Zawgyi ျဖင့္ဖတ္ရန္
Myanmar Idol Season (4)ရဲ့ Top (11) Finalist ၿပိဳင္ပြဲတစ္ေယာက္ျဖစ္တဲ့ ဘင္ဂ်မင္ဆုမ္းကေတာ့ လက္ရွိမွာလည္း အားေပးတဲ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရရွိထားတဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ၿပီးခဲ့တဲ့ တစ္ပတ္ကလည္း အဆိုေတာ္ႀကီး ထူအိမ္သင္ရဲ့ သီခ်င္းျဖစ္တဲ့ “ေနေကာင္းလားေမေမ”ဆိုတဲ့ သီခ်င္းကို အေမျဖစ္သူအတြက္ ရည္ရြယ္ၿပီး သီဆိုခဲ့တဲ့ ဘင္ဂ်မင္ဆုမ္းရဲ့ သီဆိုယွဥ္ၿပိဳင္မွုဟာ ပရိသတ္ေတာ္ေတာ္မ်ားမ်ား မ်က္ရည္မဆည္နိုင္ေအာင္ျဖစ္ေစခဲ့ပါေသးတယ္။
အခုတစ္ေခါက္မွာလည္း လၽွပ္တျပတ္ေမးခြန္းေလးေတြကို ေမးျမန္းတဲ့ က႑ေလးကို Myanmar Idol အစီအစဥ္ရဲ့ တရာဝင္လူမွုကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပလိုက္ျပန္ပါတယ္။ဒီက႑ေလးမွာေတာ့ ၿပိဳင္ပြဲဝင္ေတြရဲ့ အႀကိဳက္ဆုံးအစားအစာ၊အႀကိဳက္ဆုံး Music အမ်ိဳးအစား၊အႀကိဳက္ဆုံးမိန္းကေလး/ေယာက္်ားေလးပုံစံ၊အမုန္းဆုံးအရာ၊အသြားခ်င္ဆုံးေနရာ၊ ခႏၶာကိုယ္မွာ အလွဆုံးအပိုင္း စတဲ့ေမးခြန္းေတြကို လၽွင္လၽွင္ျမန္ျမန္နဲ႔ ၿပိဳင္ပြဲဝင္ေတြကေျဖဆိုရတာပဲျဖစ္ပါတယ္။
Quick Question!! Benjamin SumVoting Number 77702#myanmaridol #mmidol #mmid_S4
Posted by Myanmar Idol on Wednesday, November 6, 2019
အဲ့ဒီလိုေမးခြန္းေတြထဲမွာမွ အႀကိဳက္ဆုံးမိန္းကေလးပုံစံဆိုတဲ့ ေမးခြန္းေလးကိုေမးတဲ့ အခ်ိန္မွာေတာ့ ဘင္ဂ်မင္ဆုမ္းကေတာ့ ထူးထူးဆန္းဆန္းအေနနဲ႔ သူ႔ရဲ့ အေမကိုခ်စ္တတ္တဲ့ မိန္းကေလးကို ႀကိဳက္ပါတယ္ဆိုၿပီးေျဖၾကားခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ Myanmar Idol အစီအစဥ္ရဲ့ လၽွပ္တျပတ္ေမးခြန္းေလးေတြကို ေမးျမန္းတဲ့ က႑ေလးမွာ ဘင္ဘင္တစ္ေယာက္ေျဖၾကားထားတဲ့ ဗီဒီယိုဖိုင္ေလးကို မၽွေဝေပးလိုက္ပါတယ္ေနာ္။
share from : burmese.asia
Unicode ဖြင့်ဖတ်ရန်
မိခင်ဖြစ်သူကို ချစ်ပေးမယ့် ကောင်မလေးကို သဘောကျကြောင်း ပြောလိုက်တဲ့ ဘင်ဂျမင်ဆုမ်း
Myanmar Idol Season (4)ရဲ့ Top (11) Finalist ပြိုင်ပွဲတစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကတော့ လက်ရှိမှာလည်း အားပေးတဲ့ ပရိသတ်တော်တော်များများရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ တစ်ပတ်ကလည်း အဆိုတော်ကြီး ထူအိမ်သင်ရဲ့ သီချင်းဖြစ်တဲ့ “နေကောင်းလားမေမေ”ဆိုတဲ့ သီချင်းကို အမေဖြစ်သူအတွက် ရည်ရွယ်ပြီး သီဆိုခဲ့တဲ့ ဘင်ဂျမင်ဆုမ်းရဲ့ သီဆိုယှဉ်ပြိုင်မှုဟာ ပရိသတ်တော်တော်များများ မျက်ရည်မဆည်နိုင်အောင်ဖြစ်စေခဲ့ပါသေးတယ်။
အခုတစ်ခေါက်မှာလည်း လျှပ်တပြတ်မေးခွန်းလေးတွေကို မေးမြန်းတဲ့ ကဏ္ဍလေးကို Myanmar Idol အစီအစဉ်ရဲ့ တရာဝင်လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလိုက်ပြန်ပါတယ်။ဒီကဏ္ဍလေးမှာတော့ ပြိုင်ပွဲဝင်တွေရဲ့ အကြိုက်ဆုံးအစားအစာ၊အကြိုက်ဆုံး Music အမျိုးအစား၊အကြိုက်ဆုံးမိန်းကလေး/ယောက်ျားလေးပုံစံ၊အမုန်းဆုံးအရာ၊အသွားချင်ဆုံးနေရာ၊ ခန္ဓာကိုယ်မှာ အလှဆုံးအပိုင်း စတဲ့မေးခွန်းတွေကို လျှင်လျှင်မြန်မြန်နဲ့ ပြိုင်ပွဲဝင်တွေကဖြေဆိုရတာပဲဖြစ်ပါတယ်။
အဲ့ဒီလိုမေးခွန်းတွေထဲမှာမှ အကြိုက်ဆုံးမိန်းကလေးပုံစံဆိုတဲ့ မေးခွန်းလေးကိုမေးတဲ့ အချိန်မှာတော့ ဘင်ဂျမင်ဆုမ်းကတော့ ထူးထူးဆန်းဆန်းအနေနဲ့ သူ့ရဲ့ အမေကိုချစ်တတ်တဲ့ မိန်းကလေးကို ကြိုက်ပါတယ်ဆိုပြီးဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ Myanmar Idol အစီအစဉ်ရဲ့ လျှပ်တပြတ်မေးခွန်းလေးတွေကို မေးမြန်းတဲ့ ကဏ္ဍလေးမှာ ဘင်ဘင်တစ်ယောက်ဖြေကြားထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။
share from : burmese.asia