Zawgyi ဖြင့်ဖတ်ရန်


 

 


 



Unicode ဖြင့်ဖတ်ရန်

နှစ် ၄၀ ကျော်ကြာသည့်တိုင် အမေရိကရဲ့ အဆိပ်ကို အလူးခံစားနေရဆဲဖြစ်တဲ့ vietnam

ဝိသမလောဘတွေ အငြင်းပွားမှုတွေ အယူအဆကွဲလွဲမှုတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့စစ်ပွဲတွေဟာ ပြီးဆုံးသွားပြီးနောက်ပိုင်းမှာလည်း လူတွေကို မကောင်းတဲ့ထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။အမေရိကန် ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တို့ အသုံးပြုခဲ့တဲ့အဆိပ်ကြောင့် ယနေ့ခေတ် မျိုးဆက်သစ်တွေအထိ ဒီစစ်ရဲ့ ဆိုးပြစ်တွေကို ခံစားနေရတာတော့ စိတ်မကောင်းစရာပါပဲ။

၁၉၆၁ ကနေ၁၉၇၁အတွင်းမှာ စစ်ဖြစ်စဉ် အမေရိကန်တို့ အသုံးပြုခဲ့တဲ့ Agent Orange လို့အမည်ရတဲ့ သစ်တောပြုန်းတီးစေနိုင်တဲ့အဆိပ်ကြောင့် ထိုဒေသကလူများကို ထိခိုက်စေခဲ့ပြီး သားသမီးတွေအထိ ကိုယ်အင်္ဂါမသန်စွမ်းခြင်းနဲ့ ဖွံဖြိုးမှုအားနည်းတဲ့ဝေဒနာကို ခံစားနေကြရတာပါ။

ဗီယက်နမ်စစ်ပွဲတုန်းက Agent orange အဖျန်းခံရတဲ့ ဒေသမှာတာဝန်ထမ်းဆောင်ခဲ့ရသူကတော့ သူ့ကြောင့် သူ့ကလေး၂ဦးဟာ cerebral palsy လို့အမည်ရတဲ့ ဦးနှောက်နဲ့ဆိုင်တဲ့ ဝေဒနာကိုခံစားနေရပြီး အိပ်တာ စားတာကအစ ဘယ်အရာမဆို သူတို့ဘာသာ မလုပ်နိုင်ဘူး လို့ ဆိုပါတယ်။

Writer – LLA ( Shwe Yaung Lan )

LEAVE A REPLY