Zawgyi ျဖင့္ဖတ္ရန္

အသက္ ၁၇ ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ဦး သူ၏ေနအိမ္တြင္ ကြန္ျပဴတာဂိမ္းကို အဆက္မျပတ္ ဆက္တိုက္ကစားခဲ့ၿပီးေနာက္ ႐ုတ္တရက္ႏွလုံးရပ္ကာ ေသဆုံးခဲ့မႈတစ္ခု ထိုင္းႏိုင္ငံ အူဒုံထနိစီရင္စုတြင္ ႏိုဝင္ဘာ ၄ ရက္ေန႔က ျဖစ္ပြားခဲ့သည္။

သူ၏အခန္းထဲတြင္ ကြန္ျပဴတာစားပြဲထိုင္ခုံမွ ေလ်ာက်ကာ ဒူးေထာက္အေနအထားနဲ႔ ေသဆုံးလွ်က္ ေတြ႕ရွိခဲ့ရၿပီး ဆရာဝန္၏ စစ္ေဆးခ်က္အရ ႏွလုံးအေမာေဖာက္ကာ လြန္ခဲ့တဲ့ ၈ နာရီကေန ၁၀ နာရီၾကား အခ်ိန္ခန႔္ကတည္းက ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ေတြ႕ရသည္။

 

သတင္ေတြမွာေဖာ္ျပထားခ်က္အရ မိသားစုထဲတြင္ အႀကီးဆုံးသားျဖစ္ကာ ငယ္စဥ္ကတည္းက ေက်ာင္းစာေတာ္သူျဖစ္ေၾကာင္းသိရသည္။ ဒါေပမယ့္လည္း ဂိမ္းကစားတာကို စြဲလန္းေနတဲ့ ကေလးလည္းျဖစ္ပါတယ္။ သူ႔အသက္ ၆ ႏွစ္မွာ မိဘေတြ အိမ္ေထာင္ကြဲခဲ့ပါတယ္။ အထက္တန္းေက်ာင္း ေအာင္ျမင္ၿပီး ပုဂၢလိကတကၠသိုလ္တစ္ခုမွာ အသက္ေမြးပညာေက်ာင္းတက္ဖို႔ စာရင္းေပးထားသူျဖစ္ပါတယ္။ ဖခင္ျဖစ္သူက ေက်ာင္းစာမွာ အမွတ္ေလ်ာ့မွာစိုးရိမ္ၿပီး ဂိမ္းေတြခ်ည္း ဖိမကစားဖို႔ မၾကာခဏ သတိေပးခဲ့ေပမယ့္ ဆက္ၿပီးကစားေနခဲ့ပါတယ္။

 

ကေလးဟာ တစ္ေန႔ကို ဂိမ္းကစားခ်ိန္ ဘယ္ေလာက္ရွိတယ္ဆိုတာကိုေတာ့ ေဖာ္ျပမထားပါဘူး ဒါေပမယ့္ သူ႔ရဲ႕ခႏၶာကိုယ္က မလိုက္ႏိုင္ေတာ့ေလာက္ထိေအာင္ကို အျပင္းအထန္ကစားခဲ့တယ္ဆိုတာကေတာ့ သက္ေသပဲျဖစ္ပါတယ္။ ဖခင္ျဖစ္သူက ကေလးေတြ ဂိမ္းကို စြဲလန္းစြာ ကစားၾကတာနဲ႔ပက္သက္လို႔ အျခားမိဘေတြကိုလည္း သတိေပးလိုက္ၿပီး သူ႔အေနနဲ႔ တင္းတင္းၾကပ္ၾကပ္ မတားျမစ္ခဲ့မိတာ ေနာင္တရတယ္လို႔ ဆိုပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကွန်ပြူတာဂိမ်း ဆက်တိုက်ကစားတဲ့ ၁၇ နှစ်သား နှလုံးရပ်ကာသေဆုံး

အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦး သူ၏နေအိမ်တွင် ကွန်ပြူတာဂိမ်းကို အဆက်မပြတ် ဆက်တိုက်ကစားခဲ့ပြီးနောက် ရုတ်တရက်နှလုံးရပ်ကာ သေဆုံးခဲ့မှုတစ်ခု ထိုင်းနိုင်ငံ အူဒုံထနိစီရင်စုတွင် နိုဝင်ဘာ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည်။

သူ၏အခန်းထဲတွင် ကွန်ပြူတာစားပွဲထိုင်ခုံမှ လျောကျကာ ဒူးထောက်အနေအထားနဲ့ သေဆုံးလျှက် တွေ့ရှိခဲ့ရပြီး ဆရာဝန်၏ စစ်ဆေးချက်အရ နှလုံးအမောဖောက်ကာ လွန်ခဲ့တဲ့ ၈ နာရီကနေ ၁၀ နာရီကြား အချိန်ခန့်ကတည်းက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

သတင်တွေမှာဖော်ပြထားချက်အရ မိသားစုထဲတွင် အကြီးဆုံးသားဖြစ်ကာ ငယ်စဉ်ကတည်းက ကျောင်းစာတော်သူဖြစ်ကြောင်းသိရသည်။ ဒါပေမယ့်လည်း ဂိမ်းကစားတာကို စွဲလန်းနေတဲ့ ကလေးလည်းဖြစ်ပါတယ်။ သူ့အသက် ၆ နှစ်မှာ မိဘတွေ အိမ်ထောင်ကွဲခဲ့ပါတယ်။ အထက်တန်းကျောင်း အောင်မြင်ပြီး ပုဂ္ဂလိကတက္ကသိုလ်တစ်ခုမှာ အသက်မွေးပညာကျောင်းတက်ဖို့ စာရင်းပေးထားသူဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ကျောင်းစာမှာ အမှတ်လျော့မှာစိုးရိမ်ပြီး ဂိမ်းတွေချည်း ဖိမကစားဖို့ မကြာခဏ သတိပေးခဲ့ပေမယ့် ဆက်ပြီးကစားနေခဲ့ပါတယ်။

ကလေးဟာ တစ်နေ့ကို ဂိမ်းကစားချိန် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က မလိုက်နိုင်တော့လောက်ထိအောင်ကို အပြင်းအထန်ကစားခဲ့တယ်ဆိုတာကတော့ သက်သေပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ကလေးတွေ ဂိမ်းကို စွဲလန်းစွာ ကစားကြတာနဲ့ပက်သက်လို့ အခြားမိဘတွေကိုလည်း သတိပေးလိုက်ပြီး သူ့အနေနဲ့ တင်းတင်းကြပ်ကြပ် မတားမြစ်ခဲ့မိတာ နောင်တရတယ်လို့ ဆိုပါတယ်။

Credit : popolay

LEAVE A REPLY