Zawgyi ျဖင့္ဖတ္ရန္

 

အသားျဖဴျဖဴေလးေတြျမင္တိုင္း ေငးၾကည့္မိၿပီး ကိုယ္တိုင္လည္း အသားျဖဴခ်င္လိုက္တာဆိုတဲ့ စိတ္ကူးမ်ိဳးျဖစ္ေနၿပီလား။ ဒီလိုဆိုတာနဲ႔ အသားျဖဴေအာင္ဆိုၿပီး အသားျဖဴေသာက္ေဆးေတြ ေသာက္ဖို႔ စဥ္းစားေနတယ္ဆိုရင္ေတာ့ မေသာက္ခင္ ဒီေဆးေတြေသာက္လို႔ ဘာေတြျဖစ္လာႏိုင္လဲဆိုတာကို ဒီေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္လိုက္ေနာ္။

အသားျဖဴဖို႔ ေဆးေသာက္မွျဖစ္မွာလား……အသားျဖဴေစဖို႔အတြက္ ေဆးေသာက္တဲ့နည္းလမ္းပဲ ေ႐ြးခ်ယ္စရာရွိတာ မဟုတ္ပါဘူး။

အသားျဖဴေစမယ့္ အသီးအ႐ြက္ေတြ စားေပးလို႔ရပါတယ္အသားျဖဴေစတဲ့ သဘာဝ ေပါင္းတင္နည္းေတြကို အသုံးျပဳလို႔ရပါတယ္အသားအေရထိန္းသိမ္းမႈပစၥည္းေတြသုံးလို႔ရပါတယ္အသားျဖဴေစမယ့္ ကုထုံးေတြကို သုံးလို႔ရပါတယ္အသားျဖဴေဆးေသာက္ရင္ ဘာေတြျဖစ္လာႏိုင္လဲ……အြန္လိုင္းေပၚမွာ သူမ်ားေတြက ေကာင္းတယ္ဆိုတိုင္း အသားျဖဴေဆးေတြကိုမေသာက္သင့္ပါဘူး။ အရည္အေသြးျပည့္မီမႈမရွိတဲ့ အသားျဖဴေဆးေတြကိုေသာက္မိမယ္ဆိုရင္ မလိုလားအပ္တဲ့ေနာက္ဆက္တြဲျပႆနာေတြ အမ်ားႀကီးျဖစ္ႏိုင္ပါတယ္။

အသည္းထိခိုက္ႏိုင္တယ္
အသားျဖဴေဆးေတြကို အသားျဖဴခ်င္ေဇာနဲ႔ အမ်ားႀကီးေသာက္တဲ့အခါ အသည္းကသန႔္စင္မႈကို အမ်ားႀကီးလုပ္ရၿပီး ေနာက္ဆက္တြဲအေနနဲ႔ အသည္းထိခိုက္ပ်က္စီးႏိုင္ပါတယ္။ အသားျဖဴေဆးေတြက ထိေရာက္တဲ့အစြမ္းအာနိသင္ျပေစဖို႔ ေဆးပမာဏကို လိုတာထက္ပိုျပင္းေအာင္ လုပ္ထားတတ္ၾကတဲ့အတြက္ ေရရွည္မွာ အသည္း ထိခိုက္ႏိုင္ပါတယ္။

ကင္ဆာ ျဖစ္ေစႏိုင္တယ္

အသာျဖဴေဆးဝယ္တဲ့အခါ ပါဝင္ပစၥည္းေတြကို ေသခ်ာစစ္ေဆးဖို႔က ေမ့ထားလို႔မျဖစ္ပါဘူး။ အသားျဖဴေဆးေတာ္ေတ္ာမ်ားမ်ားက ခႏၶာကိုယ္ရဲ႕ ေဟာ္မုန္းထြက္ရွိမႈကို ကေမာက္ကမျဖစ္ေစႏိုင္သလို မယ္လ္လာနင္ထြက္ရွိမႈကို ဟန႔္တားမႈက ေရရွည္မွာ ထိခိုက္မႈေတြျဖစ္လာေစႏိုင္သလို အသားျဖဴေဆးေတြမွာပါတဲ့ Hydroquinone ဓာတုျဒပ္ေပါင္းက ကင္ဆာျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အသားျဖဴေဆးကိုေသာက္ခ်င္တယ္ဆိုရင္ေတာင္ ပါဝင္ပစၥည္းေတြကို ေသခ်ာေလး စစ္ေဆးေစခ်င္ပါတယ္။

အစာအိမ္နာေစႏိုင္တယ္

အသားျဖဴေဆးေတာ္ေတ္ာမ်ားမ်ားက အစာအိမ္ကိုထိခိုက္ေစႏိုင္ၿပီး ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးကိုေတာ္ေတ္ာေလးထိခိုက္ေစပါတယ္။ အသားျဖဴေဆးေၾကာင့္ ေအာ့အန္တာ၊ မအီမသာျဖစ္တာ၊ အစားစားလို႔မဝင္တာ၊ ညဘက္အိပ္မေပ်ာ္တဲ့ လကၡဏာေတြလည္း ခံစားရႏိုင္ပါတယ္။

အေရျပားေရာင္ရမ္းေစႏိုင္တယ္
အသားျဖဴေဆးအခ်ိဳ႕က အသားျဖဴေစတာထက္ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ အသားအေရေရာင္ရမ္းတာ၊ နီျမန္းတာ နဲ႔ အဖုအပိမ့္ေတြထြက္တာမ်ိဳးေတြျဖစ္ေစႏိုင္ပါတယ္။ အသားျဖဴေဆးေသာက္ၿပီးလို႔ အသားမွာ ဓာတ္မတည့္တဲ့ လကၡဏာတစ္ရပ္ရပ္ေတြ႕ရမယ္ဆိုရင္ ဆရာဝန္နဲ႔ ခ်က္ခ်င္းျပသေပးပါ။

အသားျဖဴဖို႔ ဘာေတြလိုက္နာဖို႔လိုမလဲ………..
အသားျဖဴေဆးေတြေသာက္ၿပီးမွ အသားျဖဴတာမဟုတ္ပါဘူး။ ဒီအခ်က္ေလးေတြကိုလိုက္နာေပးမယ္ဆိုရင္လည္း အသားျဖဴေစမွာပါ။

ေနေရာင္ဒဏ္ကေနကာကြယ္ပါအျပင္ထြက္တိုင္း ေနေလာင္ကာခရင္မ္လူးပါေလ့က်င့္ခန္းပုံမွန္လုပ္ပါ
အိပ္ေရးဝဝအိပ္ပါအာဟာရျပည့္ဝမွ်တေအာင္စားပါအသားအေရထိန္းသိမ္းမႈလုပ္ပါ။ကဲ..အသားျဖဴေဆးေတြမေသာက္ခင္ ေသခ်ာစဥ္းစားေနာ္………

ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

credit : hello sayarwon 

Unicode ဖြင့်ဖတ်ရန်

 

အသားဖြူဆေးတွေရဲ့ နောက်ကွယ်

အသားဖြူဖြူလေးတွေမြင်တိုင်း ငေးကြည့်မိပြီး ကိုယ်တိုင်လည်း အသားဖြူချင်လိုက်တာဆိုတဲ့ စိတ်ကူးမျိုးဖြစ်နေပြီလား။ ဒီလိုဆိုတာနဲ့ အသားဖြူအောင်ဆိုပြီး အသားဖြူသောက်ဆေးတွေ သောက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ မသောက်ခင် ဒီဆေးတွေသောက်လို့ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

အသားဖြူဖို့ ဆေးသောက်မှဖြစ်မှာလား……အသားဖြူစေဖို့အတွက် ဆေးသောက်တဲ့နည်းလမ်းပဲ ရွေးချယ်စရာရှိတာ မဟုတ်ပါဘူး။

အသားဖြူစေမယ့် အသီးအရွက်တွေ စားပေးလို့ရပါတယ်အသားဖြူစေတဲ့ သဘာဝ ပေါင်းတင်နည်းတွေကို အသုံးပြုလို့ရပါတယ်အသားအရေထိန်းသိမ်းမှုပစ္စည်းတွေသုံးလို့ရပါတယ်အသားဖြူစေမယ့် ကုထုံးတွေကို သုံးလို့ရပါတယ်အသားဖြူဆေးသောက်ရင် ဘာတွေဖြစ်လာနိုင်လဲ……အွန်လိုင်းပေါ်မှာ သူများတွေက ကောင်းတယ်ဆိုတိုင်း အသားဖြူဆေးတွေကိုမသောက်သင့်ပါဘူး။ အရည်အသွေးပြည့်မီမှုမရှိတဲ့ အသားဖြူဆေးတွေကိုသောက်မိမယ်ဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေ အများကြီးဖြစ်နိုင်ပါတယ်။

အသည်းထိခိုက်နိုင်တယ်
အသားဖြူဆေးတွေကို အသားဖြူချင်ဇောနဲ့ အများကြီးသောက်တဲ့အခါ အသည်းကသန့်စင်မှုကို အများကြီးလုပ်ရပြီး နောက်ဆက်တွဲအနေနဲ့ အသည်းထိခိုက်ပျက်စီးနိုင်ပါတယ်။ အသားဖြူဆေးတွေက ထိရောက်တဲ့အစွမ်းအာနိသင်ပြစေဖို့ ဆေးပမာဏကို လိုတာထက်ပိုပြင်းအောင် လုပ်ထားတတ်ကြတဲ့အတွက် ရေရှည်မှာ အသည်း ထိခိုက်နိုင်ပါတယ်။

ကင်ဆာ ဖြစ်စေနိုင်တယ်

အသာဖြူဆေးဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို သေချာစစ်ဆေးဖို့က မေ့ထားလို့မဖြစ်ပါဘူး။ အသားဖြူဆေးတော်တေ်ာများများက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထွက်ရှိမှုကို ကမောက်ကမဖြစ်စေနိုင်သလို မယ်လ်လာနင်ထွက်ရှိမှုကို ဟန့်တားမှုက ရေရှည်မှာ ထိခိုက်မှုတွေဖြစ်လာစေနိုင်သလို အသားဖြူဆေးတွေမှာပါတဲ့ Hydroquinone ဓာတုဒြပ်ပေါင်းက ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားဖြူဆေးကိုသောက်ချင်တယ်ဆိုရင်တောင် ပါဝင်ပစ္စည်းတွေကို သေချာလေး စစ်ဆေးစေချင်ပါတယ်။

အစာအိမ်နာစေနိုင်တယ်

အသားဖြူဆေးတော်တေ်ာများများက အစာအိမ်ကိုထိခိုက်စေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတော်တေ်ာလေးထိခိုက်စေပါတယ်။ အသားဖြူဆေးကြောင့် အော့အန်တာ၊ မအီမသာဖြစ်တာ၊ အစားစားလို့မဝင်တာ၊ ညဘက်အိပ်မပျော်တဲ့ လက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။

အရေပြားရောင်ရမ်းစေနိုင်တယ်
အသားဖြူဆေးအချို့က အသားဖြူစေတာထက် ဘေးထွက်ဆိုးကျိုးအနေနဲ့ အသားအရေရောင်ရမ်းတာ၊ နီမြန်းတာ နဲ့ အဖုအပိမ့်တွေထွက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ အသားဖြူဆေးသောက်ပြီးလို့ အသားမှာ ဓာတ်မတည့်တဲ့ လက္ခဏာတစ်ရပ်ရပ်တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသပေးပါ။

အသားဖြူဖို့ ဘာတွေလိုက်နာဖို့လိုမလဲ………..
အသားဖြူဆေးတွေသောက်ပြီးမှ အသားဖြူတာမဟုတ်ပါဘူး။ ဒီအချက်လေးတွေကိုလိုက်နာပေးမယ်ဆိုရင်လည်း အသားဖြူစေမှာပါ။

နေရောင်ဒဏ်ကနေကာကွယ်ပါအပြင်ထွက်တိုင်း နေလောင်ကာခရင်မ်လူးပါလေ့ကျင့်ခန်းပုံမှန်လုပ်ပါ
အိပ်ရေးဝဝအိပ်ပါအာဟာရပြည့်ဝမျှတအောင်စားပါအသားအရေထိန်းသိမ်းမှုလုပ်ပါ။ကဲ..အသားဖြူဆေးတွေမသောက်ခင် သေချာစဉ်းစားနော်………

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

credit : hello sayarwon 

LEAVE A REPLY