Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ကျွေးမွေးဧည့်ခံတာနဲ့ ပတ်သက်လို့ ဖိတ်စာထဲက သတိပေးချက်ကြောင့် နာမည်ကြီးနေခဲ့
ဘယ်မင်္ဂလာဧည့်ခံပွဲမှာမဆို ပွဲလာပေးတဲ့ဧည့်ပရိတ်သတ်တွေကို တစ်ခုခုတော့မင်္ဂလာမောင်နှံတို့ဖက်က တည်ခင်းရစမြဲပါ။ ဗိုက်ဝတဲ့အစားအသောက်တွေမဟုတ်ရင်တောင်မှပဲ လက်ဘက်ရည်တိုက်တာတို့၊ မုန့်ကလေးကျွေးတာတို့လောာက်တော့ လုပ်တတ်ကြတယ်မဟုတ်လား။ ဒါကြောင့်လည်း ဧည့်သည်တွေအနေနဲ့ မင်္ဂလာဆောင်တစ်ခုကိုသွားတော့မယ်ဆိုရင် သတို့သမီးဝတ်စုံနဲ့ တန်းတူစိတ်ဝင်စားတဲ့အရာဟာ ဘာကျွေးမှာလဲဆိုတာကိုပါပဲ။ ဒါပေမဲ့ Nigeria က စုံတွဲတစ်တွဲကတော့ ဒီထုံးတမ်းစဉ်လာကိုဖောက်ပျက်ခဲ့ပါတယ်။ Elite Readers မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
Adewale Yussuf နဲ့ Blessing Ijeoma တို့နှစ်ယောက်ဟာ သြဂုတ်လ ၁၇ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ကြပါပြီ။ ဒါပေမဲ့ အခုမှ သူတို့မင်္ဂလာဆောင်ဖိတ်စာလေးဟာ လူမှုကွန်ယက်မှာနာမည်ကြီးလာပါတော့တယ်။ အကြောင်းကတော့ ခေါင်းစဉ်မှာပြောထားတဲ့အတိုင်း မင်္ဂလာဆောင်ရဲ့ကျွေးမွေးဧည့်ခံမှုအတွက် သတိပေးစကားလေဖြစ်ပါတယ်တဲ့။
“No Reception” တဲ့။ ဆိုလိုတာ ဘာကျွေးမွေးဧည့်ခံမှုမှမရှိဘူးပေါ့။ ဒါဟာ မင်္ဂလာဆောင်လာမယ့် ဧည့်သည်အတွက်တော့ တော်တေ်ာလေးစနိုးစနောင့်ဖြစ်စရာပါပဲ။ ဒါပေမဲ့လည်း Adewale နဲ့ Blessing တို့ကတော့ ခပ်တည်တည်ပဲနော်။ နှစ်ယောက်သားရဲ့ခံယူချက်ကတော့ အခုလိုဧည့်ခံပွဲမှာတစ်ခါ၊ ဘုရားကျောင်းမှာတစ်ခါကျွေးရမယ့်အစား ဧည့်ခံပွဲမလုပ်တော့ဘဲ ဘုရားကျောင်းက စီစဉ်ပေးမယ့် အစားအစာတွေကိုပဲ ကျွေးလိုက်တော့ နှစ်ခါမကုန်တော့ဘူးဆိုပီး တွေးမိလို့ပါတဲ့။ နောက်ပြီး မလိုအပ်ဘဲ ကုန်ကျစရိတ်တွေလျှော့ချနိုင်တော့ နောက်ပိုင်းတကယ်အသုံးလိုတဲ့အချိန်ကျ ဝန်ထုပ်ဝန်ပိုးမဖြစ်စေတော့ပါဘူးတဲ့လေ။ ဒါတောင် Adewale က Tech Point Africa ဆိုတဲ့ နည်းပညာကုမ္ပဏီရဲ့ CEO ပါ။
ဒီလိုတွေးတော့လည်း Adewale နဲ့ Blessing တို့ဟာ အခုခေတ်လူငယ်အများစုလိုမျိုး ပကာသနမမက်ဘဲ ကိုယ့်အိုးနဲ့ကိုယ့်ဆန်တော်ရုံကိုသာ အရှိအရှိအတိုင်း လက်ခံနိုင်ကြတဲ့အတွက် ချီးကျူးစရာပါပဲ။ သူတို့နှစ်ယောက်ရဲ့ ဖြူစင်ပွင့်လင်းတဲ့စိတ်ထားလေးကြောင့်ပဲ မင်္ဂလာဆောင်ကျွေးမွေးဧည့်ခံမှုကို မိတ်တွေတွေကပဲ ပူးပေါင်းပြီး မသိအောင်စီစဉ်ပေးခဲ့ကြပါတယ်တဲ့။
share from : burmese.asia
LEAVE A REPLY