Zawgyi ျဖင့္ဖတ္ရန္

ခရီးသြားရင္ ဘာေဆးေတြေဆာင္သြားၾကမလဲ။
မိုးေတြလည္းစဲ၊ ႐ုံးေတြေက်ာင္းေတြကလည္းပိတ္ၿပီ ဆိုေတာ့ အားလုံး ခရီးသြားဖို႔ျပင္ဆင္ေနၾကၿပီ ထင္ပါတယ္ေနာ္။ ခရီးမသြားခင္၊ ဒါမွမဟုတ္ သြားေနရင္း ဖ်ားနာတာေတြျဖစ္ၿပီး မေပ်ာ္လိုက္ရတာေတြမျဖစ္ေစဖို႔ ခရီးသြားရာသီမွာျဖစ္တတ္တဲ့ ေရာဂါေလးေတြနဲ႔အတူ ေဆာင္သြားသင့္တဲ့ေဆးေတြကိုပါ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ရာသီအကူးအေျပာင္းေၾကာင့္ ဖ်ားနာတာေတြ။

ဒါေၾကာင့္ ခရီးသြားရင္ သြားမယ့္ေနရာနဲ႔ သင့္ေတာ္တဲ့ အေႏြးထည္၊ အက်ႌေတြ ယူသြားပါ။

အဖ်ားက်ေဆး၊ အကိုက္အခဲေပ်ာက္ေဆး ပါရာစီတေမာ၊ ႏွာေခ် ႏွာမႊန္ ေပ်ာက္ေဆး၊ ေခ်ာင္းဆိုးေပ်ာက္ေဆး တို႔လည္းေဆာင္သြားပါ။ ဒါေတြဟာ အိမ္သုံးေဆးဝါးေတြပဲျဖစ္တဲ့အတြက္ ေဆးဆိုင္မွာလည္း အလြယ္တကူ ဝယ္လို႔ရပါတယ္ေနာ္။

၂။ ကားမူးတတ္တဲ့သူေတြအတြက္။

ကားစီးရင္ ကားမူးတတ္တဲ့သူေတြအတြက္လည္း dimenhydranite ပါဝင္တဲ့ ကားမူူးေပ်ာက္ေဆးကို ကားေပၚမတက္ခင္တည္းက ႀကိဳေသာက္ထားသင့္ပါတယ္။

၃။ အစားအေသာက္မတည့္၊ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တတ္ပါတယ္။

ခရီးသြားရင္း ေဒသစာေတြကို မဆင္မျခင္စားမိတဲ့အခါက်ရင္ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တတ္ပါတယ္။ ဒါအတြက္ ဓာတ္ဆားထုတ္ေလးေတြနဲ႔ ဝမ္းပိတ္ေဆး (loperamide) ကို ေဆာင္သြားပါ။ လက္ေဆးဖို႔ အဆင္မေျပတဲ့အေျခအေနေတြအတြက္လည္း ေရမလိုလက္သန႔္ေဆးရည္ကိုပါေဆာင္သြားရင္ေတာ့ အေကာင္းဆုံးေပါ့။

အစာမတည့္ဘဲ ယားယံတာေတြျဖစ္ႏိုင္တဲ့အတြက္ ဓာတ္မတည့္ရင္ေသာက္တဲ့ေဆးျဖစ္တဲ့ antihistamine ပါတဲ့ေဆးေတြကိုလည္း လိုရမယ္ရ ေဆာင္သြားသင့္ပါတယ္။

အစာအိမ္နာ၊ အစာမေၾက၊ ေလထိုးေလေအာင့္ျဖစ္တတ္တဲ့သူေတြကလည္း အစာေၾကေဆး၊ ေလေဆး၊ အစာအိမ္နာေပ်ာက္ေဆး (antacid) ေတြကိုေဆာင္သြားဖို႔ မေမ့ပါနဲ႔ဦး။

၄။ အေကာင္ပေလာင္ေတြအကိုက္ခံရတာ။

ေတာတြင္း ေတာင္တြင္း လမ္းေလွ်ာက္တာ၊ ေတာင္တက္တာတို႔အတြက္ဆိုရင္ေတာ့ ျခင္မကိုက္ေဆး၊ အေကာင္ကိုက္ခံရတာ၊ ပ်ားတုပ္ခံရတာတို႔အတြက္ calamine လိုရွင္းကို ေဆာင္သြားသင့္ပါတယ္။

၅။ ေခ်ာ္လဲ၊ ထိမိခိုက္မိတာေတြအတြက္။

ခရီးသြားရင္း ေခ်ာ္လဲတာ၊ အေသးစား ျခစ္ရာ၊ ပြန္းပဲ့ရာ ေတြအတြက္ betadine ပိုးသတ္ေဆးရည္၊ အနာကဒ္ပလာစတာ၊ အရက္ျပန္၊ ဂြမ္းတို႔ကိုလည္း သယ္သြားသင့္ပါတယ္။

၆။ ပုံမွန္ေသာက္ေနက်ေဆးေတြ။

ဆီးခ်ိဳ၊ ေသြးတိုးေရာဂါျဖစ္ေနသူေတြအတြက္ ကိုယ္ေသာက္ေနက်ေဆးေတြကိုလည္း ကိုယ္ေရာက္ေနတဲ့ခရီးမွာ ဝယ္လို႔မရတာေတြလည္းျဖစ္ႏိုင္ပါတယ္။ ဒီလိုနာတာရွည္ေရာဂါေတြဟာ ေဆးနဲ႔ထိန္းထားရတာျဖစ္တဲ့အတြက္ ခရီးသြားမယ့္ရက္ကို ႀကိဳတြက္ၿပီး ေဆးကဒ္ေတြ ႀကိဳဝယ္ႀကိဳေဆာင္ထားသင့္ပါတယ္။

ကိုယ္ဝန္တားေဆးေသာက္ေနတဲ့ မိန္းကေလးေတြကလည္း ခရီးသြားခ်ိန္မွာ ေသာက္ေနက်ေဆးကဒ္ကို မျပတ္ေစဖို႔သတိထားပါ။ သုံးလခံထိုးေဆးထိုးတဲ့သူေတြဆိုလည္း ထိုးရမယ့္ရက္ေရာက္ခါနီးၿပီးဆိုရင္ ႀကိဳထိုးသြားသင့္ပါတယ္။

ရာသီလာခါနီး သို႔မဟုတ္ ရာသီလာေနတဲ့အခ်ိန္ ခရီးသြားမယ္ဆိုရင္ ဗိုက္ေအာင့္တာသက္သာေစမယ့္ အကိုက္အခဲေပ်ာက္ေဆး၊ အားေဆး၊ လစဥ္သုံးပစၥည္း (Sanitary napkins, tampons) ေတြကို အလုံအေလာက္ယူသြားဖို႔လည္း မေမ့ပါနဲ႔ဦး။

၇။ တျခားတစ္ကိုယ္ေရ သန႔္ရွင္းေရး၊ အလွအပအတြက္။

ေနပူတဲ့ေနရာေတြ ဥပမာ ကမ္းေျခကို သြားမယ္ဆိုရင္ေတာ့ ေနေရာင္ကာေဆး (sunscreen) ကို အဓိကယူသြားသင့္ပါတယ္။ ေနေလာင္သြားခဲ့ရင္လည္း လိမ္းဖို႔အတြက္ ရွားေစာင္လက္ပတ္ ဂ်ယ္လ္ (Aloe vera Gel) ကိုလည္း ထည့္သြားပါ။

ခံတြင္းသန႔္ရွင္းၿပီး အနံ႔ဆိုးေတြမထြက္ဖို႔လည္း ခံတြင္းသန႔္စင္ေဆးရည္တို႔ကိုလည္း ေဆာင္ထားပါ။

မိန္းကေလးေတြအေနနဲ႔ ခရီးသြားေနရင္း အျဖဴဆင္းတာေတြ၊ အနံ႔ဆိုးထြက္တာေတြျဖစ္ႏိုင္တဲ့အတြက္ အမ်ိဳးသမီးသန႔္စင္ေဆးရည္ကိုလည္း ယူသြားၾကဦးေနာ္။

ကဲ ဒီေလာက္ဆိုရင္ေတာ့ ခရီးသြားရင္း ျဖစ္တတ္တာေတြ၊ ေဆာင္သြားရမယ့္ ေဆးေတြ၊ ပစၥည္းေတြအေၾကာင္းစုံသြားၿပီထင္ပါတယ္ေနာ္။ ခုလို ပိတ္ရက္ရွည္ေတြမ်ားတဲ့ ခရီးသြားရာသီမွာ က်န္းက်န္းမာမာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ခရီးသြားႏိုင္ဖို႔အတြက္ ဒီေဆာင္ပါးေလးကို ေဝမွ်လိုက္ရပါတယ္။

ေရးသားသူ Dr. Yee Mon Lwin
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Credit : Helo syayawon

Unicode ဖြင့်ဖတ်ရန်

ခရီးသွားရင် ဘာဆေးတွေဆောင်သွားကြမလဲ။

ခရီးသွားရင် ဘာဆေးတွေဆောင်သွားကြမလဲ။
မိုးတွေလည်းစဲ၊ ရုံးတွေကျောင်းတွေကလည်းပိတ်ပြီ ဆိုတော့ အားလုံး ခရီးသွားဖို့ပြင်ဆင်နေကြပြီ ထင်ပါတယ်နော်။ ခရီးမသွားခင်၊ ဒါမှမဟုတ် သွားနေရင်း ဖျားနာတာတွေဖြစ်ပြီး မပျော်လိုက်ရတာတွေမဖြစ်စေဖို့ ခရီးသွားရာသီမှာဖြစ်တတ်တဲ့ ရောဂါလေးတွေနဲ့အတူ ဆောင်သွားသင့်တဲ့ဆေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။

၁။ ရာသီအကူးအပြောင်းကြောင့် ဖျားနာတာတွေ။

ဒါကြောင့် ခရီးသွားရင် သွားမယ့်နေရာနဲ့ သင့်တော်တဲ့ အနွေးထည်၊ အင်္ကျီတွေ ယူသွားပါ။

အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး ပါရာစီတမော၊ နှာချေ နှာမွှန် ပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး တို့လည်းဆောင်သွားပါ။ ဒါတွေဟာ အိမ်သုံးဆေးဝါးတွေပဲဖြစ်တဲ့အတွက် ဆေးဆိုင်မှာလည်း အလွယ်တကူ ဝယ်လို့ရပါတယ်နော်။

၂။ ကားမူးတတ်တဲ့သူတွေအတွက်။

ကားစီးရင် ကားမူးတတ်တဲ့သူတွေအတွက်လည်း dimenhydranite ပါဝင်တဲ့ ကားမူူးပျောက်ဆေးကို ကားပေါ်မတက်ခင်တည်းက ကြိုသောက်ထားသင့်ပါတယ်။

၃။ အစားအသောက်မတည့်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။

ခရီးသွားရင်း ဒေသစာတွေကို မဆင်မခြင်စားမိတဲ့အခါကျရင် ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။ ဒါအတွက် ဓာတ်ဆားထုတ်လေးတွေနဲ့ ဝမ်းပိတ်ဆေး (loperamide) ကို ဆောင်သွားပါ။ လက်ဆေးဖို့ အဆင်မပြေတဲ့အခြေအနေတွေအတွက်လည်း ရေမလိုလက်သန့်ဆေးရည်ကိုပါဆောင်သွားရင်တော့ အကောင်းဆုံးပေါ့။

အစာမတည့်ဘဲ ယားယံတာတွေဖြစ်နိုင်တဲ့အတွက် ဓာတ်မတည့်ရင်သောက်တဲ့ဆေးဖြစ်တဲ့ antihistamine ပါတဲ့ဆေးတွေကိုလည်း လိုရမယ်ရ ဆောင်သွားသင့်ပါတယ်။

အစာအိမ်နာ၊ အစာမကြေ၊ လေထိုးလေအောင့်ဖြစ်တတ်တဲ့သူတွေကလည်း အစာကြေဆေး၊ လေဆေး၊ အစာအိမ်နာပျောက်ဆေး (antacid) တွေကိုဆောင်သွားဖို့ မမေ့ပါနဲ့ဦး။

၄။ အကောင်ပလောင်တွေအကိုက်ခံရတာ။

တောတွင်း တောင်တွင်း လမ်းလျှောက်တာ၊ တောင်တက်တာတို့အတွက်ဆိုရင်တော့ ခြင်မကိုက်ဆေး၊ အကောင်ကိုက်ခံရတာ၊ ပျားတုပ်ခံရတာတို့အတွက် calamine လိုရှင်းကို ဆောင်သွားသင့်ပါတယ်။

၅။ ချော်လဲ၊ ထိမိခိုက်မိတာတွေအတွက်။

ခရီးသွားရင်း ချော်လဲတာ၊ အသေးစား ခြစ်ရာ၊ ပွန်းပဲ့ရာ တွေအတွက် betadine ပိုးသတ်ဆေးရည်၊ အနာကဒ်ပလာစတာ၊ အရက်ပြန်၊ ဂွမ်းတို့ကိုလည်း သယ်သွားသင့်ပါတယ်။

၆။ ပုံမှန်သောက်နေကျဆေးတွေ။

ဆီးချို၊ သွေးတိုးရောဂါဖြစ်နေသူတွေအတွက် ကိုယ်သောက်နေကျဆေးတွေကိုလည်း ကိုယ်ရောက်နေတဲ့ခရီးမှာ ဝယ်လို့မရတာတွေလည်းဖြစ်နိုင်ပါတယ်။ ဒီလိုနာတာရှည်ရောဂါတွေဟာ ဆေးနဲ့ထိန်းထားရတာဖြစ်တဲ့အတွက် ခရီးသွားမယ့်ရက်ကို ကြိုတွက်ပြီး ဆေးကဒ်တွေ ကြိုဝယ်ကြိုဆောင်ထားသင့်ပါတယ်။

ကိုယ်ဝန်တားဆေးသောက်နေတဲ့ မိန်းကလေးတွေကလည်း ခရီးသွားချိန်မှာ သောက်နေကျဆေးကဒ်ကို မပြတ်စေဖို့သတိထားပါ။ သုံးလခံထိုးဆေးထိုးတဲ့သူတွေဆိုလည်း ထိုးရမယ့်ရက်ရောက်ခါနီးပြီးဆိုရင် ကြိုထိုးသွားသင့်ပါတယ်။

ရာသီလာခါနီး သို့မဟုတ် ရာသီလာနေတဲ့အချိန် ခရီးသွားမယ်ဆိုရင် ဗိုက်အောင့်တာသက်သာစေမယ့် အကိုက်အခဲပျောက်ဆေး၊ အားဆေး၊ လစဉ်သုံးပစ္စည်း (Sanitary napkins, tampons) တွေကို အလုံအလောက်ယူသွားဖို့လည်း မမေ့ပါနဲ့ဦး။

၇။ တခြားတစ်ကိုယ်ရေ သန့်ရှင်းရေး၊ အလှအပအတွက်။

နေပူတဲ့နေရာတွေ ဥပမာ ကမ်းခြေကို သွားမယ်ဆိုရင်တော့ နေရောင်ကာဆေး (sunscreen) ကို အဓိကယူသွားသင့်ပါတယ်။ နေလောင်သွားခဲ့ရင်လည်း လိမ်းဖို့အတွက် ရှားစောင်လက်ပတ် ဂျယ်လ် (Aloe vera Gel) ကိုလည်း ထည့်သွားပါ။

ခံတွင်းသန့်ရှင်းပြီး အနံ့ဆိုးတွေမထွက်ဖို့လည်း ခံတွင်းသန့်စင်ဆေးရည်တို့ကိုလည်း ဆောင်ထားပါ။

မိန်းကလေးတွေအနေနဲ့ ခရီးသွားနေရင်း အဖြူဆင်းတာတွေ၊ အနံ့ဆိုးထွက်တာတွေဖြစ်နိုင်တဲ့အတွက် အမျိုးသမီးသန့်စင်ဆေးရည်ကိုလည်း ယူသွားကြဦးနော်။

ကဲ ဒီလောက်ဆိုရင်တော့ ခရီးသွားရင်း ဖြစ်တတ်တာတွေ၊ ဆောင်သွားရမယ့် ဆေးတွေ၊ ပစ္စည်းတွေအကြောင်းစုံသွားပြီထင်ပါတယ်နော်။ ခုလို ပိတ်ရက်ရှည်တွေများတဲ့ ခရီးသွားရာသီမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးသွားနိုင်ဖို့အတွက် ဒီဆောင်ပါးလေးကို ဝေမျှလိုက်ရပါတယ်။

ရေးသားသူ Dr. Yee Mon Lwin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Credit : Helo syayawon

LEAVE A REPLY