Zawgyi ျဖင့္ဖတ္ရန္

သေဘာေကာင္းတယ္၊ စိတ္ထားေကာင္းတယ္ဆိုတာ လူတိုင္းမလုပ္ႏိုင္တဲ့ကိစၥျဖစ္လို႔ လူမႈပတ္ဝန္းက်င္မွာ အလြန္ေကာင္းမြန္တဲ့အျပဳအမူလို႔ သတ္မွတ္ထားၾကပါတယ္။ ဒါေပမယ့္ ေနရာတိုင္း သေဘာေကာင္းေနလို႔ေတာ့မျဖစ္ပါဘူး။

တ႐ုတ္ႏိုင္ငံက ေလယာယ္မႉးႀကီးတစ္ဦးကေတာ့ သေဘာေကာင္းလြန္းတဲ့အတြက္ ေလယာဥ္မႉးရာထူးကေန တစ္သက္တာ ရပ္ဆိုင္းခံလိုက္ရၿပီး သူ႔ရဲ႕အသက္ေမြးဝမ္းေၾကာင္းတစ္ခုလုံး ပ်က္ဆီးသြားခဲ့ရပါတယ္။

ပုံမွာျမင္ရတဲ့အတိုင္း မိန္းကေလးတစ္ေယာက္ဟာ ေလယာဥ္မႉးရဲ႕ထိုင္ခုံမွာ ထိုင္ေနၿပီး သူ႔ေရွ႕စားပြဲမွာေတာ့ လက္ဖက္ရည္ခြက္ေတြခ်ထားကာ လက္ႏွစ္ေခ်ာင္းေထာင္ ပို႔စ့္ေပးေနတဲ့ ဓါတ္ပုံဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က တ႐ုတ္လူမႈကြန္ယက္ ဝီဘိုမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

 

ေဝဖန္မႈေတြ ျပင္းထန္ခဲ့ၿပီးေနာက္ အဆိုပါေလယာဥ္ရဲ႕ ေလယာဥ္မႉးႀကီးကို ေလေၾကာင္းလိုင္းက တစ္သက္တာ ေလယာဥ္ေမာင္းခြင့္ ပိတ္ပင္လိုက္ပါတယ္။

ဒီဓါတ္ပုံဟာ လြန္ခဲ့တဲ့ ၁၀ လခန႔္က Air Guilin ေလေၾကာင္းလိုင္းရဲ႕ ခရီးစဥ္တစ္ခုမွာ ပ်ံသန္းေနစဥ္ ႐ိုက္ကူးခဲ့တဲ့ပုံျဖစ္ပါတယ္။ ပုံထဲမွာပါတဲ့ မိန္းကေလးရဲ႕ အမည္က ‘ခ်န္ယုရင္’ ျဖစ္ၿပီး Guilin Tourism University မွာ တတိယႏွစ္တက္ေရာက္ေနတဲ့ ေက်ာင္းသူေလးျဖစ္ပါတယ္။ သူမဟာ ေလယာဥ္မယ္ျဖစ္ဖို႔ အလြန္စိတ္အားထက္သန္ေနသူျဖစ္ၿပီး မၾကာခင္မွာ ေလယာဥ္မယ္အျဖစ္နဲ႔ ေက်ာင္းဆင္း ဘြဲ႕ရေတာ့မွာျဖစ္ပါတယ္။

ဒီဓါတ္ပုံကို ေလေၾကာင္းအလုပ္အကိုင္ အသိုင္းအဝိုင္းထဲက တစ္ေယာက္ေယာက္ကေန အြန္လိုင္းေပၚကိုတင္ၿပီး အတို႔အေထာင္ လုပ္လိုက္တာျဖစ္ပါတယ္။ ပုံနဲ႔အတူ “ေလယာဥ္မႉးႀကီးကို အထူးေက်းဇူးတင္ပါတယ္! က်မအရမ္းေတြ စိတ္လႈပ္ရွားေနပါၿပီ” လို႔ စာတမ္းထိုးထားပါေသးတယ္။

အြန္းလိုင္းသုံးသူေတြက ဓါတ္ပုံကို ေသေသခ်ာခ်ာၾကည့္ရႈၾကၿပီးေနာက္ ဒီပုံဟာ ေလယာဥ္ပ်ံသန္းေနစဥ္ ႐ိုက္ထားတဲ့ ပုံျဖစ္တယ္လို႔ ဝိုင္းဝန္းေထာက္ျပခဲ့ၾကပါတယ္။

ႏိုဝင္ဘာ ၄ ရက္ တနလၤာေန႔မွာေတာ့ Air Guilin က ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့ၿပီး အမည္မေဖာ္ျပထားတဲ့ ေလယာဥ္မႉးဟာ ေလေၾကာင္းလုံၿခဳံေရးစည္းကမ္းခ်က္ေတြကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒီဓါတ္ပုံ႐ိုက္ကူးခဲ့တဲ့အခ်ိန္က ၿပီးခဲ့တဲ့ ဇန္နဝါရီလက ေဂါင္ဇီ နဲ႔ ယန္က်ိဳး ကို ပ်ံသန္းတဲ့ ေလယာယ္ခရီးစဥ္အတြင္းမွာ ႐ိုက္ကူးခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

“Air Guilin အေနနဲ႔ ေလယာဥ္မႉးကို တစ္သက္တာ ေလယာဥ္ပ်ံသန္းခြင့္ ပိတ္လိုက္ပါၿပီ” လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ အလုပ္ျဖဳတ္လိုက္လား ဒါမွမဟုတ္ ေလေၾကာင္းလိုင္းရဲ႕ အျခားေနရာေတြမွာေရာ တာဝန္ေပးထားလားဆိုတာကိုေတာ့ ေဖာ္ျပခဲ့ျခင္းမရွိပါဘူး။

“ဒီေလယာဥ္မွာ လိုက္ပါအမႉထမ္းခဲ့ၾကတဲ့ အမႉထမ္းေတြအားလုံးကိုလည္း အမႈစုံစမ္းစစ္ေဆးေနစဥ္အခ်ိန္အတြင္း အလုပ္ကေန ရပ္နားထားပါတယ္” လို႔လည္း ေဖာ္ျပထားပါတယ္။

“Air Guilin အေနနဲ႔ ခရီးသည္ေတြရဲ႕ ေဘးကင္းလုံၿခဳံေရးကိုသာ အဓိကေရွ႕ရႈတာျဖစ္ၿပီး လုံၿခဳံေရးကို ထိပါးလာေစမယ့္ မဆီေလ်ာ္ေသာ မည္သည့္အျပဳမူမ်ိဳးကိုမဆို လုံးဝသည္းခံခြင့္လႊတ္မည္မဟုတ္ပါ ထို႔ျပင္ ပေရာ္ဖက္ရွင္နယ္မဆန္တဲ့ အျပဳအမႈေၾကာင့္ ေလေၾကာင္းလုံၿခဳံေရးကို ထိခိုက္ေစတယ္” လို႔ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္မို႔ သေဘာေကာင္းတယ္ဆိုတာ ေကာင္းမြန္တဲ့အျပဳအမူျဖစ္ေပမယ့္ ေနရာတကာတိုင္း သေဘာေကာင္းရန္မသင့္ေၾကာင္း သတိမူသင့္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

သဘောကောင်းလွန်းလို့ ဘဝပျက်သွားတဲ့ လေယာဉ်မှူးကြီး

သဘောကောင်းတယ်၊ စိတ်ထားကောင်းတယ်ဆိုတာ လူတိုင်းမလုပ်နိုင်တဲ့ကိစ္စဖြစ်လို့ လူမှုပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်တဲ့အပြုအမူလို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် နေရာတိုင်း သဘောကောင်းနေလို့တော့မဖြစ်ပါဘူး။

တရုတ်နိုင်ငံက လေယာယ်မှူးကြီးတစ်ဦးကတော့ သဘောကောင်းလွန်းတဲ့အတွက် လေယာဉ်မှူးရာထူးကနေ တစ်သက်တာ ရပ်ဆိုင်းခံလိုက်ရပြီး သူ့ရဲ့အသက်မွေးဝမ်းကြောင်းတစ်ခုလုံး ပျက်ဆီးသွားခဲ့ရပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း မိန်းကလေးတစ်ယောက်ဟာ လေယာဉ်မှူးရဲ့ထိုင်ခုံမှာ ထိုင်နေပြီး သူ့ရှေ့စားပွဲမှာတော့ လက်ဖက်ရည်ခွက်တွေချထားကာ လက်နှစ်ချောင်းထောင် ပို့စ့်ပေးနေတဲ့ ဓါတ်ပုံဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တရုတ်လူမှုကွန်ယက် ဝီဘိုမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပြီးနောက် အဆိုပါလေယာဉ်ရဲ့ လေယာဉ်မှူးကြီးကို လေကြောင်းလိုင်းက တစ်သက်တာ လေယာဉ်မောင်းခွင့် ပိတ်ပင်လိုက်ပါတယ်။

ဒီဓါတ်ပုံဟာ လွန်ခဲ့တဲ့ ၁၀ လခန့်က Air Guilin လေကြောင်းလိုင်းရဲ့ ခရီးစဉ်တစ်ခုမှာ ပျံသန်းနေစဉ် ရိုက်ကူးခဲ့တဲ့ပုံဖြစ်ပါတယ်။ ပုံထဲမှာပါတဲ့ မိန်းကလေးရဲ့ အမည်က ‘ချန်ယုရင်’ ဖြစ်ပြီး Guilin Tourism University မှာ တတိယနှစ်တက်ရောက်နေတဲ့ ကျောင်းသူလေးဖြစ်ပါတယ်။ သူမဟာ လေယာဉ်မယ်ဖြစ်ဖို့ အလွန်စိတ်အားထက်သန်နေသူဖြစ်ပြီး မကြာခင်မှာ လေယာဉ်မယ်အဖြစ်နဲ့ ကျောင်းဆင်း ဘွဲ့ရတော့မှာဖြစ်ပါတယ်။

ဒီဓါတ်ပုံကို လေကြောင်းအလုပ်အကိုင် အသိုင်းအဝိုင်းထဲက တစ်ယောက်ယောက်ကနေ အွန်လိုင်းပေါ်ကိုတင်ပြီး အတို့အထောင် လုပ်လိုက်တာဖြစ်ပါတယ်။ ပုံနဲ့အတူ “လေယာဉ်မှူးကြီးကို အထူးကျေးဇူးတင်ပါတယ်! ကျမအရမ်းတွေ စိတ်လှုပ်ရှားနေပါပြီ” လို့ စာတမ်းထိုးထားပါသေးတယ်။

အွန်းလိုင်းသုံးသူတွေက ဓါတ်ပုံကို သေသေချာချာကြည့်ရှုကြပြီးနောက် ဒီပုံဟာ လေယာဉ်ပျံသန်းနေစဉ် ရိုက်ထားတဲ့ ပုံဖြစ်တယ်လို့ ဝိုင်းဝန်းထောက်ပြခဲ့ကြပါတယ်။

နိုဝင်ဘာ ၄ ရက် တနင်္လာနေ့မှာတော့ Air Guilin က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အမည်မဖော်ပြထားတဲ့ လေယာဉ်မှူးဟာ လေကြောင်းလုံခြုံရေးစည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီဓါတ်ပုံရိုက်ကူးခဲ့တဲ့အချိန်က ပြီးခဲ့တဲ့ ဇန်နဝါရီလက ဂေါင်ဇီ နဲ့ ယန်ကျိုး ကို ပျံသန်းတဲ့ လေယာယ်ခရီးစဉ်အတွင်းမှာ ရိုက်ကူးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“Air Guilin အနေနဲ့ လေယာဉ်မှူးကို တစ်သက်တာ လေယာဉ်ပျံသန်းခွင့် ပိတ်လိုက်ပါပြီ” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အလုပ်ဖြုတ်လိုက်လား ဒါမှမဟုတ် လေကြောင်းလိုင်းရဲ့ အခြားနေရာတွေမှာရော တာဝန်ပေးထားလားဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

“ဒီလေယာဉ်မှာ လိုက်ပါအမှူထမ်းခဲ့ကြတဲ့ အမှူထမ်းတွေအားလုံးကိုလည်း အမှုစုံစမ်းစစ်ဆေးနေစဉ်အချိန်အတွင်း အလုပ်ကနေ ရပ်နားထားပါတယ်” လို့လည်း ဖော်ပြထားပါတယ်။

“Air Guilin အနေနဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးကိုသာ အဓိကရှေ့ရှုတာဖြစ်ပြီး လုံခြုံရေးကို ထိပါးလာစေမယ့် မဆီလျော်သော မည်သည့်အပြုမူမျိုးကိုမဆို လုံးဝသည်းခံခွင့်လွှတ်မည်မဟုတ်ပါ ထို့ပြင် ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမှုကြောင့် လေကြောင်းလုံခြုံရေးကို ထိခိုက်စေတယ်” လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ သဘောကောင်းတယ်ဆိုတာ ကောင်းမွန်တဲ့အပြုအမူဖြစ်ပေမယ့် နေရာတကာတိုင်း သဘောကောင်းရန်မသင့်ကြောင်း သတိမူသင့်ပါတယ်။

Credit : popolay

LEAVE A REPLY