Zawgyi ျဖင့္ဖတ္ရန္

ဗစ္တိုးရီးယားအမႈမွာ ယာဥ္ေမာင္း ေအာင္ႀကီးဘက္က အမႈလိုက္ေပးေနတဲ့ ေရွ႕ေန ေဒၚစုဒါလီေအာင္က သူ႔ကို တရားစြဲထားသူေတြကို ႏိုင္လြတ္လုံဥပေဒနဲ႔ ျပန္လည္ တရားစြဲဆိုသြားဖို႔ ရွိေနပါတယ္။ Wisdom Hill မူႀကိဳေက်ာင္းရဲ႕ ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က ယာဥ္ေမာင္း ေအာင္ႀကီးရဲ႕ ေရွ႕ေန ေဒၚစုဒါလီေအာင္ကို စက္တင္ဘာ ၂၅ ရက္က ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁(က)(၂) နဲ႔ ႏိုင္လြတ္လုံ ဥပေဒပုဒ္မေတြနဲ႔ အမႈဖြင့္ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။

အခုလို ပုဒ္မႏွစ္ခုနဲ႔ အမႈဖြင့္ခဲ့ေပမယ့္ ႏိုင္လြတ္လုံ ပုဒ္မနဲ႔ မၿငိစြန္းတဲ့အတြက္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒနဲ႔ အမႈဖြင့္ တရားစြဲဆိုထားပါတယ္။

ဒီအမႈနဲ႔ပတ္သက္ၿပီး ဒီကေန႔ ေအာက္တိုဘာလ ၇ ရက္ မနက္က ပုဗၺသီရိၿမိဳ႕နယ္ တရား႐ုံးမွာ ႐ုံးထုတ္ခဲ့ၿပီး ဒီ႐ုံးခ်ိန္းအၿပီးမွာ အမႈကို ေရွ႕ေနအျဖစ္ လိုက္ပါေဆာင္႐ြက္မယ့္ ဦးသိန္းသန္းဦးက မီဒီယာေတြကို အခုလို ေျပာတာပါ။ “ေဒၚစုဒါလီေအာင္ကို တရားစြဲတာက ရဲစခန္းမွာ သြားအမႈဖြင့္တယ္။ အဲဒါ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၂၁၁ အရ မမွန္တာကို သိရဲ႕သားနဲ႔ အမႈဖြင့္တိုင္ၾကားတယ္။ တရား႐ုံး ဦးတိုက္ ေလွ်ာက္တယ္ဆို အဲဒါနဲ႔ ၿငိစြန္းပါတယ္။ အဲေတာ့ အဲပုဒ္မနဲ႔ ရဲစခန္းက အေရးမယူပါဘူး။ အေရးမယူဘဲနဲ႔ ဥပေဒအႀကံျပဳခ်က္အရ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒအရ တင္လိုက္တာ ျဖစ္တဲ့အတြက္ ဟိုဟာက ေခ်ာ္သြားၿပီ။ အဲအတြက္ အမႈဖြင့္ပါမယ္။ သက္ဆိုင္ရာရဲစခန္းမွာ အမႈဖြင့္တိုင္ၾကား တရားစြဲပါမယ္။ အဲဒါကလည္း အဆင့္ဆင့္ ဥပေဒနဲ႔အညီ ေဆာင္႐ြက္သြားမယ္။ ေနာက္တခုက ဒီအမႈကို အမႈတြဲ ေခ်ဖ်က္ဖို႔အတြက္ တရားလို စစ္ပါဦးမယ္။ တရားလို ေစာင့္ေနတယ္။ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၅၆၂(၁)(ဃ)အရ ဖ်က္မယ္။ ဒီဟာကို တကယ္ဥပေဒ လမ္းေၾကာင္းအတိုင္း ျဖစ္ေအာင္ သြားမယ္” လို႔ ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာပါတယ္။

ပထမအဆင့္အေနနဲ႔ ေပၚေပါက္ေနတဲ့အေျခအေနအရ ႏိုင္လြတ္လုံ ဥပေဒနဲ႔ စတင္အမႈဖြင့္သြားမွာျဖစ္ၿပီး အမႈတြဲေခ်ဖ်က္ဖို႔အတြက္ အဆင့္ဆင့္ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။ ဒီေန႔႐ုံးခ်ိန္းမွာေတာ့ မႈခင္းစီမံခန႔္ခြဲမႈစနစ္အရ အစည္းအေဝးျပဳလုပ္ခဲ့ၿပီး လာမယ့္ ၂၁ ရက္ေန႔ကို ႐ုံးခ်ိန္းထပ္မံခ်ိန္းဆိုထားပါတယ္။

ေရွ႕ေန ေဒၚစုဒါလီေအာင္က “၂၁ ရက္ေန႔ ႐ုံးခ်ိန္းမွာ တရားလို ေဒၚဥမၼာလႈိင္ကို စစ္မယ္။ က်မဘက္က ေရွ႕ေန ဦးသိန္းသန္းဦးက ေနၿပီးေတာ့ ၂၁ ရက္ေန႔မွာ တရားလိုကို စစ္ခ်င္ပါတယ္လို႔ ေျပာတဲ့အခါမွာ တရားလိုဘက္က ဥပေဒအရာရွိနဲ႔ ေရွ႕ေနေတြကလည္း သေဘာတူတယ္လို႔ေျပာတဲ့အတြက္ အဲေန႔မွာ တရားလိုကိုလည္း စစ္မယ္၊ အစည္းအေဝးလည္းလုပ္မယ္ ေျပာတယ္”လို႔ ေျပာပါတယ္။ ေအာင္ႀကီးရဲ႕ ေရွ႕ေန ေဒၚစုဒါလီေအာင္ကို အမႈဖြင့္ၿပီးေနာက္ရက္မွာပဲ ဗစ္တိုးရီးယားရဲ႕ ဖခင္ျဖစ္သူ၊ ဗစ္တိုးရီးယားဖခင္ ျဖစ္သူရဲ႕ အကိုနဲ႔ အစ္မ၊ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္၊ ေအာင္ႀကီးေရွ႕ေန ဦးခင္ေမာင္ေဇာ္နဲ႔ ဗစ္တိုးရီးယားဘက္က လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ သကၠမိုးညိဳ အေကာင့္ပိုင္ရွင္ ေဒါက္တာ ဝင္းကိုကိုသိန္းတို႔လည္း ကေလးသူငယ္အခြင့္အေရးမ်ား ဆိုင္ရာဥပေဒပုဒ္မ ၁၀၁(က) (၂)နဲ႔ ေဒၚဥမၼာလႈိင္က အမႈဖြင့္ထားပါေသးတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးကို ရှေ့နေဘက်က တရားပြန်စွဲမည်

ဗစ်တိုးရီးယားအမှုမှာ ယာဉ်မောင်း အောင်ကြီးဘက်က အမှုလိုက်ပေးနေတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က သူ့ကို တရားစွဲထားသူတွေကို နိုင်လွတ်လုံဥပဒေနဲ့ ပြန်လည် တရားစွဲဆိုသွားဖို့ ရှိနေပါတယ်။ Wisdom Hill မူကြိုကျောင်းရဲ့ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ယာဉ်မောင်း အောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို စက်တင်ဘာ ၂၅ ရက်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ နိုင်လွတ်လုံ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အခုလို ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ခဲ့ပေမယ့် နိုင်လွတ်လုံ ပုဒ်မနဲ့ မငြိစွန်းတဲ့အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့် တရားစွဲဆိုထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဒီကနေ့ အောက်တိုဘာလ ၇ ရက် မနက်က ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ဒီရုံးချိန်းအပြီးမှာ အမှုကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ့် ဦးသိန်းသန်းဦးက မီဒီယာတွေကို အခုလို ပြောတာပါ။ “ဒေါ်စုဒါလီအောင်ကို တရားစွဲတာက ရဲစခန်းမှာ သွားအမှုဖွင့်တယ်။ အဲဒါ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၁၁ အရ မမှန်တာကို သိရဲ့သားနဲ့ အမှုဖွင့်တိုင်ကြားတယ်။ တရားရုံး ဦးတိုက် လျှောက်တယ်ဆို အဲဒါနဲ့ ငြိစွန်းပါတယ်။ အဲတော့ အဲပုဒ်မနဲ့ ရဲစခန်းက အရေးမယူပါဘူး။ အရေးမယူဘဲနဲ့ ဥပဒေအကြံပြုချက်အရ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ တင်လိုက်တာ ဖြစ်တဲ့အတွက် ဟိုဟာက ချော်သွားပြီ။ အဲအတွက် အမှုဖွင့်ပါမယ်။ သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်တိုင်ကြား တရားစွဲပါမယ်။ အဲဒါကလည်း အဆင့်ဆင့် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်။ နောက်တခုက ဒီအမှုကို အမှုတွဲ ချေဖျက်ဖို့အတွက် တရားလို စစ်ပါဦးမယ်။ တရားလို စောင့်နေတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂(၁)(ဃ)အရ ဖျက်မယ်။ ဒီဟာကို တကယ်ဥပဒေ လမ်းကြောင်းအတိုင်း ဖြစ်အောင် သွားမယ်” လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ပထမအဆင့်အနေနဲ့ ပေါ်ပေါက်နေတဲ့အခြေအနေအရ နိုင်လွတ်လုံ ဥပဒေနဲ့ စတင်အမှုဖွင့်သွားမှာဖြစ်ပြီး အမှုတွဲချေဖျက်ဖို့အတွက် အဆင့်ဆင့်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ မှုခင်းစီမံခန့်ခွဲမှုစနစ်အရ အစည်းအဝေးပြုလုပ်ခဲ့ပြီး လာမယ့် ၂၁ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုထားပါတယ်။

ရှေ့နေ ဒေါ်စုဒါလီအောင်က “၂၁ ရက်နေ့ ရုံးချိန်းမှာ တရားလို ဒေါ်ဥမ္မာလှိုင်ကို စစ်မယ်။ ကျမဘက်က ရှေ့နေ ဦးသိန်းသန်းဦးက နေပြီးတော့ ၂၁ ရက်နေ့မှာ တရားလိုကို စစ်ချင်ပါတယ်လို့ ပြောတဲ့အခါမှာ တရားလိုဘက်က ဥပဒေအရာရှိနဲ့ ရှေ့နေတွေကလည်း သဘောတူတယ်လို့ပြောတဲ့အတွက် အဲနေ့မှာ တရားလိုကိုလည်း စစ်မယ်၊ အစည်းအဝေးလည်းလုပ်မယ် ပြောတယ်”လို့ ပြောပါတယ်။ အောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို အမှုဖွင့်ပြီးနောက်ရက်မှာပဲ ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်သူ၊ ဗစ်တိုးရီးယားဖခင် ဖြစ်သူရဲ့ အကိုနဲ့ အစ်မ၊ ရှေ့နေ ဒေါ်ရွက်နုအောင်၊ အောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်နဲ့ ဗစ်တိုးရီးယားဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်းတို့လည်း ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေပုဒ်မ ၁၀၁(က) (၂)နဲ့ ဒေါ်ဥမ္မာလှိုင်က အမှုဖွင့်ထားပါသေးတယ်။

share from : burmese.asia

LEAVE A REPLY