Zawgyi ျဖင့္ဖတ္ရန္

အဲဒီအမ်ိဳးသားကပိုမ်ားေလ၊ပိုေပ်ာ္စရာေကာင္းေလဆိုတဲ့စကားကိုလက္ကိုင္ထားပါတယ္။ကမာၻေပၚမွာလူဦးေရတိုးပြားတဲ့ျပႆနာကိုရင္ဆိုင္ေနရတဲ့တိုင္းျပည္တခုအေနနဲ႔အိမ္ေထာင္တခုမွာကေလးႏွစ္ေယာက္ေလာက္ရွိရင္လုံေလာက္ၿပီလို႔သင္ထင္ပါလိမ့္မယ္။ဒါေပမယ့္အိႏၵိယကဇိုနာဆိုတဲ့လူကေတာ့ပုံမွန္နဲ႔မတူပါဘူး။ဇနီး၃၉ေယာက္နဲ႔ကေလး၉၄ေယာက္ရွိတဲ့အတြက္ကမာၻေပၚကအႀကီးဆုံးမိသားစုကိုပိုင္ဆိုင္ထားပါတယ္။

ခ်န္နာဆိုတဲ့ခရစ္ယာန္ဘာသာေရးေက်ာင္းရဲ႕ေခါင္းေဆာက္ျဖစ္တဲ့ဇိုနာကအိႏၵိယဘာ့ခ္ဝန္မွာရွိတဲ့အခန္း၁၀၀ပါေသာအိမ္မွာဇနီး၃၉ေယာက္၊သားသမီး၉၄ေယာက္အျပင္ေျမး၃၃ေယာက္နဲ႔အတူတကြေနပါတယ္။အဲဒီအိမ္ကသူလိုခ်င္သေလာက္မိန္းမေတြနဲ႔အတူတူေနလို႔ရပါတယ္။ဇနီးေတြကသူ႔အိမ္ခန္းအနီးကအခန္းမွာေနၾကၿပီးသားသမီးေတြကသက္ဆိုင္ရာမိသားစုေတြနဲ႔အခန္းကိုယ္စီမွာေနပါတယ္။

 

ဒီအိမ္မွာေန႔အလိုက္လုပ္ေဆာင္ခ်က္ေတြရွိပါတယ္။ဇနီးေတြကအလွည့္က်ခ်က္ျပဳတ္ရၿပီးသမီးေတြကအိမ္သန႔္ရွင္းေရးနဲ႔အဝတ္ေလွ်ာ္ျခ်င္းကိုအလွည့္က်လုပ္ရပါတယ္။သားေတြကေတာ့လယ္ယာအလုပ္ေတြလုပ္ကိုင္ရပါတယ္။ဒီလိုႀကီးမားတဲ့မိသားစုကိုထိန္းသိမ္းဖို႔ဘယ္လိုလုပ္မလဲသိခ်င္မွာပါ။သူတို႔ကကိုယ္ပိုင္လုပ္ငန္းလဲရွိသလိုတခါတေလလႉဒါန္းတာေတြလဲရပါတယ္။သူတို႔ကၾကက္အေကာင္၃၀၊အာလးူေပါင္၁၃၀ကိုေန႔စဥ္ဝယ္ျခမ္းရပါတယ္။

ညဘက္မွာေတာ့ဇိုနာကသူ႔ရဲဇနီးေတြနဲ႔ေန႔ရက္အလိုက္အတူေနထိုင္ပါတယ္။သူ႔မွာဇနီး ၃၉ေယာက္ရွိေနၿပီးေပမယ့္သူကဆက္ၿပီးရွာေနတုန္းပါပဲ။သူေျပာတာကကြၽန္ေတာ့မွာဂ႐ုစိုက္ၿပီးေစာင့္ေရွာက္ရမယ့္သူေတြအမ်ားႀကီးရွိလို႔ကြၽန္ေတာ္ကကံေကာင္းတဲ့သူပါပဲလို႔ေျပာပါတယ္။

ဇိုနာရဲ႕ဇနီးေတြကအခ်င္းခ်င္းမတည့္ၿပီးမေကာင္းႀကံရင္းေနၾကမယ္လို႔သင္ထင္ရင္ေတာ့လုံးဝမွားေနပါၿပီ။သူ႔ရဲ႕ဇနီးတေယာက္ျဖစ္တဲ့ဟန္တန္ဂန္ခီကဒီမိသားစုတခုလုံးကအခ်င္းအခ်င္းအဆင္ေျပၾကပါတယ္။ကြၽန္မတို႔ကအခ်စ္နဲ႔ေလးစားမႈကိုမွ်ေဝၿပီးေနၾကတာမို႔ပါလို႔ေျပာပါတယ္။

Writer -Min Thu (XYZ News)

Unicode ဖြင့်ဖတ်ရန်

အမျိုးသမီး ၃၉ ယောက်ကိုလက်ထပ်ပြီး ကလေး ၉၄ ယောက်မွေးခဲ့တဲ့ အမျိုးသား

အဲဒီအမျိုးသားကပိုများလေ၊ပိုပျော်စရာကောင်းလေဆိုတဲ့စကားကိုလက်ကိုင်ထားပါတယ်။

ကမ္ဘာပေါ်မှာလူဦးရေတိုးပွားတဲ့ပြဿနာကိုရင်ဆိုင်နေရတဲ့တိုင်းပြည်တခုအနေနဲ့အိမ်ထောင်တခုမှာကလေးနှစ်ယောက်လောက်ရှိရင်လုံလောက်ပြီလို့သင်ထင်ပါလိမ့်မယ်။ဒါပေမယ့်အိန္ဒိယကဇိုနာဆိုတဲ့လူကတော့ပုံမှန်နဲ့မတူပါဘူး။ဇနီး၃၉ယောက်နဲ့ကလေး၉၄ယောက်ရှိတဲ့အတွက်ကမ္ဘာပေါ်ကအကြီးဆုံးမိသားစုကိုပိုင်ဆိုင်ထားပါတယ်။

ချန်နာဆိုတဲ့ခရစ်ယာန်ဘာသာရေးကျောင်းရဲ့ခေါင်းဆောက်ဖြစ်တဲ့ဇိုနာကအိန္ဒိယဘာ့ခ်ဝန်မှာရှိတဲ့အခန်း၁၀၀ပါသောအိမ်မှာဇနီး၃၉ယောက်၊သားသမီး၉၄ယောက်အပြင်မြေး၃၃ယောက်နဲ့အတူတကွနေပါတယ်။အဲဒီအိမ်ကသူလိုချင်သလောက်မိန်းမတွေနဲ့အတူတူနေလို့ရပါတယ်။ဇနီးတွေကသူ့အိမ်ခန်းအနီးကအခန်းမှာနေကြပြီးသားသမီးတွေကသက်ဆိုင်ရာမိသားစုတွေနဲ့အခန်းကိုယ်စီမှာနေပါတယ်။

ဒီအိမ်မှာနေ့အလိုက်လုပ်ဆောင်ချက်တွေရှိပါတယ်။ဇနီးတွေကအလှည့်ကျချက်ပြုတ်ရပြီးသမီးတွေကအိမ်သန့်ရှင်းရေးနဲ့အဝတ်လျှော်ခြျင်းကိုအလှည့်ကျလုပ်ရပါတယ်။သားတွေကတော့လယ်ယာအလုပ်တွေလုပ်ကိုင်ရပါတယ်။ဒီလိုကြီးမားတဲ့မိသားစုကိုထိန်းသိမ်းဖို့ဘယ်လိုလုပ်မလဲသိချင်မှာပါ။သူတို့ကကိုယ်ပိုင်လုပ်ငန်းလဲရှိသလိုတခါတလေလှူဒါန်းတာတွေလဲရပါတယ်။သူတို့ကကြက်အကောင်၃၀၊အာလးူပေါင်၁၃၀ကိုနေ့စဉ်ဝယ်ခြမ်းရပါတယ်။

ညဘက်မှာတော့ဇိုနာကသူ့ရဲဇနီးတွေနဲ့နေ့ရက်အလိုက်အတူနေထိုင်ပါတယ်။သူ့မှာဇနီး ၃၉ယောက်ရှိနေပြီးပေမယ့်သူကဆက်ပြီးရှာနေတုန်းပါပဲ။သူပြောတာကကျွန်တော့မှာဂရုစိုက်ပြီးစောင့်ရှောက်ရမယ့်သူတွေအများကြီးရှိလို့ကျွန်တော်ကကံကောင်းတဲ့သူပါပဲလို့ပြောပါတယ်။

ဇိုနာရဲ့ဇနီးတွေကအချင်းချင်းမတည့်ပြီးမကောင်းကြံရင်းနေကြမယ်လို့သင်ထင်ရင်တော့လုံးဝမှားနေပါပြီ။သူ့ရဲ့ဇနီးတယောက်ဖြစ်တဲ့ဟန်တန်ဂန်ခီကဒီမိသားစုတခုလုံးကအချင်းအချင်းအဆင်ပြေကြပါတယ်။ကျွန်မတို့ကအချစ်နဲ့လေးစားမှုကိုမျှဝေပြီးနေကြတာမို့ပါလို့ပြောပါတယ်။

Writer -Min Thu (XYZ News)

LEAVE A REPLY