Zawgyi ျဖင့္ဖတ္ရန္

 

ရင္နဲ႔အမွ် ခ်စ္ခဲ့ရတဲ့ ဒီကေလးအတြက္ အခ်ိန္တန္ၿပီလို႔ ယူဆတယ္လို႔ စင္ေရာ္ေမာင္ေမာင္က ဆိုပါတယ္။ ဝါရင့္ဒါ႐ိုက္တာႀကီး စင္ေရာ္ေမာင္ေမာင္ကေတာ့ သူ႔ရဲ႕ တစ္ဦးတည္းေသာ သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္ ကို သူ႔ရဲ႕ ပိုင္ဆိုင္မႈအားလုံး လႊဲေျပာင္းေပးေတာ့မယ္လို႔ ဆိုပါတယ္။ သားျဖစ္သူပညာေရးအတြက္ အေႂကြးတင္ခံ ၿပီး ျပဳစုပ်ိဳးေထာင္ခဲ့သလို ဒါ႐ိုက္တာ ျဖစ္ေအာင္ ပံ့ပိုးေပးခဲ့တဲ့ စင္ေရာ္ေမာင္ေမာင္က ဒီအခ်ိန္က သားကို အေမြေတြအားလုံး လႊဲေပးဖို႔ အခ်ိန္တန္ၿပီလို႔ ေျပာပါတယ္။

“ငါးႏွစ္ေလာက္ရွိၿပီအိမ္ေထာင္ကြဲၿပီးကတည္းက တစ္ေယာက္တည္းေနခဲ့တာ။ ေနာက္ထပ္အိမ္ေထာင္ျပဳဖို႔ကို စဥ္းစားတိုင္း စဥ္းစားတိုင္း သားေလးအတြက္အၿမဲတမ္း ေတြးတယ္ ။ကေလးကို ျပဳစုပ်ိဳးေထာင္ေပးတ ယ္။ႏိုင္ငံျခားမွာ ေက်ာင္းထားတယ္။ ဒါ႐ိုက္တာ ျဖစ္ေအာင္လုပ္တယ္ရွိသမွ် ေျမကြက္ေတြ ေရာင္းၿပီး ပညာေရးအတြက္ ထားတယ္။ အေႂကြးေတြ ဘာေတြေတာင္ တင္တယ္။အခုေတာ့ အားလုံးဆပ္လို႔ ၿပီးသေလာက္ရွိၿပီ။ ဒီေလာက္ ရင္နဲ႔အမွ် ခ်စ္ခဲ့ရတဲ့ ဒီကေလးက အခ်ိန္တန္ၿပီလို႔ ထင္တယ္” လို႔ သူက ဆိုပါတယ္။ သားျဖစ္သူရဲ႕ အႏုပညာအရည္အေသြးေတြကလည္း သူ႔ထက္သာလြန္ေကာင္းမြန္တယ္လို႔ ခ်ီးက်ဴးထားပါေသးတယ္။

“တိမ္ေတြေပၚကပန္းရယ္ စိုင္းစိုင္း ခမ္းလႈိင္ ေၾကာ္ျငာေတြမွာ သူ႔ရဲ႕ ႐ိုက္ခ်က္ ။ editing အကုန္လုံးေပါ့ ၾကည့္လိုက္ေတာ့ ကိုယ့္ထက္ အေတြ႕အႀကဳံကလြဲလို႔ အစစအရာရာေခတ္မွီတယ္ ။တိုးတတ္တယ္သာလြန္တယ္လို႔ ယူဆတယ္။ အဲဒါေၾကာင့္ အလြန္ဆုံး ၂ႏွစ္ အျမန္ဆုံး၁ႏွစ္အတြင္းမွာ လြဲမယ္လို႔ စိတ္ကူးထားတယ္။ သူကေတာ့ အေဖေစာေသးတယ္သား နာမည္နဲ႔မလုပ္ပါနဲ႔ေျပာ တယ္ ေလာကႀကီးက ေျပာလို႔မရဘူးေလ။ဆိုေတာ့ သူ႔လက္ထဲကို စိတ္ခ်လက္ခ် ထားခဲ့ဖို႔လိုတယ္။ ေနာက္ဒီဟာေတြကို မေပ်ာက္ပ်က္ေအာင္ လုပ္ထားတာေတြ ရွိပါတယ္ ” လို႔ ေျပာပါတယ္။

မင္းသန႔္ေမာင္ေမာင္ဟာ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ က ျမန္မာႏိုင္ငံကို အၿပီး ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ သူဟာ အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာရွိတဲ့ New York Film Academy မွာ ၃ ႏွစ္ေက်ာ္အၾကာ ပညာသင္ၾကားခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ Bachelor of Fine Arts ဘြဲ႕ကို ရရွိပိုင္ဆိုင္ခဲ့ပါတယ္။ သူ႔ကိုေတာ့ မိခင္ျဖစ္သူ သ႐ုပ္ေဆာင္ ေမသန္းႏုနဲ႔ အတူ တီဗီေၾကာ္ျငာေတြ ကေနတဆင့္ ပရိသတ္ေတြ အားေပးခ်စ္ခင္လာခဲ့ရတဲ့ ကေလးတစ္ေယာက္ျဖစ္ပါတယ္။ အခုဆိုရင္ ဖခင္စင္ေရာ္ေမာင္ေမာင္နဲ႔ အတူ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ တြဲဖက္ဒါ႐ိုက္တာအျဖစ္ ပါဝင္႐ိုက္ကူးလို႔ ေနပါၿပီ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ပိုင်ဆိုင်မှုတွေအားလုံး မင်းသန့်မောင်မောင်ကို လွှဲပေးတော့မယ်ဆိုတဲ့ စင်ရော်မောင်မောင်

ရင်နဲ့အမျှ ချစ်ခဲ့ရတဲ့ ဒီကလေးအတွက် အချိန်တန်ပြီလို့ ယူဆတယ်လို့ စင်ရော်မောင်မောင်က ဆိုပါတယ်။ ဝါရင့်ဒါရိုက်တာကြီး စင်ရော်မောင်မောင်ကတော့ သူ့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင် ကို သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံး လွှဲပြောင်းပေးတော့မယ်လို့ ဆိုပါတယ်။ သားဖြစ်သူပညာရေးအတွက် အကြွေးတင်ခံ ပြီး ပြုစုပျိုးထောင်ခဲ့သလို ဒါရိုက်တာ ဖြစ်အောင် ပံ့ပိုးပေးခဲ့တဲ့ စင်ရော်မောင်မောင်က ဒီအချိန်က သားကို အမွေတွေအားလုံး လွှဲပေးဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။

“ငါးနှစ်လောက်ရှိပြီအိမ်ထောင်ကွဲပြီးကတည်းက တစ်ယောက်တည်းနေခဲ့တာ။ နောက်ထပ်အိမ်ထောင်ပြုဖို့ကို စဉ်းစားတိုင်း စဉ်းစားတိုင်း သားလေးအတွက်အမြဲတမ်း တွေးတယ် ။ကလေးကို ပြုစုပျိုးထောင်ပေးတ ယ်။နိုင်ငံခြားမှာ ကျောင်းထားတယ်။ ဒါရိုက်တာ ဖြစ်အောင်လုပ်တယ်ရှိသမျှ မြေကွက်တွေ ရောင်းပြီး ပညာရေးအတွက် ထားတယ်။ အကြွေးတွေ ဘာတွေတောင် တင်တယ်။အခုတော့ အားလုံးဆပ်လို့ ပြီးသလောက်ရှိပြီ။ ဒီလောက် ရင်နဲ့အမျှ ချစ်ခဲ့ရတဲ့ ဒီကလေးက အချိန်တန်ပြီလို့ ထင်တယ်” လို့ သူက ဆိုပါတယ်။ သားဖြစ်သူရဲ့ အနုပညာအရည်အသွေးတွေကလည်း သူ့ထက်သာလွန်ကောင်းမွန်တယ်လို့ ချီးကျူးထားပါသေးတယ်။

“တိမ်တွေပေါ်ကပန်းရယ် စိုင်းစိုင်း ခမ်းလှိုင် ကြော်ငြာတွေမှာ သူ့ရဲ့ ရိုက်ချက် ။ editing အကုန်လုံးပေါ့ ကြည့်လိုက်တော့ ကိုယ့်ထက် အတွေ့အကြုံကလွဲလို့ အစစအရာရာခေတ်မှီတယ် ။တိုးတတ်တယ်သာလွန်တယ်လို့ ယူဆတယ်။ အဲဒါကြောင့် အလွန်ဆုံး ၂နှစ် အမြန်ဆုံး၁နှစ်အတွင်းမှာ လွဲမယ်လို့ စိတ်ကူးထားတယ်။ သူကတော့ အဖေစောသေးတယ်သား နာမည်နဲ့မလုပ်ပါနဲ့ပြော တယ် လောကကြီးက ပြောလို့မရဘူးလေ။ဆိုတော့ သူ့လက်ထဲကို စိတ်ချလက်ချ ထားခဲ့ဖို့လိုတယ်။ နောက်ဒီဟာတွေကို မပျောက်ပျက်အောင် လုပ်ထားတာတွေ ရှိပါတယ် ” လို့ ပြောပါတယ်။

မင်းသန့်မောင်မောင်ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံကို အပြီး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ကိုတော့ မိခင်ဖြစ်သူ သရုပ်ဆောင် မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေ ကနေတဆင့် ပရိသတ်တွေ အားပေးချစ်ခင်လာခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် ဖခင်စင်ရော်မောင်မောင်နဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ တွဲဖက်ဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူးလို့ နေပါပြီ။

share from : burmese.asia

LEAVE A REPLY