Zawgyi ျဖင့္ဖတ္ရန္

 

ကိုလံဘီယာအေနာက္ေျမာက္ပိုင္း၊ Medellin, Antioquia မွာ မဂၤလာေဆာင္တစ္ခုကို လူတစ္ေယာက္က ၾကားဝင္ေႏွာင့္ယွက္ခဲ့ရာ၊ အဲဒီအခင္းျဖစ္စဥ္နဲ႔ ပတ္သက္တဲ့ ဗြီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ အေတာ္ေလးကို ေရပန္းစားခဲ့ပါတယ္။ ေႏွာင့္ယွက္သူကေတာ့ သတို႔သမီးရဲ႕ ရည္းစားေဟာင္း ျဖစ္ပါတယ္။

သူဟာ မဂၤလာယာဥ္တန္းေဘးကေန ဆိုင္ကယ္နဲ႔ ကပ္လိုက္လာၿပီး၊ မဂၤလာပန္းေတြစီျခယ္ထားတဲ့ မဂၤလာကားထဲကေန သတို႔သမီးကို အတင္းဆြဲထုတ္ၿပီး၊ တစ္ျခားသူနဲ႔ လက္ထပ္ျခင္းမျပဳဖို႔ သတို႔သမီးကို ေတာင္းပန္ခဲ့တာပါ။ လမ္းေဘးကေန ဒီအျဖစ္အပ်က္ကို ဝိုင္းဝန္ၾကည့္သူေတြဟာ ရာနဲ႔ခ်ီရွိခဲ့ပါတယ္။

သူဟာ သတို႔သမီးကို အမ်ိဳးမ်ိဳး ေတာင္းပန္ခဲ့သလို၊ ဒူးေထာက္ၿပီးေတာ့ေတာင္ ခခယယ ေတာင္းပန္ခဲ့ပါတယ္။ သတို႔သမီးကလည္း အေျခအေနေတြက အကုန္ လက္လြန္ေျခလြန္ေတြ ျဖစ္ကုန္ၿပီမို႔ ဘယ္လိုမွ အသစ္က ျပန္စလို႔မရေတာ့ေၾကာင္း အမ်ိဳးမ်ိဳး ေျဖာင္းျဖ နားခ်ခဲ့ပါတယ္။

ေဘးက ၾကည့္ေနတဲ့လူေတြကလည္း “ လက္မထပ္ပါနဲ႔ တျခားသူကို လက္မထပ္ပါနဲ႔ ”လို႔ သံၿပိဳင္ေအာ္ခဲ့သလို၊ “ ေကာင္မေလးကို နမ္းပစ္လိုက္ … နမ္းပစ္လိုက္ ”ဆိုၿပီး ေျမႇာက္ထိုးပင့္ေကာ္ လုပ္ေပးၾကေတာ့ ရည္းစားေဟာင္း ေကာင္ေလးလည္း အတင့္ရဲၿပီး ဆိုင္ကယ္ဦးထုပ္ကို အသာမကာ သတို႔သမီးကို နမ္းခဲ့ပါတယ္။

 

ပထမေတာ့ သတို႔သမီးလည္း ေၾကာင္အမ္းအမ္းနဲ႔ ၿငိမ္ေနေပမယ့္၊ ေနာက္ေတာ့ သူ႔ရင္ဘတ္ကို ေဆာင့္တြန္းလိုက္ပါတယ္။ ဗြီဒီယိုကေတာ့ အစမရွိအဆုံးမရွိဆိုေပမယ့္၊ အသည္းကြဲသူ ေကာင္ေလးကို သတို႔သမီးက ေနရာမွာပင္ တစ္ေယာက္တည္း ထားရစ္ခဲ့ၿပီး၊ သူမ နဂိုကတည္းက စီစဥ္ထားတဲ့ မဂၤလာပြဲကို အထေျမာက္ေအာင္ ဆက္ၿပီး ဆင္ႏႊဲခဲ့ေၾကာင္း ေဒသခံမီဒီယာေတြက ေဖာ္ျပၾကပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

တခြားသူနဲ့လက်မထပ်ဖို့ ချစ်သူကို မင်္ဂလာကားထဲကနေ အတင်းဆွဲချပြီး တောင်းပန်ခဲ့သူ

ကိုလံဘီယာအနောက်မြောက်ပိုင်း၊ Medellin, Antioquia မှာ မင်္ဂလာဆောင်တစ်ခုကို လူတစ်ယောက်က ကြားဝင်နှောင့်ယှက်ခဲ့ရာ၊ အဲဒီအခင်းဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ အတော်လေးကို ရေပန်းစားခဲ့ပါတယ်။ နှောင့်ယှက်သူကတော့ သတို့သမီးရဲ့ ရည်းစားဟောင်း ဖြစ်ပါတယ်။

သူဟာ မင်္ဂလာယာဉ်တန်းဘေးကနေ ဆိုင်ကယ်နဲ့ ကပ်လိုက်လာပြီး၊ မင်္ဂလာပန်းတွေစီခြယ်ထားတဲ့ မင်္ဂလာကားထဲကနေ သတို့သမီးကို အတင်းဆွဲထုတ်ပြီး၊ တစ်ခြားသူနဲ့ လက်ထပ်ခြင်းမပြုဖို့ သတို့သမီးကို တောင်းပန်ခဲ့တာပါ။ လမ်းဘေးကနေ ဒီအဖြစ်အပျက်ကို ဝိုင်းဝန်ကြည့်သူတွေဟာ ရာနဲ့ချီရှိခဲ့ပါတယ်။

သူဟာ သတို့သမီးကို အမျိုးမျိုး တောင်းပန်ခဲ့သလို၊ ဒူးထောက်ပြီးတော့တောင် ခခယယ တောင်းပန်ခဲ့ပါတယ်။ သတို့သမီးကလည်း အခြေအနေတွေက အကုန် လက်လွန်ခြေလွန်တွေ ဖြစ်ကုန်ပြီမို့ ဘယ်လိုမှ အသစ်က ပြန်စလို့မရတော့ကြောင်း အမျိုးမျိုး ဖြောင်းဖြ နားချခဲ့ပါတယ်။

ဘေးက ကြည့်နေတဲ့လူတွေကလည်း “ လက်မထပ်ပါနဲ့ တခြားသူကို လက်မထပ်ပါနဲ့ ”လို့ သံပြိုင်အော်ခဲ့သလို၊ “ ကောင်မလေးကို နမ်းပစ်လိုက် … နမ်းပစ်လိုက် ”ဆိုပြီး မြှောက်ထိုးပင့်ကော် လုပ်ပေးကြတော့ ရည်းစားဟောင်း ကောင်လေးလည်း အတင့်ရဲပြီး ဆိုင်ကယ်ဦးထုပ်ကို အသာမကာ သတို့သမီးကို နမ်းခဲ့ပါတယ်။

ပထမတော့ သတို့သမီးလည်း ကြောင်အမ်းအမ်းနဲ့ ငြိမ်နေပေမယ့်၊ နောက်တော့ သူ့ရင်ဘတ်ကို ဆောင့်တွန်းလိုက်ပါတယ်။ ဗွီဒီယိုကတော့ အစမရှိအဆုံးမရှိဆိုပေမယ့်၊ အသည်းကွဲသူ ကောင်လေးကို သတို့သမီးက နေရာမှာပင် တစ်ယောက်တည်း ထားရစ်ခဲ့ပြီး၊ သူမ နဂိုကတည်းက စီစဉ်ထားတဲ့ မင်္ဂလာပွဲကို အထမြောက်အောင် ဆက်ပြီး ဆင်နွှဲခဲ့ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။

share from : burmese.asia

LEAVE A REPLY