Zawgyi ျဖင့္ဖတ္ရန္

ပရဟိတအလုပ္ေတြကို အားႀကိဳးမာန္တက္ လုပ္ကိုင္ေလ့ရွိတဲ့ ေဝဠဳေက်ာ္ကေတာ့ က်န္းမာေရးအေျခအေန အရေရာ အသက္အ႐ြယ္အရပါ လူငယ္ေတြနဲ႔ ယွဥ္ၿပီးေတာ့ မလုပ္ႏိုင္ေတာ့ဘူးလို႔ ဆိုပါတယ္။ ကယ္ဆယ္ေရးလုပ္ငန္းေတြလုပ္တဲ့အခ်ိန္ေတြမွာ ဓာတ္ပုံပဲ ႐ိုက္ၿပီး ျပန္သြားတယ္ဆိုတဲ့ ေဝဖန္သံေတြနဲ႔ ပတ္သက္ၿပီး ေဝဠဳေက်ာ္က ျပန္ေျဖရွင္းခဲ့တာ ျဖစ္ပါတယ္။ က်န္းမာေရး အေျခအေနအရ ေနမေကာင္းတဲ့ အခ်ိန္ေတြရွိခဲ့သလို ေနေကာင္းခဲ့ရင္ေတာင္မွ လူငယ္ေတြနဲ႔ ယွဥ္ၿပီး အားသြန္စိုက္ မလုပ္ႏိုင္ေတာ့ဘူးလို႔ သူက ဆိုပါတယ္။

“လူငယ္ေတြနဲ႔ယွဥ္ၿပီး မလုပ္ႏိုင္ေတာ့ဘူး ။ ဒီႏွစ္ထဲမွာ ကြၽန္ေတာ္အရမ္းအေျပာခံရတယ္။ ၾကည့္ယုံပဲ ရပ္ၾကည့္တယ္။ ဓာတ္ပုံ႐ိုက္ၿပီး ျပန္သြားတယ္ေပ့ါ။ ကြၽန္ေတာ္အဲ့ေန႔က တကယ္ေနမေကာင္းတာပါ။ ေနေကာင္း ရင္ေတာင္မွ ကြၽန္ေတာ္ လူငယ္ေတြနဲ႔ယွဥ္ၿပီး မလုပ္ႏိုင္ေတာ့ပါဘူး။ ကြၽန္ေတာ့္အသက္(၄၈) ရွိပါၿပီ ကြၽန္ေတာ္ အသက္(၂၀) က အိမ္ေထာင္က်ခဲ့မယ္ဆိုရင္အသက္ (၂၈)ႏွစ္ကေလးေတြက ကကြၽန္ေတာ့္ သားေလာက္ ျဖစ္ေနၿပီ။ ကြၽန္ေတာ္ဒီကေလးေတြနဲ႔ေတာ့ ယွဥ္ၿပီး ဘယ္လုပ္ႏိုင္ပါေတာ့မလဲ” ဆိုၿပီး ေအာက္တိုဘာ(၁၃) ရက္ေန႔က ျပဳလုပ္တဲ့ ႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲမွာ မီဒီယာေတြကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ကေတာ့ ကယ္ဆယ္ေရးုလုပ္ငန္းေတြမွာ တတ္ကြၽမ္းထားတဲ့ ကယ္ဆယ္ေရးပညာေတြနဲ႔ပဲ ဆက္လက္ လုပ္ကိုင္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီႏွစ္မွာေတာင္ က်န္းမာေရးအေျခအေနအရ ပရဟိတအလုပ္ေတြ လုပ္ရတာ နည္းနည္းအားေလ်ာ့လာၿပီလို႔ သူက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က တတ္ကြၽမ္းထားတဲ့ ကယ္ဆယ္ေရး ပညာေတြ။ ၾကက္ေျခနီမွာ နည္းျပတစ္ေယာက္ ျဖစ္သလို ေရျပင္အသက္ကယ္၊ ေရေအာက္အသက္ကယ္ ကြၽန္ေတာ္တတ္ထားၿပီးသားပါ။ ကြၽန္ေတာ္ အဲ့အတတ္ ပညာေတြနဲ႔ပဲ ကြၽန္ေတာ္လုပ္ႏိုင္ေနတာပါ။ တကယ္ခြန္အားစိုက္ဆိုရင္ ေနာက္ေနာင္ ႏွစ္ေတြမွာ ပိုဆိုးေတာ့မွာပါ။ အခုႏွစ္ေတာင္မွ က်န္းမာေရးအရေရာဘာေရာ နည္းနည္းေလ်ာ့လာၿပီ။ ကမန္ေတာ္တို႔ထက္ ေတာ္တဲ့ ညီငယ္ညီမငယ္ေတြအမ်ားႀကီးေပၚလာပါၿပီ။ သူတို႔လုပ္ပါလိမ့္မယ္။ ကြၽန္ေတာ္ေတာ့ ႏိုင္သေလာက္ပဲ လုပ္ႏိုင္ေတာ့မွာပါ “ လို႔ သူက ဆိုပါတယ္။

ေဝဠဳေက်ာ္ဟာ ပရိသတ္ေတြ ေလးစားအားက်ရတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ဟာ ၂၀၀၉ခုႏွစ္ကစၿပီး လူမႈ အက်ိဳးျပဳအလုပ္ေတြကို လုပ္ကိုင္ဖို႔ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို စၿပီး တည္ေထာင္ျဖစ္ခဲ့တာပါ။ ေဝဠဳေက်ာ္က အႏုပညာအလုပ္ေတြ သာမက ပရဟိတအလုပ္ေတြကိုပါ အားတတ္သေရာ ပါဝင္လႈပ္ရွားေနသူ တစ္ဦး ျဖစ္ပါတယ္။

သူဟာ သ႐ုပ္ေဆာင္နဲ႔ပတ္သက္ၿပီး ကြယ္လြန္သြားၿပီျဖစ္တဲ့ ကိုေအာင္ေဇာ္ ကို သတိရတဲ့အေနနဲ႔ ‘’မႏုစာရီ’’႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ဆိုပါတယ္။ ဒီဇာတ္ကားမွာေတာ့ ေဝဠဳေက်ာ္ကို ေအာင္ထြန္း ဆိုတဲ့ ကာ႐ိုက္တာနဲ႔ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ အႏုပညာေလာကသား အခ်င္းခ်င္း႐ိုင္းပင္းကူညီတဲ့ စိတ္နဲ႔ ပါဝင္သ႐ုပ္ေဆာင္တာျဖစ္တယ္လို႔ သိရပါတယ္။

share from : /burmese.asia

Unicode ဖြင့်ဖတ်ရန်

ကယ်ဆယ်ရေးတွေမှာ ဓာတ်ပုံပဲ ရိုက်ပြီး ပြန်သွားတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ပြန်ဖြေရှင်းလိုက်တဲ့ ဝေဠုကျော်

 

ပရဟိတအလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင်လေ့ရှိတဲ့ ဝေဠုကျော်ကတော့ ကျန်းမာရေးအခြေအနေ အရရော အသက်အရွယ်အရပါ လူငယ်တွေနဲ့ ယှဉ်ပြီးတော့ မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တဲ့အချိန်တွေမှာ ဓာတ်ပုံပဲ ရိုက်ပြီး ပြန်သွားတယ်ဆိုတဲ့ ဝေဖန်သံတွေနဲ့ ပတ်သက်ပြီး ဝေဠုကျော်က ပြန်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေး အခြေအနေအရ နေမကောင်းတဲ့ အချိန်တွေရှိခဲ့သလို နေကောင်းခဲ့ရင်တောင်မှ လူငယ်တွေနဲ့ ယှဉ်ပြီး အားသွန်စိုက် မလုပ်နိုင်တော့ဘူးလို့ သူက ဆိုပါတယ်။

“လူငယ်တွေနဲ့ယှဉ်ပြီး မလုပ်နိုင်တော့ဘူး ။ ဒီနှစ်ထဲမှာ ကျွန်တော်အရမ်းအပြောခံရတယ်။ ကြည့်ယုံပဲ ရပ်ကြည့်တယ်။ ဓာတ်ပုံရိုက်ပြီး ပြန်သွားတယ်ပေ့ါ။ ကျွန်တော်အဲ့နေ့က တကယ်နေမကောင်းတာပါ။ နေကောင်း ရင်တောင်မှ ကျွန်တော် လူငယ်တွေနဲ့ယှဉ်ပြီး မလုပ်နိုင်တော့ပါဘူး။ ကျွန်တော့်အသက်(၄၈) ရှိပါပြီ ကျွန်တော် အသက်(၂၀) က အိမ်ထောင်ကျခဲ့မယ်ဆိုရင်အသက် (၂၈)နှစ်ကလေးတွေက ကကျွန်တော့် သားလောက် ဖြစ်နေပြီ။ ကျွန်တော်ဒီကလေးတွေနဲ့တော့ ယှဉ်ပြီး ဘယ်လုပ်နိုင်ပါတော့မလဲ” ဆိုပြီး အောက်တိုဘာ(၁၃) ရက်နေ့က ပြုလုပ်တဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ ကယ်ဆယ်ရေးုလုပ်ငန်းတွေမှာ တတ်ကျွမ်းထားတဲ့ ကယ်ဆယ်ရေးပညာတွေနဲ့ပဲ ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာတောင် ကျန်းမာရေးအခြေအနေအရ ပရဟိတအလုပ်တွေ လုပ်ရတာ နည်းနည်းအားလျော့လာပြီလို့ သူက ပြောပါတယ်။

“ကျွန်တော်တို့က တတ်ကျွမ်းထားတဲ့ ကယ်ဆယ်ရေး ပညာတွေ။ ကြက်ခြေနီမှာ နည်းပြတစ်ယောက် ဖြစ်သလို ရေပြင်အသက်ကယ်၊ ရေအောက်အသက်ကယ် ကျွန်တော်တတ်ထားပြီးသားပါ။ ကျွန်တော် အဲ့အတတ် ပညာတွေနဲ့ပဲ ကျွန်တော်လုပ်နိုင်နေတာပါ။ တကယ်ခွန်အားစိုက်ဆိုရင် နောက်နောင် နှစ်တွေမှာ ပိုဆိုးတော့မှာပါ။ အခုနှစ်တောင်မှ ကျန်းမာရေးအရရောဘာရော နည်းနည်းလျော့လာပြီ။ ကမန်တော်တို့ထက် တော်တဲ့ ညီငယ်ညီမငယ်တွေအများကြီးပေါ်လာပါပြီ။ သူတို့လုပ်ပါလိမ့်မယ်။ ကျွန်တော်တော့ နိုင်သလောက်ပဲ လုပ်နိုင်တော့မှာပါ “ လို့ သူက ဆိုပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

သူဟာ သရုပ်ဆောင်နဲ့ပတ်သက်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုအောင်ဇော် ကို သတိရတဲ့အနေနဲ့ ‘’မနုစာရီ’’ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားမှာတော့ ဝေဠုကျော်ကို အောင်ထွန်း ဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ အနုပညာလောကသား အချင်းချင်းရိုင်းပင်းကူညီတဲ့ စိတ်နဲ့ ပါဝင်သရုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

share from : /burmese.asia

LEAVE A REPLY