Zawgyi ျဖင့္ဖတ္ရန္

ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ေပၚေနတဲ့ မုန္တိုင္းငယ္(Depression)ဟာ ျမန္မာႏိုင္ငံ၊ ပုသိမ္ၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ ေရမိုင္ ၃၅၅ မိုင္ခန႔္နဲ႔ ဂြၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ ေရမိုင္ ၃၈၀ မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနတယ္လို႔ မိုးဇလဌာနက ဒီမနက္ ထုတ္ျပန္ပါတယ္။

ႏိုဝင္ဘာ ၆ ရက္ မနက္ ၆ နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ ဘဂၤလားပင္လယ္ေအာ္အေရွ႕ အလယ္ပိုင္းနဲ႔ ဆက္စပ္ေနတဲ့ ဘဂၤလားပင္လယ္ေအာ္အေရွ႕ ေတာင္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ မုန္တိုင္းငယ္(Depression)ဟာ အေနာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီေနာက္ မုန္တိုင္းငယ္ဟာ အိႏၵိယႏိုင္ငံ၊ မာယာဘန္ဒါၿမိဳ႕၊ ကပၸလီကြၽန္းရဲ႕ အေနာက္- အေနာက္ ေျမာက္ဘက္ ေရမိုင္ ၁၈၀မိုင္ခန႔္၊ ပါရာဒစ္ပ္ၿမိဳ႕၊ ဩရိႆရဲ႕ အေရွ႕ေတာင္ဘက္ ေရမိုင္ ၄၆၀ မိုင္ခန႔္၊ ျမန္မာႏိုင္ငံ၊ ပုသိမ္ၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ ေရမိုင္ ၃၅၅ မိုင္ခန႔္နဲ႔ ဂြၿမိဳ႕ အေနာက္ေတာင္ဘက္ ေရမိုင္ ၃၈၀ မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနတယ္လို႔ ခန႔္မွန္းထုတ္ျပန္ပါတယ္။

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနၿပီး ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ရံဖန္ရံခါ မိုးသက္ ေလျပင္းက်ေရာက္ၿပီး လႈိင္းႀကီးႏိုင္ပါတယ္။

မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလဟာ တနာရီကို မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ ျပင္တို႔မွာ ၈ ေပမွ ၁၂ ေပခန္႔ ရွိႏိုင္ပါတယ္။

မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီ တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မေကြးတိုင္းေဒသႀကီး၊ ကယားျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာက်ဲက်ဲနဲ႔ က်န္တိုင္းေဒသႀကီးနဲ႔ ျပည္နယ္တို႔မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ မႏၲေလးတိုင္းေဒသႀကီးနဲ႔ မေကြးတိုင္းေဒသႀကီးတို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္ကာ ႐ြာရန္ရာႏႈန္း ၈၀ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕နဲ႔ မႏၲေလးၿမိဳ႕ႏွင့္အနီး တဝိုက္အတြက္ ဒီေန႔ညေနအထိခန္႔မွန္းခ်က္အရ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္တယ္လို႔လည္း မိုးဇလက ခန႔္မွန္းထုတ္ျပန္ထားပါတယ္။

share from : /xyznews

Unicode ဖြင့်ဖတ်ရန်

ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ် ပုသိမ်မြို့နှင့်ဂွမြို့ အနောက်တောင်ဘက် မိုင် ၃၀၀ ကျော်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်(Depression)ဟာ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၅၅ မိုင်ခန့်နဲ့ ဂွမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလဌာနက ဒီမနက် ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၆ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်(Depression)ဟာ အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနောက် မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့၊ ကပ္ပလီကျွန်းရဲ့ အနောက်- အနောက် မြောက်ဘက် ရေမိုင် ၁၈၀မိုင်ခန့်၊ ပါရာဒစ်ပ်မြို့၊ ဩရိဿရဲ့ အရှေ့တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၅၅ မိုင်ခန့်နဲ့ ဂွမြို့ အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထုတ်ပြန်ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့မှာ ၈ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။

ရန်ကုန်မြို့နဲ့ မန္တလေးမြို့နှင့်အနီး တဝိုက်အတွက် ဒီနေ့ညနေအထိခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

share from : /xyznews

LEAVE A REPLY