Zawgyi ဖြင့်ဖတ်ရန်
Writer -Min Thu (XYZ News)
Unicode ဖြင့်ဖတ်ရန်
သင်ကိုယ်တိုင်တောင်မသိသေးတဲ့ သင့်ခန္ဓာကိုယ်က ထူးခြားတဲ့အချက်များ
လူသားတွေရဲ့ကိုယ်မှာလျိုဝှက်ချက်များစွာရှိပါတယ်။ပြီးတော့တော်တော်များများမရှင်းပြနိုင်တာနဲ့ရှာမတွေ့တာတွေလဲရှိတယ်လို့ယုံကြည်ကြပါတယ်။ကံကောင်းစွာနဲ့ခေတ်မီဆေးပညာကမေးခွန်းတွေအတွက်အဖြေတွေရှာပေးသလိုသိအောင်လဲမျှဝေပေးပါတယ်။
BrightSideကသင်တောင်မတွေးမိလောက်မယ့်ထူးဆန်းတဲ့အမှန်တရား ၁၂ခုကိုပြောပြထားပါတယ်။
၁၂။လူတယောက်ကခြင်ပေါင်းတသန်းရဲ့အစာဖြစ်နိုင်ပါတယ်
လူတယောက်ရဲ့ကိုယ်ကခြင်ပေါင်း၁.၂သန်းကနေ၁.၈သန်းအထိသွေးစုပ်တာခံနိုင်ပါတယ်။ခြင်းတကောင်ကတခါကိုက်ရင်သွေးဝ.၀၀၃မီလီလီတာစုပ်ပါတယ်။ဒါကြောင့်လူကြိုယ်ကသွေးအားလုံးကုန်ဖို့ဆိုရင်ခြင်တပ်တတပ်လောက်သွေးစုပ်မှရပါမယ်။
၁၁။အမျိုးသားတွေရဲ့ရင်သားကနို့ထုတ်နိုင်ပါတယ်
ဘယ်လိုလူမျိုးမဆိုမှာနို့ဂလင်း၊နို့စီးပြွန်နဲ့နို့သီးခေါင်းတွေပါပါတယ်။အမျိုးသားတွေရဲ့နို့သီးခေါင်းကလဲနို့ထွက်ဖို့လှုံ့ဆော်နိုင်ပါတယ်။အဲဒါကစိတ်ဖိအားအလွန်များလို့ဖြစ်နိုင်သလိုဟော်မုန်းမညီမျှလို့လဲဖြစ်နိုင်ပါတယ်။
၁၀။အမျိုးသမီးတယောက်ကကလေးအယောက်၄၀မွေးနိုင်ပါတယ်။
မျိုးရိုးဗီဇပေါ်လိုက်ပြီးတချို့အမျိုးသမီးတွေကကလေးအမြောက်အများမွေးဖွားနိုင်ပါတယ်။ရုရှားအမျိုးသမီးတယောက်ရဲ့တရားဝင်စံချိန်အရ၁၈ရာစုတုန်းကကလေး၆၉ယောက်ကိုမွေးခဲ့ပါတယ်။
၉။သင့်ကိုယ်ပေါ်မှာမျက်နှာပေါ်ကအမွေးကအရှည်အမြန်ဆုံးပါပဲ
အမျိုးသားထုကြီးကိုအဲဒီမေးခွန်းမေးလိုက်ရင်တော့နေ့တိုင်းမုတ်ဆိတ်ရိတ်ရတဲ့အတွက်ဒါကအမှန်တရားပါလို့လက်ခံကြပါလိမ့်မယ်။အမျိုးသမီးတော်တော်များများကမုတ်ဆိတ်ပါတဲ့အမျိုးသားတွေကိုဆွဲဆောင်မှုရှိတယ်လို့ထင်လို့တော်ပါသေးတယ်။
၈။အမျိုးသမီးတွေရဲ့လက်ဗွေရာကအမျိုးသားတွေနဲ့၉၉ရာခိုင်နှုန်းကွာခြားပါတယ်
အမျိုးသမီးတွေရဲ့အရေပြားကအမျိုးသားတွေနဲ့ယှဉ်ရင်အမိုင်နိုအက်ဆစ်နှစ်ဆပိုများတဲ့အတွက်လက်ဗွေရာကလုံးဝကွဲပါးပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေကကျား၊မခွဲဖို့လက်ဗွေနှိပ်ခိုင်းပါတယ်။
၇။ကျွန်ုပ်တို့လက်တွေကိုစုလိုက်တဲ့နည်းအတိုင်းဦးနှောက်ကဘာလဲဆိုတာပြောနိုင်ပါတယ်
ညာဘက်လက်ချောင်းအပေါ်ကတော့ညာဘက်ဦးနှောက်ကထင်ရှားတယ်လို့ဆိုလိုတာပါ။ဘယ်ဘက်လက်ချောင်းအပေါ်ရောက်ရင်တော့သင့်ကိုယ်မှာဘယ်ဘက်ဦးခေါင်းကပိုတက်ကြွတယ်လို့ဆိုလိုတာပါ။ညာဘက်ဦးနှောက်ကစိတ်ခံစားချက်နဲ့စိတ်ကူးစိတ်သန်းအတွက်တာဝန်ရှိပါတယ်။ဘယ်ဘက်ဦးနှောက်ကလက်တွေ့ကျကျတွေးခေါ်ဖို့တာဝန်ရှိပါတယ်။
လူတွေထဲက၁ရာခိုင်နှုန်းကတော့လက်ချောင်းတွေကအပြိုင်ညီနေပါတယ်။အဲဒီလိုလူတွေကိုထူးခြားတဲ့သူလို့ခေါ်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့အပြောအရဒီလိုလူတွေမှာထူးခြားတဲ့ဦးနှောက်အခြမ်းမရှိဘူးလို့ပြောပါတယ်။ဒီလိုအခြေအနေမှာနှစ်ခုလုံးကတူညီစွာဖွံ့ဖြိုးနေပါတယ်။
၆။သင့်နှာခေါင်းကထွက်လာတဲ့အရည်တွေကဦးနှောက်ကဖြစ်နိုင်ပါတယ်
နှာခေါင်းကထွက်လာတဲ့အရည်တွေကဦးနှောက်ရဲ့ရည်ကြည်တွေလြဲဖစ်နိုင်ပါတယ်။ဦးနှောက်အရည်ကြည်ကဦးနှောက်တဝိုက်မှာရှိပြီးအထူးအမြှေးပါးနဲ့ထိန်းထားတာပါ။တခါတလေမှာအရည်ကြည်အဖြစ်နှာခေါင်းကနေထွက်တတ်ပါတယ်။
၅။သင်ထင်တာထက်သင်ကပိုထင်ရှားပါတယ်
သင်ကတကယ်ကိုထင်ရှားတဲ့သူပါ။လက်ဗွေရာတင်မကဘဲနားရွက်ရဲ့ပုံစံကလဲထင်ရှားပါတယ်။လျှာမှာလဲထင်ရှားတဲ့ပုံနဲ့အထိအတွေ့ရှိပါတယ်။လက်ဗွေရာနဲ့မတူတာကအဲဒီပုံစံကဘယ်တော့မှမပြောင်းပါဘူး။
၄။အမျိုးသမီးတွေကပိုအသက်ရှည်တယ်
အမျိုးသမီးတွေရဲ့ကိုယ်ခံအားစနစ်ကအပြင်ကောအတွင်းကောမှာပိုကောင်းပါတယ်၊ပြီးတော့ဆဲလ်တွေရဲ့သက်တမ်းကနှေးပြီးအကျိုးရှိစွာအလုပ်လုပ်နိုင်ပါတယ်။ဒါကြောင့်အမျိုးသမီးတွေကအမျိုးသားတွေထက်ပိုအသက်ရှည်ပြီးနေမကောင်းဖြစ်တာလဲနည်းပါတယ်။
၃။အမျိုးသမီးတွေရဲ့နှလုံးကပိုအခုန်မြန်တယ်။
ကနေဒါနိုင်ငံရဲ့သိပ္ပံပညာရှင်တွေကအမျိုးသမီးတွေကအမျိုးသားတွေထက်၁.၇နာရီကနေ၂.၃နာရီအထိပိုအခုန်မြန်တယ်လို့ထုတ်ဖော်ပြခဲ့ပါတယ်။တမိနစ်ကို၁၀ကြိမ်လောက်ပိုခုန်ပါတယ်။
၂။သင့်ရဲ့အသည်းမှာလုပ်ဆောင်ချက်၅၀၀ကျော်ရှိပါတယ်
အလုပ်များတဲ့အရာအကြောင်းပြောရရင်ကျွန်ုပ်တို့ရဲ့အသည်းကသွေးစစ်ချခြင်း၊အဆီတွေဖြိုခွဲပြီးစုပ်ယူခြင်း၊ကိုလက်စထရောနဲ့တခြားဗီတာမင်များကိုလုပ်ဆောင်ပေးခြင်းစတာတွေအားလုံးကိုလုပ်ပါတယ်။
၁။လူတွေကသန့်စင်ခန်းသွားရတော့မယ်ဆိုရင်ပိုပြီးလွယ်လွယ်လိမ်ကြပါတယ်
ဆီးအိမ်ပြည့်နေတဲ့လူတွေကပိုလွယ်လွယ်လိမ်ကြပါတယ်။သန့်စင်ခန်းကိုသွားချင်စိတ်ပြင်းနေတဲ့လူတယောက်ကကိုယ့်ကိုကိုယ်ထိန်းချုပ်မှုများပြီးပိုလွယ်လွယ်လိမ်နိုင်ပါတယ်။အဲဒီအပြင်တခြားအပိုလှုပ်ရှားမှုတွေကိုရှောင်တတ်ပါတယ်။
Writer -Min Thu (XYZ News)