Zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

စွပ်စွဲခံရသူအောင်ကြီး ၏အာမခံ အခြေအနေနှင့်Victoria အမှု ယနေ့ရုံးချိန်းနောက်ဆုံးရသတင်းများ

နေပြည်တော်က Wisdom Hill ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားအမည်ရှိတဲ့ ကလေးမလေးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်ပွားခဲ့တာဟာဆိုရင် အခုချိန်ထိ အမှုမှန်မပေါ်နိုင်ပဲ ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။ ကနဦး မှာတော့ ကားမောင်းသူ အောင်ကြီး ကျူးလွန်တယ်လို့ သမ္မတရုံးမှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးတော့ အမှုချိန်း (၆) ကြိမ်မြောက်မှာတော့ ကျူးလွန်ခံရသူ ဗစ်တိုးရီးယားလေးက သူမကို ကိုကိုအငယ်နဲ့ ကိုကိုအကြီး က လုပ်တာဖြစ်ပြီးတော့ ဆရာမနှင်းနုလည်း သိတယ်လို့
ယခင်အတိုင်း ထွက်ဆိုလိုက်တာကြောင့် အမှုက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားသလိုဖြစ်နေခဲ့ပါပြီ။

ဒါပေမယ့် ယနေ့တိုင် ကိုကိုအငယ်နဲ့ ကိုကိုအကြီးတို့ နှင်းနုတို့ကိုတော့ တရားခွင်မှာ စစ်ဆေးတာမျိုး မရှိသေးပဲ အသက်အရွယ်မပြည့်သေးသူတွေဖြစ် တာကြောင်လို့ ဆိုေ ပမယ့် အသက် (၃) နှစ်အရွယ် ဗစ်တိုးရီးယားလေးကိုတော့ တရားခွင်မှာ စစ်ဆေး တာ တွေလုပ်နေတာကြောင့် မြန်မာ့တရားစီရင်ရေး ဟာလည်း အံ့သြစရာ အဖြစ်တွေ ကို ပြုလုပ်ပြနေတာလားလို့ အများပြည်သူက မေးခွန်းထုတ်နေကြပါတယ်။

အမှုဟာ တစ်ဖြေးဖြေး ရှုပ်ထွေးလာပြန်ပါပြီ ။ ဘာကြောင့်လဲ ဆိုတော့ မူလ အမှုက သွေဖီလာပြီတော့ အကျိုးဆောင်တဲ့ ရှေ့နေတွေကိုပါ ဒေါ်ဥမ္မာလှိုင်က တရားစွဲဆိုလိုက်တာကြောင့် အမှုဟာ ပိုမိုရှုပ်ထွေးလာခဲ့တာဖြစ်ပါတယ်။ ဒီနေ့ (၈) ကြိမ်မြောက်ရုံးချိန်းမှာတော့ တရားခံလို့ စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးကို အာမခံတင်ပြခဲ့ရာမှာ တစ်ဖက်က ဥပဒေအရာရှိက ကန့်ကွက်မှုတွေ ရှိနေတာကြောင့်လည်း လျှောက်လွှဲချက်ကို တင်ထားပြီးတော့ လာမည့်နောက်တစ်ကြိမ်ရုံးချိန်းကြမှသာအာမခံ ရမရ သိရမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Writer- SMT(Shwe Yaung Lan)

LEAVE A REPLY