Zawgyi ျဖင့္ဖတ္ရန္

ခရီးသြားလုပ္ငန္း ဖြံၿဖိဳးတိုးတက္ရန္ ညီေနာင္က႑မ်ားတိုးတက္ရန္ႏွင့္ ညပိုင္းလည္ပတ္ႏိုင္သည့္ေနရာမ်ား ထပ္မံေဖာ္ေဆာင္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။ အဆိုပါလုပ္ငန္းမ်ား လုပ္ေဆာင္မည့္ကိစၥကို ေအာက္တိုဘာလ ၁၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕ သာေကတၿမိဳ႕နယ္ရွိ Fortune Plaza ၌ က်င္းပသည့္ Yangon Hotel Expo 2019 ျပပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ျပည္တြင္းခရီးသြားက႑ ဖြံၿဖိဳးဖို႔ဆိုရင္ ဒီက႑ထဲမွာပါဝင္ေနတဲ့ ညီေနာင္က႑ေတြ ဖြံၿဖိဳးတိုးတက္ဖို႔ကလည္း အေရးႀကီးပါတယ္။ ရန္ကုန္ၿမိဳ႕ကို လာေရာက္လည္ပတ္တဲ့သူေတြ ညဘက္ေတြမွာပါ လည္စရာေနရာရွိေအာင္ ႀကိဳးစားေဆာင္႐ြက္ေနပါတယ္” ဟု ဦးၿဖိဳးမင္းသိန္းက ေျပာဆိုသည္။

 

ခရီးသြားက႑ ဖြံၿဖိဳးတိုးတက္လာပါက အျခားနယ္ပယ္က႑မ်ားမွာ အလိုအေလ်ာက္ ဖြံၿဖိဳးတိုးတက္လာမည္ျဖစ္သည့္အတြက္ အဆိုပါက႑ႏွင့္ပတ္သက္သည့္ လုပ္ငန္းမ်ားကို ေျဖေလွ်ာ့ေပးလ်က္ရွိေၾကာင္း ၎ကဆိုသည္။ ျပည္ပဧည့္သည္ဝင္ေရာက္မႈသည္ ယခုႏွစ္ ဇန္နဝါရီမွ ဩဂုတ္လကုန္တြင္ ေလေၾကာင္းလိုင္း၊ အေပ်ာ္စီးသဘၤာႏွင့္ နယ္စပ္ဝင္ေပါက္ဂိတ္မ်ားမွ အတြင္းပိုင္းအထိ ဗီဇာျဖင့္ဝင္ေရာက္မႈမွာ လူဦးေရ ၁ ဒသမ ၂ သန္းေက်ာ္ရွိၿပီး နယ္စပ္မွဝင္ေရာက္မႈသည္ လူဦးေရ ၁ ဒသမ ၆ သန္းေက်ာ္ရွိသည့္အတြက္ စုစုေပါင္းဝင္ေရာက္မႈမွာ ၂ ဒသမ ၈ သန္းေက်ာ္ ရွိခဲ့ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန စာရင္းမ်ားအရ သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံအတြင္း ႏိုင္ငံတကာမွ ကုန္စည္ျပပြဲမ်ား လာေရာက္ျပသမႈတြင္လည္း ခရီးမ်ားလုပ္ငန္းမ်ား ပါဝင္ျပသလ်က္ရွိကာ ထိုင္ဝမ္၊ ကိုရီးယားႏွင့္ ဗီယက္နမ္တို႔မွ ခရီးသြားလုပ္ငန္းမ်ား လာေရာက္ျပသလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။

share form : burmese.asia

Unicode ဖြင့်ဖတ်ရန်

ရန်ကုန်မြို့၌ ညပိုင်းလည်ပတ်နိုင်သည့်နေရာများ ဖော်ဆောင်မည်ဟု ဝန်ကြီးချုပ်ပြောကြား

ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရန် ညီနောင်ကဏ္ဍများတိုးတက်ရန်နှင့် ညပိုင်းလည်ပတ်နိုင်သည့်နေရာများ ထပ်မံဖော်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ အဆိုပါလုပ်ငန်းများ လုပ်ဆောင်မည့်ကိစ္စကို အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza ၌ ကျင်းပသည့် Yangon Hotel Expo 2019 ပြပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်တွင်းခရီးသွားကဏ္ဍ ဖွံဖြိုးဖို့ဆိုရင် ဒီကဏ္ဍထဲမှာပါဝင်နေတဲ့ ညီနောင်ကဏ္ဍတွေ ဖွံဖြိုးတိုးတက်ဖို့ကလည်း အရေးကြီးပါတယ်။ ရန်ကုန်မြို့ကို လာရောက်လည်ပတ်တဲ့သူတွေ ညဘက်တွေမှာပါ လည်စရာနေရာရှိအောင် ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်လာပါက အခြားနယ်ပယ်ကဏ္ဍများမှာ အလိုအလျောက် ဖွံဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် အဆိုပါကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဖြေလျှော့ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။ ပြည်ပဧည့်သည်ဝင်ရောက်မှုသည် ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်တွင် လေကြောင်းလိုင်း၊ အပျော်စီးသင်္ဘာနှင့် နယ်စပ်ဝင်ပေါက်ဂိတ်များမှ အတွင်းပိုင်းအထိ ဗီဇာဖြင့်ဝင်ရောက်မှုမှာ လူဦးရေ ၁ ဒသမ ၂ သန်းကျော်ရှိပြီး နယ်စပ်မှဝင်ရောက်မှုသည် လူဦးရေ ၁ ဒသမ ၆ သန်းကျော်ရှိသည့်အတွက် စုစုပေါင်းဝင်ရောက်မှုမှာ ၂ ဒသမ ၈ သန်းကျော် ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ကုန်စည်ပြပွဲများ လာရောက်ပြသမှုတွင်လည်း ခရီးများလုပ်ငန်းများ ပါဝင်ပြသလျက်ရှိကာ ထိုင်ဝမ်၊ ကိုရီးယားနှင့် ဗီယက်နမ်တို့မှ ခရီးသွားလုပ်ငန်းများ လာရောက်ပြသလျက်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

share form : burmese.asia

LEAVE A REPLY