Zawgyi ဖြင့်ဖတ်ရန်







Unicode ဖြင့်ဖတ်ရန်

မြန်မာဘောလုံးသမားတွေကို သတိပေး‌ ဝေဖန်ခဲ့တဲ့ ဦးဇော်ဇော်

မြန်မာ့လက်ရွေးစင် ဘောလုံးသမားတွေဟာ လက်ရှိအနေ အထားမှာ စိတ်ဓာတ်ပိုင်းဆိုင် ရာအနိမ့်ဆုံးဖြစ်နေတဲ့အကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှပြောကြားခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်း ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေ စစ်ပွဲတွင် အုပ်စုပွဲစဉ်သုံးပွဲ ကစား ပြီး သုံးပွဲစလုံးရှုံးနိမ့်ကာရလဒ်များကလည်း ဆိုးရွားခဲ့ပါတယ်။ ဒါ့အပြင် ခြေစစ်ပွဲအုပ်စု တတိယပွဲအဖြစ် ကာဂျစ္စတန်အသင်းကို အဝေးကွင်မှာ ၇-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်သည့်ပွဲမှာလည်း မြန်မာကစားသမားများရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်များက ဝေဖန်ခဲ့ပါတယ်။

ဒီလိုရလဒ်ဆိုးတွေနဲ့ ပတ်သက်ပြီး ဦးဇော်ဇော်က ‘‘လတ်တလောမှာ မြန်မာ့ ဘောလုံးကရလဒ်တွေ ဆိုးရွားနေ တာဖြစ်နေတယ်။ အမှန်အတိုင်း ပြောရရင် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အနိမ့်ဆုံး အခြေအနေဖြစ်နေတယ်။ နိုင်ငံ အတွက် ပေးဆပ်လိုစိတ် နည်းပါး နေတယ်’’ လို့ အောက်တိုဘာ (၁၇) ရက်က ပြုလုပ်တဲ့လက်ရွေး စင်ဟောင်းများ ဝါကျွတ်ကန် တော့ပွဲမှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စပွန်ဆာကုမ္ပဏီအချို့ရဲ့ ထောက်ပံ့မှုနဲ့ပတ်သက်တဲ့ အခက်အခဲတွေရင်ဆိုင်နေရကြောင်းကိုလည်း ဦးဇော်ဇော်က ဆက်လက် ပြောကြားခဲ့ပါတယ်။ ‘‘မြန်မာ့ဘောလုံး ရလဒ် ဆိုးတာနဲ့အညီ ခုနလေးတင် ကျွန်တော့်ဆီကို စပွန်ဆာပေးတဲ့ ကုမ္ပဏီတစ်ခုက သူ့အနေနဲ့ဆက် မပေးနိုင်တဲ့အကြောင်းနဲ့ အရင်ထက် လျှော့ပေးမှ ရမယ်ဆိုတဲ့အ ကြောင်း ဖုန်းဆက်လာပါတယ်။ ဒါပေမဲ့ ရတဲ့အားနဲ့ကျွန်တော် တို့ဆက်သွားမှာပါ။ လတ်တ လောမှာ မြန်မာ့ဘောလုံးကရလဒ် ဆိုးရွားတဲ့အတွက်ကြောင့် သမိုင်း ကြောင်းကောင်းခဲ့တဲ့ ဆရာတို့ ကို တောင်းပန် ပါတယ်။

တာဝန်အရှိဆုံးက ကျွန်တော်ပါပဲ။ ကျွန်တော်အ တတ်အနိုင်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက် ပါ့မယ်’’ လို့လဲ ဥက္ကဌက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး မြန်မာ့လက်ရွေးစင် ကစားသမား များအနေနဲ့ တိုင်းပြည်အ တွက် အကောင်းဆုံးပေးဆပ်ပြီး အားသွန်ခွန်စိုက် ကစားစေလို ကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်။

share from : /burmese.asia

LEAVE A REPLY