပ်တတ်ပါတယ်…..

လိမ်တာတင်မကပါဘူးဆရာရေ တို့ဆေး(မေ့ဆေးဆိုတာမျိုးနဲ့ရနိုင်မယ်ဆိုတဲ့သူတွေကိုမူးမေ့အောင်လုပ်ပြီးလုယူနေကြတာပါ………
ကားစောင့်နေတာနဲ့သူတို့တွေကမေ့ဆေးနဲ့လာရိုက်ပြီးလုယူ(ဖြုတ်ယူ)နေကြတာပါ……..

Writer – HW (Shwe Yaung Lan)

LEAVE A REPLY