Zawgyi ျဖင့္ဖတ္ရန္

အငယ္ဆုံးေတြက အၿမဲတမ္းအလိုလိုက္ခံရလို႔၊ ဆိုးခ်င္တိုင္းဆိုးလို႔ရလို႔ဆိုၿပီး မိသားစုတစ္ခုမွာ၊ ေမာင္ႏွမေတြၾကားထဲမွာ အငယ္ဆုံးျဖစ္ရတာ အရမ္းကံေကာင္းတယ္လို႔ ေျပာတတ္ၾကပါတယ္။ အငယ္ဆုံးျဖစ္ရတာ ကံေကာင္းတယ္လို႔ဆိုႏိုင္ေပမယ့္ ဆိုးတဲ့အခ်က္ေတြလည္းရွိပါတယ္။ ကဲ အငယ္ဆုံးေတြသာ နားလည္တဲ့ ဒုကၡေလးေတြကိုေဖာ္ျပလိုက္ပါတယ္။ ဘယ္ႏွခ်က္ေလာက္မွန္ေနလဲ ေျပာသြားပါဦး။

(၁) အေဖ၊ အေမ၊ အဖိုး၊ အဖြားနဲ႔ အစ္ကို၊ အစ္မေတြက ကိုယ့္ရဲ႕ နာမည္အရင္းကိုေခၚတယ္လို႔မရွိဘဲ သူတို႔စိတ္ကူးထဲေပၚရာ၊ ပါးစပ္ထဲေတြ႕ရာ နာမည္ေတြေခၚတာခံရပါတယ္။ သူတို႔ကေတာ့ ခ်စ္ဖို႔ေကာင္းတဲ့နာမ္စားေတြလို႔ထင္ေပမယ့္ အေခၚခံရတဲ့လူအတြက္ကေတာ့ သိပ္အဆင္မေျပေနပါဘူး။ အဲ့ဒီနာမည္ေတြကို သူငယ္ခ်င္းေတြသာသိသြားရင္ မေတြးရဲစရာ။

(၂) သီတင္းကြၽတ္၊ ၾသကၤန္ ဒါမွမဟုတ္ ပြဲေတာ္ရက္တစ္ခုခုေရာက္မွ အဝတ္အစားအသစ္ဆိုတာရတာပါ။ တစ္ႏွစ္ပတ္လုံး အႀကီးေတြရဲ႕ အက်ပဲဝတ္ေနရတာကေတာ့ ေတာ္ေတာ္ဆိုးတဲ့အခ်က္ပါ။ ဝတ္ရတာလည္း ေယာက်ာ္းေလးဝတ္ေတြေရာ၊ မိန္းကေလးဝတ္ေတြေရာ အမ်ိဳးအစားေတြစုံေနတာပါပဲ။

(၃) “ငါ့ကို ဆရာလာမလုပ္နဲ႔၊ နင့္ထက္ ထမင္းအရင္စားတာ၊ နင့္ထက္ ပိုသိတယ္” ဆိုတဲ့ စကားကိုေတာ့ မၾကားခ်င္အဆုံး တစ္သက္လုံးၾကားခဲ့ရတာပါ။ အခုထိလည္းၾကားေနရတုန္းပဲ။

(၄) ေသခ်ာစဥ္းစားၿပီးေပးလိုက္တဲ့ အႀကံ၊ အိမ္အတြက္ အေထာက္အကူျဖစ္မယ္ထင္လို႔ ဝင္ေျပာလိုက္တဲ့စကားေတြက ဘယ္တုန္းကမွ အရာမဝင္ဘူး။ အငယ္ဆုံးေတြဟာ တစ္သက္လုံး လူႀကီးျဖစ္မလာဘူးလို႔ မွတ္ယူထားသလားထင္ရ။

(၅) အတန္းေတြလည္း တစ္တန္းၿပီးတစ္တန္းတက္လာတယ္၊ အသက္ေတြလည္း တစ္ႏွစ္ၿပီးတစ္ႏွစ္ႀကီးလာတယ္၊ အေဖအေမနဲ႔ အိပ္ရာခြဲမအိပ္ရေသးဘူး။

(၆) “သူ႔ကိုေခၚသြားရမွာလား၊ မေခၚခ်င္ဘူး၊ သူပါရင္မသြားေတာ့ဘူး” အဲ့လိုမ်ိဳး အစ္ကို၊ အစ္မေတြရဲ႕ ျငင္းဆန္ျခင္းကို မၾကာမၾကာခံရတတ္တယ္။

(၇) တစ္အိမ္လုံးရဲ႕ ဝိုင္းစတာခံရတယ္၊ ကိုယ္လုပ္သမွ် အၿမဲဟာသျဖစ္ေနတတ္တယ္။ အိမ္ကို ဧည့္သည္လာရင္ေတာင္ ကိုယ့္ရဲ႕ အလြဲေတြကို ေဖာက္သည္ခ်လိုက္ေသး။

(၈) အစ္ကို၊ အစ္မေတြရဲ႕ ညာခိုင္းတာခံရတယ္။ Complain တက္ရင္လည္း သူတို႔မေခၚမွာစိုးလို႔ မတက္ရဲဘူး။ အသက္ႀကီးလာမွ ဒါေတြကိုနားလည္လာၿပီး ေနာက္ထပ္ျပန္အဟားခံရတာမ်ိဳး။

(၉) ေက်ာင္းမွာဆိုလည္း ဆရာ၊ ဆရာမေတြက “နင့္အစ္ကို၊ အစ္မေတြတုန္းကေတာ့ ဘယ္လိုေတာ္တာေနာ္၊ နင့္အလွည့္မွ တလြဲမျဖစ္ေစနဲ႔” စသျဖင့္ ႏႈိင္းယွဥ္ေျပာတာခံရေသးတယ္။အငယ္ဆုံးျဖစ္ရတာ ဒီလို ဒုကၡေလးေတြေတာ့ ရွိေပမယ့္ အငယ္ဆုံးေတြဟာ တစ္အိမ္လုံးရဲ႕ အခ်စ္ဆုံးဆိုတာကိုေတာ့ ျငင္းလို႔မရပါဘူး။

Credit : aunty may

Unicode ဖြင့်ဖတ်ရန်

အစ်ကို၊ အစ်မတွေ ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်တဲ့ အငယ်ဆုံးဖြစ်ရခြင်းရဲ့ ဒုက္ခ (၉)မျိုး

အငယ်ဆုံးတွေက အမြဲတမ်းအလိုလိုက်ခံရလို့၊ ဆိုးချင်တိုင်းဆိုးလို့ရလို့ဆိုပြီး မိသားစုတစ်ခုမှာ၊ မောင်နှမတွေကြားထဲမှာ အငယ်ဆုံးဖြစ်ရတာ အရမ်းကံကောင်းတယ်လို့ ပြောတတ်ကြပါတယ်။ အငယ်ဆုံးဖြစ်ရတာ ကံကောင်းတယ်လို့ဆိုနိုင်ပေမယ့် ဆိုးတဲ့အချက်တွေလည်းရှိပါတယ်။ ကဲ အငယ်ဆုံးတွေသာ နားလည်တဲ့ ဒုက္ခလေးတွေကိုဖော်ပြလိုက်ပါတယ်။ ဘယ်နှချက်လောက်မှန်နေလဲ ပြောသွားပါဦး။

(၁) အဖေ၊ အမေ၊ အဖိုး၊ အဖွားနဲ့ အစ်ကို၊ အစ်မတွေက ကိုယ့်ရဲ့ နာမည်အရင်းကိုခေါ်တယ်လို့မရှိဘဲ သူတို့စိတ်ကူးထဲပေါ်ရာ၊ ပါးစပ်ထဲတွေ့ရာ နာမည်တွေခေါ်တာခံရပါတယ်။ သူတို့ကတော့ ချစ်ဖို့ကောင်းတဲ့နာမ်စားတွေလို့ထင်ပေမယ့် အခေါ်ခံရတဲ့လူအတွက်ကတော့ သိပ်အဆင်မပြေနေပါဘူး။ အဲ့ဒီနာမည်တွေကို သူငယ်ချင်းတွေသာသိသွားရင် မတွေးရဲစရာ။

(၂) သီတင်းကျွတ်၊ သြင်္ကန် ဒါမှမဟုတ် ပွဲတော်ရက်တစ်ခုခုရောက်မှ အဝတ်အစားအသစ်ဆိုတာရတာပါ။ တစ်နှစ်ပတ်လုံး အကြီးတွေရဲ့ အကျပဲဝတ်နေရတာကတော့ တော်တော်ဆိုးတဲ့အချက်ပါ။ ဝတ်ရတာလည်း ယောကျာ်းလေးဝတ်တွေရော၊ မိန်းကလေးဝတ်တွေရော အမျိုးအစားတွေစုံနေတာပါပဲ။

(၃) “ငါ့ကို ဆရာလာမလုပ်နဲ့၊ နင့်ထက် ထမင်းအရင်စားတာ၊ နင့်ထက် ပိုသိတယ်” ဆိုတဲ့ စကားကိုတော့ မကြားချင်အဆုံး တစ်သက်လုံးကြားခဲ့ရတာပါ။ အခုထိလည်းကြားနေရတုန်းပဲ။

(၄) သေချာစဉ်းစားပြီးပေးလိုက်တဲ့ အကြံ၊ အိမ်အတွက် အထောက်အကူဖြစ်မယ်ထင်လို့ ဝင်ပြောလိုက်တဲ့စကားတွေက ဘယ်တုန်းကမှ အရာမဝင်ဘူး။ အငယ်ဆုံးတွေဟာ တစ်သက်လုံး လူကြီးဖြစ်မလာဘူးလို့ မှတ်ယူထားသလားထင်ရ။

(၅) အတန်းတွေလည်း တစ်တန်းပြီးတစ်တန်းတက်လာတယ်၊ အသက်တွေလည်း တစ်နှစ်ပြီးတစ်နှစ်ကြီးလာတယ်၊ အဖေအမေနဲ့ အိပ်ရာခွဲမအိပ်ရသေးဘူး။

(၆) “သူ့ကိုခေါ်သွားရမှာလား၊ မခေါ်ချင်ဘူး၊ သူပါရင်မသွားတော့ဘူး” အဲ့လိုမျိုး အစ်ကို၊ အစ်မတွေရဲ့ ငြင်းဆန်ခြင်းကို မကြာမကြာခံရတတ်တယ်။

(၇) တစ်အိမ်လုံးရဲ့ ဝိုင်းစတာခံရတယ်၊ ကိုယ်လုပ်သမျှ အမြဲဟာသဖြစ်နေတတ်တယ်။ အိမ်ကို ဧည့်သည်လာရင်တောင် ကိုယ့်ရဲ့ အလွဲတွေကို ဖောက်သည်ချလိုက်သေး။

(၈) အစ်ကို၊ အစ်မတွေရဲ့ ညာခိုင်းတာခံရတယ်။ Complain တက်ရင်လည်း သူတို့မခေါ်မှာစိုးလို့ မတက်ရဲဘူး။ အသက်ကြီးလာမှ ဒါတွေကိုနားလည်လာပြီး နောက်ထပ်ပြန်အဟားခံရတာမျိုး။

(၉) ကျောင်းမှာဆိုလည်း ဆရာ၊ ဆရာမတွေက “နင့်အစ်ကို၊ အစ်မတွေတုန်းကတော့ ဘယ်လိုတော်တာနော်၊ နင့်အလှည့်မှ တလွဲမဖြစ်စေနဲ့” စသဖြင့် နှိုင်းယှဉ်ပြောတာခံရသေးတယ်။အငယ်ဆုံးဖြစ်ရတာ ဒီလို ဒုက္ခလေးတွေတော့ ရှိပေမယ့် အငယ်ဆုံးတွေဟာ တစ်အိမ်လုံးရဲ့ အချစ်ဆုံးဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

Credit : aunty may

LEAVE A REPLY