Zawgyi ျဖင့္ဖတ္ရန္

ဆီးခ်ိဳကို တိုက္ဖ်က္ေနတဲ့ က်န္းမာေရးပညာရွင္ေတြအတြက္ အစိုးရိမ္ အပူပန္ဆုံးတစ္ခုကေတာ့ ထမင္းျဖဴပါပဲ။ဆီးခ်ိဳေရာဂါ ျဖစ္ေစတဲ့ ေဘးမွာ ထမင္းဟာ အခ်ိဳရည္ထက္ေတာင္ ပိုၿပီး ေဘးမ်ားပါတယ္။

စင္ကာပူက က်န္းမာေရးျမႇင့္တင္ေရးဘုတ္အဖြဲ႕ အမႈေဆာင္အရာရွိ ဇီယြန္းကန္ဟာ ဆီးခ်ိဳေရာဂါ ေဘးအႏၲရာယ္ ေလွ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ေနပါတယ္။

အေနာက္ႏိုင္ငံသားေတြအတြက္ ဆီးခ်ိဳျဖစ္ပြားရတဲ့ အဓိက အေၾကာင္းရင္းက အဝလြန္တာနဲ႔ အခ်ိဳရည္ေသာက္သုံးတာေၾကာင့္လို႔ ဇီယြန္းကန္က ေျပာပါတယ္။

ဒါေပမယ့္ အာရွသားေတြဟာ အေနာက္တိုင္းသားေတြထက္ ဆီးခ်ိဳေဘး ပိုမ်ားေနတယ္လို႔ ၎က ဆိုပါတယ္။ အဝလြန္သူေတြ မဟုတ္သူေတြမွာလည္း ဆီးခ်ိဳအႏၲရာယ္က အာရွသားေတြအတြက္ ရွိေနတယ္လို႔ ၎က ေျပာပါတယ္။

ဒါဟာ ထမင္းစားသုံးၾကတာေၾကာင့္ျဖစ္ၿပီး ထမင္းျဖဴဟာ ေသြးတြင္းသၾကားဓာတ္ကို ပိုၿပီး ျမင့္မားေစၿပီး ဆီးခ်ိဳေဘး ပိုတိုးမ်ားေစတယ္လို႔ ဆိုပါတယ္။

ဟားဗတ္ျပည္သူ႔က်န္းမာေရးေက်ာင္းက ထုတ္ေဝတဲ့ British Medical Journal မွာ ဇီယြန္းကန္က ၎သုေတသနျပဳ ေတြ႕ရွိခ်က္ေတြကို ေဖာ္ျပခဲ့ပါတယ္။

ႏွစ္ေပါင္း ၂၀ ေက်ာ္ လူေပါင္း ၃၅၀၀၀၀ ေက်ာ္ပါဝင္တဲ့ အဓိက သုေတသနႀကီး ေလးခုျပဳလုပ္ၿပီး ေဖာ္ျပရာမွာ ေန႔စဥ္ ထမင္းျဖဴ တစ္ပန္းကန္စားသူေတြဟာ ဆီးခ်ိဳေဘးအႏၲရာယ္ ၁၁ ရာခိုင္ႏႈန္း ပိုမ်ားတယ္လို႔ ဆိုပါတယ္။

ဇီယြန္းကန္အေနနဲ႔ ထမင္းျဖဴကို ေန႔စဥ္စားသုံးေနတဲ့ စင္ကာပူသားေတြအတြက္ ေရွာင္ရွားဖို႔ေတာ့ အႀကံေပးတိုက္တြန္းမႈ ျပဳလုပ္ဖို႔ အစီအစဥ္ မရွိပါ။

ဒါေပမယ့္ ထမင္းျဖဴအစား ဆန္လုံးညိဳနဲ႔ ခ်က္ထားတဲ့ ထမင္းကို အစားထိုးစားသုံးဖို႔ တိုက္တြန္းသြားျဖစ္ဖို႔ ရွိပါတယ္။ အဲဒီ ဆန္လုံးညိဳနဲ႔ ခ်က္တဲ့ ထမင္းဟာ ဆီးခ်ိဳေဘးကို ၁၆ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ႏိုင္တယ္လို႔ ဇီယြန္းကန္က ေျပာခဲ့ပါတယ္။

Credit : mizimma

Unicode ဖြင့်ဖတ်ရန်

ဆီးချိုဖြစ်စေခြင်းမှာ အချိုရည်ထက် ထမင်းဖြူက ပိုပြီး ဘေးများ
ဆီးချိုကို တိုက်ဖျက်နေတဲ့ ကျန်းမာရေးပညာရှင်တွေအတွက် အစိုးရိမ် အပူပန်ဆုံးတစ်ခုကတော့ ထမင်းဖြူပါပဲ။ဆီးချိုရောဂါ ဖြစ်စေတဲ့ ဘေးမှာ ထမင်းဟာ အချိုရည်ထက်တောင် ပိုပြီး ဘေးများပါတယ်။

စင်ကာပူက ကျန်းမာရေးမြှင့်တင်ရေးဘုတ်အဖွဲ့ အမှုဆောင်အရာရှိ ဇီယွန်းကန်ဟာ ဆီးချိုရောဂါ ဘေးအန္တရာယ် လျှော့ချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။

အနောက်နိုင်ငံသားတွေအတွက် ဆီးချိုဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းက အဝလွန်တာနဲ့ အချိုရည်သောက်သုံးတာကြောင့်လို့ ဇီယွန်းကန်က ပြောပါတယ်။

ဒါပေမယ့် အာရှသားတွေဟာ အနောက်တိုင်းသားတွေထက် ဆီးချိုဘေး ပိုများနေတယ်လို့ ၎င်းက ဆိုပါတယ်။ အဝလွန်သူတွေ မဟုတ်သူတွေမှာလည်း ဆီးချိုအန္တရာယ်က အာရှသားတွေအတွက် ရှိနေတယ်လို့ ၎င်းက ပြောပါတယ်။

ဒါဟာ ထမင်းစားသုံးကြတာကြောင့်ဖြစ်ပြီး ထမင်းဖြူဟာ သွေးတွင်းသကြားဓာတ်ကို ပိုပြီး မြင့်မားစေပြီး ဆီးချိုဘေး ပိုတိုးများစေတယ်လို့ ဆိုပါတယ်။

ဟားဗတ်ပြည်သူ့ကျန်းမာရေးကျောင်းက ထုတ်ဝေတဲ့ British Medical Journal မှာ ဇီယွန်းကန်က ၎င်းသုတေသနပြု တွေ့ရှိချက်တွေကို ဖော်ပြခဲ့ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် လူပေါင်း ၃၅၀၀၀၀ ကျော်ပါဝင်တဲ့ အဓိက သုတေသနကြီး လေးခုပြုလုပ်ပြီး ဖော်ပြရာမှာ နေ့စဉ် ထမင်းဖြူ တစ်ပန်းကန်စားသူတွေဟာ ဆီးချိုဘေးအန္တရာယ် ၁၁ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

ဇီယွန်းကန်အနေနဲ့ ထမင်းဖြူကို နေ့စဉ်စားသုံးနေတဲ့ စင်ကာပူသားတွေအတွက် ရှောင်ရှားဖို့တော့ အကြံပေးတိုက်တွန်းမှု ပြုလုပ်ဖို့ အစီအစဉ် မရှိပါ။

ဒါပေမယ့် ထမင်းဖြူအစား ဆန်လုံးညိုနဲ့ ချက်ထားတဲ့ ထမင်းကို အစားထိုးစားသုံးဖို့ တိုက်တွန်းသွားဖြစ်ဖို့ ရှိပါတယ်။ အဲဒီ ဆန်လုံးညိုနဲ့ ချက်တဲ့ ထမင်းဟာ ဆီးချိုဘေးကို ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဇီယွန်းကန်က ပြောခဲ့ပါတယ်။

Credit : mizimma

LEAVE A REPLY