Zawgyi ျဖင့္ဖတ္ရန္

Myanmar Idol Season 4 ရဲ႕ Top 11 (finalists) မွာ ပါဝင္လာတဲ့ အသက္အငယ္ဆုံး အဆိုေတာ္ေလးကို ပရိတ္သတ္ႀကီးနဲ႔ အထူးတလည္မိတ္ဆက္ေပးဖို႔ လိုအပ္မယ္ မထင္ပါဘူး။ အသက္ ၇ ႏွစ္ အ႐ြယ္ကတည္းက ‘ဂီတ တံခါးေလးဖြင့္ပါဦး’ အစီအစဥ္မွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ပရိတ္သတ္ အားေပးမႈကိုရရွိလာခဲ့တာ အခုဆိုရင္ Myanmar Idol Season 4 ရဲ႕ အသက္အငယ္ဆုံး finalists တစ္ေယာက္ ျဖစ္လို႔လာၿပီပဲျဖစ္ပါတယ္။

ေအးျမျဖဴဟာ ငယ္စဥ္ကတည္းက ျမန္မာဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ကေလးသ႐ုပ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ဖူးခဲ့ၿပီး Myanmar Idol Season 4 မွာ ပရိတ္သတ္ႀကီးနဲ႔ သိပ္မစိမ္းတဲ့ အဆိုေတာ္ တစ္ေယာက္လို႔ ေျပာရင္လည္း မမွားပါဘူး။ ငယ္ငယ္ေလးကတည္းက အသံေကာင္းၿပီး အရည္အခ်င္းရွိတဲ့ ကေလးမို႔ ပရိတ္သတ္ႀကီး သတိထားမိေနခဲ့တာ အခုဆိုရင္ ဒီကေလးေလးက အသက္ ၁၆ ႏွစ္ ‌‌ေတာင္ရွိသြားပါၿပီ။

ေအးျမျဖဴ အသက္ (၇) ႏွစ္အ႐ြယ္တုန္းက ‘ဂီတတံခါးေလးဖြင့္ပါဦး’ အစီအစဥ္မွာ ျဖဴျဖဴေက်ာ္သိန္းရဲ႕ ‘လမ္းခြဲ’ သီခ်င္းနဲ႔ ပါဝင္သီဆိုယွဥ္ၿပိဳင္ခဲ့ဖူးပါတယ္။

ငယ္လြန္းတဲ့ အသက္(၇) ႏွစ္အ႐ြယ္ ကေလးေလး ေအးျမျဖဴဟာ ဒီအသက္ဒီအ႐ြယ္မွာေတာင္ high notes(အသံျမင့္) ေတြ အမ်ားႀကီးပါတဲ့ သီခ်င္းကိုေတာင္ အမွားမရွိဘဲ သီဆိုသြားႏိုင္တာကို ၾကည့္ျခင္းအားျဖင့္ Myanmar Idol Season 4 ရဲ႕ အသက္အငယ္ဆုံး Top Finalist တစ္ေယာက္ ျဖစ္လာတာ မဆန္းဘူးလို႔ ယူဆမိသြားရေလာက္တဲ့အထိပါပဲ။

ေအးျမျဖဴဟာ Myanmar Idol Season 4 (Top Finalists 11) ရဲ႕ ပထမဆုံး Live ေဖ်ာ္ေျဖတင္ဆက္မႈႀကီးမွာ နီနီခင္ေဇာ္ရဲ႕ ‘လြမ္းခြင့္ေလး’ သီခ်င္းနဲ႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ဒိုင္လူႀကီးေတြ ေျပာၾကားခ်က္အရ ဒီသီခ်င္းဟာ အသံ အနိမ့္အျမင့္ အတက္အက် အမ်ားအျပား ပါဝင္ေနတဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ေပမယ့္ ေအးျမျဖဴက အသံအေနအထားကို ေသခ်ာဂ႐ုတစိုက္ေလး ထိန္းၿပီး ေသေသသပ္သပ္ ပိပိရိရိ သီဆိုေဖ်ာ္ေျဖသြားႏိုင္ခဲ့ပါတယ္။

ေအးျမျဖဴဟာ ငယ္ငယ္ေလးကတည္းက သီခ်င္းဆိုေကာင္းခဲ့ၿပီး အခုအခ်ိန္မွာလည္း ဘာမွ ေျပာင္းလဲသြားတာမ်ိဳးမရွိဘဲ သီခ်င္းဆို ေကာင္းေနေသးတာကို ေတြ႕ရွိရပါတယ္။ ငယ္ငယ္က ကေလးေလး ေအးျမျဖဴက အရည္အခ်င္းရွိသလို အ႐ြယ္ေရာက္လာၿပီျဖစ္တဲ့ ေအးျမျဖဴေလးကလည္း အရည္အခ်င္းရွိတာကို ေတြ႕ရပါတယ္။

ငယ္ငယ္ကတည္းက အဆိုေကာင္း၊သ႐ုပ္ေဆာင္ေကာင္းတဲ့ ေခးေလး ေအးျမျဖဴ တစ္ေယာက္ ဒီထက္မထကတဲ့ ေအာင္ျမင္မႈေတြကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ပိုပိုေလးမွ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

credit :popolay

Unicode ဖြင့်ဖတ်ရန်

အရင်က အေးမြဖြူနဲ့ ယခု အေးမြဖြူ ဘာတွေ ကွာခြားသွားသလဲ?

Myanmar Idol Season 4 ရဲ့ Top 11 (finalists) မှာ ပါဝင်လာတဲ့ အသက်အငယ်ဆုံး အဆိုတော်လေးကို ပရိတ်သတ်ကြီးနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့ လိုအပ်မယ် မထင်ပါဘူး။ အသက် ၇ နှစ် အရွယ်ကတည်းက ‘ဂီတ တံခါးလေးဖွင့်ပါဦး’ အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိတ်သတ် အားပေးမှုကိုရရှိလာခဲ့တာ အခုဆိုရင် Myanmar Idol Season 4 ရဲ့ အသက်အငယ်ဆုံး finalists တစ်ယောက် ဖြစ်လို့လာပြီပဲဖြစ်ပါတယ်။

အေးမြဖြူဟာ ငယ်စဉ်ကတည်းက မြန်မာဇာတ်ကားတော်တော်များများမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ဖူးခဲ့ပြီး Myanmar Idol Season 4 မှာ ပရိတ်သတ်ကြီးနဲ့ သိပ်မစိမ်းတဲ့ အဆိုတော် တစ်ယောက်လို့ ပြောရင်လည်း မမှားပါဘူး။ ငယ်ငယ်လေးကတည်းက အသံကောင်းပြီး အရည်အချင်းရှိတဲ့ ကလေးမို့ ပရိတ်သတ်ကြီး သတိထားမိနေခဲ့တာ အခုဆိုရင် ဒီကလေးလေးက အသက် ၁၆ နှစ် ‌‌တောင်ရှိသွားပါပြီ။

အေးမြဖြူ အသက် (၇) နှစ်အရွယ်တုန်းက ‘ဂီတတံခါးလေးဖွင့်ပါဦး’ အစီအစဉ်မှာ ဖြူဖြူကျော်သိန်းရဲ့ ‘လမ်းခွဲ’ သီချင်းနဲ့ ပါဝင်သီဆိုယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

ငယ်လွန်းတဲ့ အသက်(၇) နှစ်အရွယ် ကလေးလေး အေးမြဖြူဟာ ဒီအသက်ဒီအရွယ်မှာတောင် high notes(အသံမြင့်) တွေ အများကြီးပါတဲ့ သီချင်းကိုတောင် အမှားမရှိဘဲ သီဆိုသွားနိုင်တာကို ကြည့်ခြင်းအားဖြင့် Myanmar Idol Season 4 ရဲ့ အသက်အငယ်ဆုံး Top Finalist တစ်ယောက် ဖြစ်လာတာ မဆန်းဘူးလို့ ယူဆမိသွားရလောက်တဲ့အထိပါပဲ။

အေးမြဖြူဟာ Myanmar Idol Season 4 (Top Finalists 11) ရဲ့ ပထမဆုံး Live ဖျော်ဖြေတင်ဆက်မှုကြီးမှာ နီနီခင်ဇော်ရဲ့ ‘လွမ်းခွင့်လေး’ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒိုင်လူကြီးတွေ ပြောကြားချက်အရ ဒီသီချင်းဟာ အသံ အနိမ့်အမြင့် အတက်အကျ အများအပြား ပါဝင်နေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပေမယ့် အေးမြဖြူက အသံအနေအထားကို သေချာဂရုတစိုက်လေး ထိန်းပြီး သေသေသပ်သပ် ပိပိရိရိ သီဆိုဖျော်ဖြေသွားနိုင်ခဲ့ပါတယ်။

အေးမြဖြူဟာ ငယ်ငယ်လေးကတည်းက သီချင်းဆိုကောင်းခဲ့ပြီး အခုအချိန်မှာလည်း ဘာမှ ပြောင်းလဲသွားတာမျိုးမရှိဘဲ သီချင်းဆို ကောင်းနေသေးတာကို တွေ့ရှိရပါတယ်။ ငယ်ငယ်က ကလေးလေး အေးမြဖြူက အရည်အချင်းရှိသလို အရွယ်ရောက်လာပြီဖြစ်တဲ့ အေးမြဖြူလေးကလည်း အရည်အချင်းရှိတာကို တွေ့ရပါတယ်။

ငယ်ငယ်ကတည်းက အဆိုကောင်း၊သရုပ်ဆောင်ကောင်းတဲ့ ခေးလေး အေးမြဖြူ တစ်ယောက် ဒီထက်မထကတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ပိုပိုလေးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

credit :popolay

LEAVE A REPLY