Zawgyi ျဖင့္ဖတ္ရန္

ဇနီးေမာင္ႏွံေပါင္းသင္းခ်ိန္ ႐ိုက္ကူးထားေသာ အတူေနသည့္ (ကာမဆက္ဆံသည့္) ဗီဒီယို ေဖ့စ္ဘြတ္ခ္ေပၚတင္သူ ခင္ပြန္းေဟာင္းကို ဇနီးေဟာင္းက ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ ေအာက္တိုဘာ ၁၄ ရက္က အမႈဖြင့္တိုင္ၾကားခဲ့ေၾကာင္း ကၫြတ္ကြင္း နယ္ေျမရဲစခန္းထံမွ သိရသည္။

ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ ဝဲႀကီး႐ြာေန အမ်ိဳးသမီးတစ္ဦးက ျဖဴးၿမိဳ႕နယ္၊ ကၫြတ္ကြင္းၿမိဳ႕နယ္ေန ကိုဘိုဘိုလတ္ဆိုသူႏွင့္ ႏွစ္ဦးသေဘာတူ လက္ထပ္ေပါင္းသင္းခဲ့ၿပီးေနာက္ သေဘာထားမတိုက္ဆိုင္၍ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလအတြင္းက သေဘာတူ ကြာရွင္းျပတ္ဆဲခဲ့ျခင္းျဖစ္ေၾကာင္း ယင္းရဲစခန္းထံမွ သိရသည္။

၎တို႔ အတူေန (ကာမဆက္ဆံ) စဥ္ ႐ိုက္ထားသည့္ ဗီဒီယိုကို ဘိုဘိုလတ္အမည္ျဖင့္ ေဖ့စ္ဘြတ္ခ္သုံးသူက ၎၏အေကာင့္တြင္ တင္ထားသည္ကို ေတြ႕ရသျဖင့္ ကၫြတ္ကြင္းနယ္ေျမရဲစခန္းသို႔ လာေရာက္အမႈဖြင့္ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ယင္းရဲစခန္းထံမွ သိရသည္။

ကၫြတ္ကြင္းနယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက “အမႈဖြင့္ တိုင္ၾကားခံရသူကို ေခၚယူစစ္ေဆးဖို႔ လုပ္ေနပါတယ္။ လက္ကိုင္ဖုန္းကို သိမ္းဆည္းထားၿပီးျဖစ္ေပမယ့္ ေဖ့စ္ဘြတ္ခ္ေပၚ ဘယ္ေန႔က တင္တယ္ဆိုတာ တိုင္ၾကားစာမွာ မပါရွိေသးပါဘူး”ဟု ေျပာၾကားသည္။

အမႈႏွင့္ပတ္သက္ၿပီး ဘိုဘိုလတ္အေကာင့္အသုံးျပဳသည္ဆိုေသာ ကိုဘိုဘိုလတ္ဆိုသူကို ကၫြတ္ကြင္းနယ္ေျမရဲစခန္းတြင္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ အမႈဖြင့္ထားေၾကာင္း ယင္းရဲစခန္းထံမွ သိရသည္။

( ယခုေဖာ္ျပပါသတင္းကို The Voice Daily ထံမွ တရားဝင္ဝယ္ယူၿပီး ေဖာ္ျပပါသည္ )

Unicode ဖြင့်ဖတ်ရန်

အတူနေသည့်ဗီဒီယို ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ ခင်ပွန်းဟောင်းကို ၆၆ (ဃ) ဖြင့် အမှုဖွင့်

ဇနီးမောင်နှံပေါင်းသင်းချိန် ရိုက်ကူးထားသော အတူနေသည့် (ကာမဆက်ဆံသည့်) ဗီဒီယို ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ ခင်ပွန်းဟောင်းကို ဇနီးဟောင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အောက်တိုဘာ ၁၄ ရက်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ကညွတ်ကွင်း နယ်မြေရဲစခန်းထံမှ သိရသည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဝဲကြီးရွာနေ အမျိုးသမီးတစ်ဦးက ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နယ်နေ ကိုဘိုဘိုလတ်ဆိုသူနှင့် နှစ်ဦးသဘောတူ လက်ထပ်ပေါင်းသင်းခဲ့ပြီးနောက် သဘောထားမတိုက်ဆိုင်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သဘောတူ ကွာရှင်းပြတ်ဆဲခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

၎င်းတို့ အတူနေ (ကာမဆက်ဆံ) စဉ် ရိုက်ထားသည့် ဗီဒီယိုကို ဘိုဘိုလတ်အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးသူက ၎င်း၏အကောင့်တွင် တင်ထားသည်ကို တွေ့ရသဖြင့် ကညွတ်ကွင်းနယ်မြေရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ကညွတ်ကွင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက “အမှုဖွင့် တိုင်ကြားခံရသူကို ခေါ်ယူစစ်ဆေးဖို့ လုပ်နေပါတယ်။ လက်ကိုင်ဖုန်းကို သိမ်းဆည်းထားပြီးဖြစ်ပေမယ့် ဖေ့စ်ဘွတ်ခ်ပေါ် ဘယ်နေ့က တင်တယ်ဆိုတာ တိုင်ကြားစာမှာ မပါရှိသေးပါဘူး”ဟု ပြောကြားသည်။

အမှုနှင့်ပတ်သက်ပြီး ဘိုဘိုလတ်အကောင့်အသုံးပြုသည်ဆိုသော ကိုဘိုဘိုလတ်ဆိုသူကို ကညွတ်ကွင်းနယ်မြေရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

( ယခုဖော်ပြပါသတင်းကို The Voice Daily ထံမှ တရားဝင်ဝယ်ယူပြီး ဖော်ပြပါသည် )

LEAVE A REPLY