Zawgyi ဖြင့်ဖတ်ရန်







Unicode ဖြင့်ဖတ်ရန်

၅ ရက်လောက်အသက်မရှူရာမှ ဆရာဝန်တွေကို အံ့အားသင့်စေခဲ့တဲ့ ကလေးလေး

၁၄ပတ်သားအရွယ်သူရှိသေးတဲ့ ကလေးလေး မိုင်ကယ်ဟာ ရှားပါးတဲ့ နှလုံးရောဂါခံစားနေရတဲ့ကလေးဖြစ်ပြီး သူဟာ ဆေးရုံမှာအသက်ရှူရပ်သွားရာက ၅ရက်မြောက်တဲ့နေ့မှ မျက်လုံးပြန်လည်ပွင့်လာခဲ့ပါတယ်။

ကလေးဟာ နှလုံးရပ်တန့်ခြင်းကြောင့် ဆေးရုံကိုရောက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့အသက်ရှူလမ်းကြောင်းကို ပြွန်တွေနဲ့ဆက်သွယ်ကာ ကုသပေးခဲ့ပေမယ့် ကလေးရဲ့မျက်လုံး ရုတ်တရက်ပွင့်လာချိန်မှာတော့ ဆရာဝန်များပါ အံ့သြခဲ့ရပါတယ်။

ကလေးငယ်ဟာ နှလုံးရပ်တန့်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ ဦးနှောက်ကို ထိခိုက်သွားခြင်းမရှိဘူးလို့ သိရပါတယ်။

သူဟာ အသက်ရှူရပ်ပြီး ၆ရက်အကြာမှာ ဆရာဝန်တွေက စိတ်ငြိမ်ဆေးသွင်းမှု လျော့ချလိုက်ပြီးနောက် မျက်လုံးပွင့်လာပြီး ဖခင်ဖြစ်သူကို ပြုံးပြခဲ့တယ်လို့ သိရပါတယ်။

ကလေးငယ်ရဲ့မိဘတွေဖြစ်တဲ့ Emma နဲ့ Stuart တို့ဟာ သားဖြစ်သူ မျက်လုံးပြန်ပွင့်လာချိန်မှာ အလွန်အမင်းဝမ်းသားခဲ့ကြပြီး မိုင်ကယ်ကို ဘော်စတွန်မှာ ခွဲစိတ်ပေးဖို့£120,000 မတည်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

Writer –LLA ( Shwe Yaung Lan )

LEAVE A REPLY