Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
အလုပ် ပိတ်ရက်မှာ နေမြင့်တဲ့အထိ အနားယူအိပ်စက်ခြင်းက အသက်ရှည်နိုင်ကြောင်း ပညာရှင်များ အတည်ပြု
တခါတလေမှာတော့ပိတ်ရက်တွေအိပ်ရာထဲမှာအကြာကြီးနေဖို့အကြောင်းပြချက်ပေးရခက်ပါတယ်။ဒါပေမယ့်ဒီသုတေသနအပိုင်းအစလေးကသင့်ကိုအကြောင်းပြချက်ဖြစ်စေမှာပါ။ဒီလိုပိတ်ရက်မှာအကြာကြီးအိပ်တာကသင့်အသက်ရှည်စေဖို့အကူအညီဖြစ်ပါတယ်။ဒီလိုအိပ်ခြင်းကကောင်းပါတယ်။အထူးသဖြင့်ကြားရက်တွေမှာအလုပ်အကြာကြီးလုပ်ရတဲ့သူတွေအတွက်ပေါ့။BrightSideကပိတ်ရက်မှာအကြာကြီးအိပ်ရင်ရမယ့်အကျိုးကျေးဇူးတွေကိုနားလည်ဖို့ကြိုးစားထားပါတယ်။ပိတ်ရက်မှာအိပ်တာကပိုကောင်းပါတယ်
နေ့စဉ်၈နာရီပုံမှန်အိပ်တာကအကောင်းဆုံးလို့ယုံကြပါတယ်။ဒါပေမယ့်လေ့လာချက်တခုအရဒါကအားလုံးမဟုတ်သေးပါဘူး။တကယ်တော့ကြားရက်တွေမှာနည်းနည်းအိပ်ပြီးပိတ်ရက်မှာအကြာကြီးအိပ်တာကအသက်ပိုရှည်စေတာပါ။ေ လ့လာချက်ကအိပ်ချိန်နဲ့သေတဲ့နှုန်းကိုချိန်ကိုက်ပြီးကြည့်ထားတာပါ။ ဒီသုတေသနက၁၃နှစ်အတွင်းမှာနိုင်ငံသေတဲ့စာရင်းအရလူပေါင်း၃၈၀၁၅ကိုလေ့လာပြီးအစုနှစ်ခုခွဲထားပါတယ်။၆၅နှစ်အောက်နဲ့၆၅နှစ်အထက်ပါ။တနေ့ကိုအိပ်ချိန်ပုံမှန်ကတော့ ၆နာရီကနရနာရီကြားပါ။လိင် ကိုယ် ဆေးလိပ်သောက်ခြင်း ရုပ်ပိုငိးဆိုင်ရာလုပ်ဆောင်မှုနဲ့အလုပ်ဆိုင်းတွေကိုလဲထည့်သွင်းစဉ်းစားပါတယ်။
သင်ကအသက်၆၅အောက်ဆိုရင်၅နာရီလောက်ပဲအိပ်ပါ။ဘယ်ရက်မဆိုပေါ့။တညကို၆နာရီရနာရီအိပ်တဲ့သူထက်၆၅ရာခိုင်နှုန်းသေနှုန်းမြန်ပါလိမ့်မယ်။ပိတ်ရက်မှာအကြာကြီးအိပ်တာကသင့်ကိုအသက်ရှည်စေပါတယ်။ သင်ကအသက်၆၅အောက်ဖြစ်ပြီးအိပ်ရတာကြိုက်တယ်ဆိုရင်သေနှုန်းနည်းမှာပါ။သင်၆နာရီကနေရနာရီလောက်ပုံမှန်အိပ်နေရင်ပိတ်ရက်မှာပိုကြာကြာအိပ်ပြီးသေခြင်းကိုအံတုလိုက်ပါ။
အနည်းဆုံး၈နာရီအိပ်တာကမရှိမဖြစ်လိုတယ်ဆိုတဲ့ဒဏ္ဍာရီကိုပြောင်းလိုက်ပါ။ဒါဆိုအကြာကြီးအိပ်တာပိုကောင်းလား။အဖြေကမဟုတ်ပါဘူး။နေ့စဉ်၈နာရီသို့မဟုတ်ပိုအိပိတာက၆နာရီရ၂၅ရာခိုင်နှုန်းသေဆုံးနိုင်ချေမြင့်ပါတယ်။ဒါကြောင့်တနေ့အနည်းဆုံး၈နာရီအိပ်ရင်ကျန်းမာတယ်ဆိုတာကိုဆန့်ကျင်လိုက်ပါ။
ဒါပေမယ့်ရှာဖွေမှုအားလုံးအရအသက်၆၅နဲ့အထက်သူတွေအတွက်တော့အသုံးမဝင်ပါဘူး။အိပ်ချိန်နဲ့သေဆုံးနှုန်းကြားကအဆက်ကသူတို့အတွက်ပျောက်နေပါတယ်။ပထမဆုံးလေ့လာမှုလုပ်တဲ့တော့ဘ်ဂျွန်ကအသက်ကြီးတဲ့သူတွေကဒီအထိရောက်ဖို့လိုတဲ့အချိန်တွေရပြီးသားဖြစ်လို့ဆိုပါတယ်။
Writer –Min Thu ( YGN Times )
LEAVE A REPLY