Zawgyi ဖြင့်ဖတ်ရန်


 


 


Credit : popolay

Unicode ဖြင့်ဖတ်ရန်

၁၀ နှစ်သမီးလေးကို စော်ကားပြီးသတ်ပစ်တဲ့ ၁၃ နှစ်သား ထောင်ဒဏ်မကျခံရ

လက်တလောဖြစ်ပွားခဲ့တဲ့ ရက်ရက်စက်စက် ကလေးလူသတ်မှု တစ်ခုကြောင့် တရုတ်နိုင်ငံရဲ့ တရားဥပဒေကို ပြင်ဆင်သင့်ပြီဖြစ်ကြောင်း ဝိုင်းဝန်းဝေဖန်ပြောဆိုနေကြပါတယ်။ ဒါလီယန်မြို့မှ အသက် ၁၀ နှစ်အရွယ် ကျောင်းသူလေးကို အသက် ၁၃ နှစ်အရွယ် ကောင်လေးက လိင်ပိုင်းဆိုင်ကျူးလွန်စောကားမှုတွေ ပြုလုပ်ပြီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ အစေားပိုင်းက ‘ချိုင်’ လို့အမည်ရတဲ့ ၁၃ နှစ်သားလေးက ၁၀ နှစ်အရွယ်ကျောင်းသူလေးကို လူကြီးများမရှိခိုက် သွေးဆောင်ဖြားယောင်းကာ နေအိမ်သို့ခေါ်လာခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ပြီးနောက် ဓါးနဲ့ထိုးသတ်ကာ အလောင်းကို မြောင်းတစ်ခုထဲ စွန်ပစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ လူသတ်မှုကျူးလွန်သူအတွက် အပြစ်ပေးနိုင်သည့် အသက်ကို ၁၄ နှစ်ပြဌာန်းထားသည့်အတွက် ‘ချိုင်’ ကို ဥပဒေအရ အပြစ်ပေးနိုင်ခြင်း မရှိပဲ ပြန်လည်ထူထောင်ရေးကျောင်းတွင် ၃ နှစ်နေရမည်ဟု အမိန့်ချမှတ်နိုင်ခဲ့သည်။ ဒီအမှုကြောင့် တရုတ်လူမှုကွန်ယက်တွင် ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး အပြစ်ခံယူရမည့်အသက်ကို ဒီထပ်နှိမ့်သင့်ကြောင်း ထောက်ပြပြောဆိုတာတွေရှိနေခဲ့ပါတယ်။ အလားတူအဖြစ်မျိုး မနှစ်ကလည်း ဖြစ်ခဲ့ပြီး မိခင်ကို ပြန်သတ်တဲ့ အသက် ၁၃ နှစ်သားကို အပြစ်ပေးနိုင်ခြင်းမရှိခဲ့ပါ။

Credit : popolay

LEAVE A REPLY