Zawgyi ျဖင့္ဖတ္ရန္

 

ဘယ္နားသြားသြားထင္းခနဲလွပေစဖို႔နဲ႔ ဘာေလးဝတ္ဝတ္လွေနေစဖို႔ အသားျဖဴခ်င္လိုက္တာလို႔ဆိုၿပီး ေတြးေနတဲ့သူေလးေတြမ်ားရွိလား။ အသားျဖဴခ်င္ေပမယ့္ ထိခိုက္မႈနည္းေစဖို႔အတြက္ သဘာဝနည္းေလးေတြပဲသုံးခ်င္တယ္ဆိုရင္ေတာ့ ဒီေဆာင္းပါးေလးက လိုခ်င္ေနတဲ့အေျဖကို ထုတ္ေပးႏိုင္မွာပါ။ ကဲ..အသားျဖဴဖို႔ အသင့္ျဖစ္ၿပီလား…………

သဘာဝအတိုင္း အသားျဖဴေစဖို႔ အိမ္တြင္းကုထုံးေတြက ဘာေတြမ်ားလဲ………….
ျမင္သူတိုင္းအားက်ရေလာက္ေအာင္ အသားေလးျဖဴဝင္းေစဖို႔ဆိုရင္

သေဘၤာသီး နဲ႔ ပ်ားရည္

သေဘၤာသီးက အရသာရွိ႐ုံတင္မဟုတ္ပါဘူး။ အသားအေရအတြက္ပါ ေတာ္ေတ္ာေလးအေထာက္အကူျပဳေပးပါတယ္။ အေၾကာင္းကေတာ့ သေဘၤာမွာပါတဲ့ papain ဆိုတဲ့ျဒပ္ေပါင္း နဲ႔ alpha hydroxy acids တို႔ကအေရျပားေပၚက ဆဲလ္ေသေတြကို အထိေရာက္ဆုံးဖယ္ရွားေပးႏိုင္ပါတယ္။ အေရျပားအတြင္းပိုင္းလႊာအထိသန႔္စင္ေစၿပီး အသားအေရကိုၾကည္လင္ျဖဴဝင္းေစပါတယ္။ ပ်ားရည္ကေတာ့ အနာက်က္ေစၿပီး အမာ႐ြတ္ေတြကိုပါးေစႏိုင္သလို ဘက္တီးရီးယားေတြကို အထိေရာက္ဆုံးကာကြယ္ေပးႏိုင္ပါတယ္။

လိုအပ္မွာက
သေဘၤာသီးတစ္စိတ္စာ
ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာတို႔ကို ေရာစပ္ၿပီး သမေအာင္ေမႊပါ။
ရလာတဲ့အႏွစ္ကို မ်က္ႏွာအပါအဝင္ခႏၶာကိုယ္အႏွံ႔မွာလူးၿပီး မိနစ္ ၂၀ ေလာက္ထားပါ။ ၿပီးရင္ ေရေႏြးေႏြးေလးနဲ႔ေဆးေၾကာေပးပါ။ ေနာက္ဆုံးအဆင့္ကေတာ့ ေရေအးနဲ႔ေရခ်ိဳးခ်ၿပီး အေရျပားကိုေျခာက္ေအာင္သုတ္ေပးပါ။ ၃ ရက္တစ္ႀကိမ္ေလာက္လုပ္ေပးပါ။

လိေမၼာ္ခြံ နဲ႔ ဒိန္ခ်ဥ္

လိေမၼာ္သီးကလည္း ရွာရခက္လွတာေတာ့မဟုတ္ပါဘူး။ အသားျဖဴေစဖို႔လည္း တကယ္ကို အေထာက္အကူျပဳေပးပါတယ္။ ဗီတာမင္ C ႂကြယ္ဝမႈေၾကာင့္ အသားအေရကို ၾကည္လင္ေစတာ အမွန္ပါ။

လိုအပ္မွာက
ေနေရာင္ေအာက္မွာ ၃ – ၄ ရက္ၾကာ အေျခာက္ခံထားတဲ့ လိေမၼာ္ခြံကိုႀကိတ္ေျခထားတဲ့ အမႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ
အရသာထည့္မထားတဲ့ ဒိန္ခ်ဥ္လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာတို႔ကို သမေအာင္ေရာေမႊေပးပါ။
ရလာတဲ့အႏွစ္ကို သန႔္စင္ထားတဲ့ အေရျပားေပၚမွာ လိမ္းေပးပါ။ ၁၅ မိနစ္ ကေန မိနစ္ ၂၀ ေလာက္ထားေပးပါ။ ၿပီးရင္ေရေႏြးနဲ႔ ေဆးခ်လိုက္ပါ။ တစ္ရက္ျခားတစ္ခါလုပ္ေပးပါ။

ခရမ္းခ်ဥ္သီး၊ ဒိန္ခ်ဥ္ နဲ႔ Oatmeal

ခရမ္းခ်ဥ္သီးမွာပါတဲ့ lycopene ကအသားအေရကို အိုမင္းရင့္ေရာ္ျခင္းမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ၿပီး ဓာတ္တိုးဆန႔္က်င္ အာနိသင္ႂကြယ္ဝမႈက အသားအေရကို ၾကည္လင္ေစႏိုင္ပါတယ္။ အသားအေရကို ကင္ဆာမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။ Oatmeal ကေတာ့ ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အသားအေရကို က်န္းမာေစႏိုင္ပါတယ္။

လိုအပ္မွာက
ခရမ္းခ်ဥ္သီးတစ္လုံး
အရသာမပါတဲ့ ဒိန္ခ်ဥ္လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာ
Oatmeal လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာတို႔လိုအပ္ပါမယ္။
ခရမ္းခ်ဥ္သီးကို ထက္ပိုင္းပိုင္းလိုက္ပါ။ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ ဒါမွမဟုတ္ ႏွစ္ဇြန္းစာေလာက္အရည္ညႇစ္ပါ။ Oatmeal တစ္ခြက္စာထဲကို ခရမ္းခ်ဥ္သီးအရည္နဲ႔ ဒိန္ခ်ဥ္တို႔ကို အခ်ိဳးက်ေရာစပ္လိုက္ပါ။ ၿပီးရင္ သမေအာင္ေမႊပါ။ သန႔္စင္ထားတဲ့အေရျပားေပၚမွာ လိမ္းေပးၿပီး မိနစ္ ၂၀ ၾကာထားေပးပါ။ ၿပီးရင္ ေရေႏြးနဲ႔ေဆးခ်လိုက္ပါ။ တစ္ပတ္ကို ႏွစ္ႀကိမ္ကေန ၃ ႀကိမ္ေလာက္အထိလုပ္ေပးပါ။

ႏို႔၊ သံပရာရည္ နဲ႔ ပ်ားရည္

သံပရာရည္က ဗီတာမင္ C ႂကြယ္ဝၿပီး အသားအေရကို ၾကည္လင္ေစႏိုင္ပါတယ္။ မယ္လ္လာနင္ထြက္ရွိမႈကိုေလွ်ာ့ခ်ေပးႏိုင္စြမ္းရွိပါတယ္။ ေနေလာင္ဒဏ္ေၾကာင့္ အသားအေရပ်က္စီးတာကို အထိေရာက္ဆုံး သက္သာေစႏိုင္ပါတယ္။

လိုအပ္မွာက
ႏို႔လက္ဖက္ရည္ဇြန္း တစ္ဇြန္း
သံပရာရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း
ပ်ားရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းတို႔ကို ေရာစပ္ၿပီး သမေအာင္ေမႊပါ။
ရလာတဲ့အႏွစ္ကို အေရျပားေပၚမွာလူးေပးပါ။ မိနစ္ ၂၀ ေလာက္ထားပါ။ ၿပီးရင္ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။

ပဲအစိမ္းမႈန႔္ နဲ႔ ဒိန္ခ်ဥ္

ပဲမႈန႔္က အေရျပားကို ေရာဂါပိုးေတြကူးစက္ခံရမႈက အထိေရာက္ဆုံး ကာကြယ္ေပးႏိုင္ပါတယ္။ ဒိန္ခ်ဥ္က အသားအေရကို အစိုဓာတ္ထိန္းေပးၿပီး လန္းဆန္းၾကည္လင္တဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္ေစမွာ အေသအခ်ာပါ။ အသားအေရကို က်န္းမာၿပီး ၾကည္လင္လွပေစႏိုင္ပါတယ္။

လိုအပ္မွာက
ပဲအစိမ္းမႈန႔္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းစာ

ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း ဒါမွမဟုတ္ ၃ ဇြန္းစာတို႔ကို သမေအာင္ေမႊပါ။

သန႔္စင္ထားတဲ့ အေရျပားေပၚမွာ အႏွစ္ကို ႏွံ႔ေနေအာင္လူးေပးပါ။ မိနစ္ ၂၀ ကေန နာရီဝက္ေလာက္ထားၿပီး ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ တစ္ပတ္ကို ၃ ႀကိမ္ေလာက္ထိလုပ္ေပးလို႔ရပါတယ္။

ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Credit : hello sayarwon

Unicode ဖြင့်ဖတ်ရန်

အသားဖြူချင်သူလေးတွေအတွက် အိမ်တွင်းကုထုံး

ဘယ်နားသွားသွားထင်းခနဲလှပစေဖို့နဲ့ ဘာလေးဝတ်ဝတ်လှနေစေဖို့ အသားဖြူချင်လိုက်တာလို့ဆိုပြီး တွေးနေတဲ့သူလေးတွေများရှိလား။ အသားဖြူချင်ပေမယ့် ထိခိုက်မှုနည်းစေဖို့အတွက် သဘာဝနည်းလေးတွေပဲသုံးချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက လိုချင်နေတဲ့အဖြေကို ထုတ်ပေးနိုင်မှာပါ။ ကဲ..အသားဖြူဖို့ အသင့်ဖြစ်ပြီလား…………

သဘာဝအတိုင်း အသားဖြူစေဖို့ အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ………….
မြင်သူတိုင်းအားကျရလောက်အောင် အသားလေးဖြူဝင်းစေဖို့ဆိုရင်

သင်္ဘောသီး နဲ့ ပျားရည်

သင်္ဘောသီးက အရသာရှိရုံတင်မဟုတ်ပါဘူး။ အသားအရေအတွက်ပါ တော်တေ်ာလေးအထောက်အကူပြုပေးပါတယ်။ အကြောင်းကတော့ သင်္ဘောမှာပါတဲ့ papain ဆိုတဲ့ဒြပ်ပေါင်း နဲ့ alpha hydroxy acids တို့ကအရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားအတွင်းပိုင်းလွှာအထိသန့်စင်စေပြီး အသားအရေကိုကြည်လင်ဖြူဝင်းစေပါတယ်။ ပျားရည်ကတော့ အနာကျက်စေပြီး အမာရွတ်တွေကိုပါးစေနိုင်သလို ဘက်တီးရီးယားတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

လိုအပ်မှာက
သင်္ဘောသီးတစ်စိတ်စာ
ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ရောစပ်ပြီး သမအောင်မွှေပါ။
ရလာတဲ့အနှစ်ကို မျက်နှာအပါအဝင်ခန္ဓာကိုယ်အနှံ့မှာလူးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ။ နောက်ဆုံးအဆင့်ကတော့ ရေအေးနဲ့ရေချိုးချပြီး အရေပြားကိုခြောက်အောင်သုတ်ပေးပါ။ ၃ ရက်တစ်ကြိမ်လောက်လုပ်ပေးပါ။

လိမ္မော်ခွံ နဲ့ ဒိန်ချဉ်

လိမ္မော်သီးကလည်း ရှာရခက်လှတာတော့မဟုတ်ပါဘူး။ အသားဖြူစေဖို့လည်း တကယ်ကို အထောက်အကူပြုပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုကြောင့် အသားအရေကို ကြည်လင်စေတာ အမှန်ပါ။

လိုအပ်မှာက
နေရောင်အောက်မှာ ၃ – ၄ ရက်ကြာ အခြောက်ခံထားတဲ့ လိမ္မော်ခွံကိုကြိတ်ခြေထားတဲ့ အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
အရသာထည့်မထားတဲ့ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို သမအောင်ရောမွှေပေးပါ။
ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ အရေပြားပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးရင်ရေနွေးနဲ့ ဆေးချလိုက်ပါ။ တစ်ရက်ခြားတစ်ခါလုပ်ပေးပါ။

ခရမ်းချဉ်သီး၊ ဒိန်ချဉ် နဲ့ Oatmeal

ခရမ်းချဉ်သီးမှာပါတဲ့ lycopene ကအသားအရေကို အိုမင်းရင့်ရော်ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ အသားအရေကို ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ Oatmeal ကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။

လိုအပ်မှာက
ခရမ်းချဉ်သီးတစ်လုံး
အရသာမပါတဲ့ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ
Oatmeal လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာတို့လိုအပ်ပါမယ်။
ခရမ်းချဉ်သီးကို ထက်ပိုင်းပိုင်းလိုက်ပါ။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ဒါမှမဟုတ် နှစ်ဇွန်းစာလောက်အရည်ညှစ်ပါ။ Oatmeal တစ်ခွက်စာထဲကို ခရမ်းချဉ်သီးအရည်နဲ့ ဒိန်ချဉ်တို့ကို အချိုးကျရောစပ်လိုက်ပါ။ ပြီးရင် သမအောင်မွှေပါ။ သန့်စင်ထားတဲ့အရေပြားပေါ်မှာ လိမ်းပေးပြီး မိနစ် ၂၀ ကြာထားပေးပါ။ ပြီးရင် ရေနွေးနဲ့ဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်ကနေ ၃ ကြိမ်လောက်အထိလုပ်ပေးပါ။

နို့၊ သံပရာရည် နဲ့ ပျားရည်

သံပရာရည်က ဗီတာမင် C ကြွယ်ဝပြီး အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ မယ်လ်လာနင်ထွက်ရှိမှုကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။

လိုအပ်မှာက
နို့လက်ဖက်ရည်ဇွန်း တစ်ဇွန်း
သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်ပြီး သမအောင်မွှေပါ။
ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာလူးပေးပါ။ မိနစ် ၂၀ လောက်ထားပါ။ ပြီးရင်ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

ပဲအစိမ်းမှုန့် နဲ့ ဒိန်ချဉ်

ပဲမှုန့်က အရေပြားကို ရောဂါပိုးတွေကူးစက်ခံရမှုက အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က အသားအရေကို အစိုဓာတ်ထိန်းပေးပြီး လန်းဆန်းကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါ။ အသားအရေကို ကျန်းမာပြီး ကြည်လင်လှပစေနိုင်ပါတယ်။

လိုအပ်မှာက
ပဲအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ

ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ဒါမှမဟုတ် ၃ ဇွန်းစာတို့ကို သမအောင်မွှေပါ။

သန့်စင်ထားတဲ့ အရေပြားပေါ်မှာ အနှစ်ကို နှံ့နေအောင်လူးပေးပါ။ မိနစ် ၂၀ ကနေ နာရီဝက်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်ထိလုပ်ပေးလို့ရပါတယ်။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Credit : hello sayarwon

LEAVE A REPLY