Zawgyi ဖြင့်ဖတ်ရန်



 



Unicode ဖြင့်ဖတ်ရန်

ဒေါက်တာမြဝတ်ရည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဖြင့် အမှုဖွင့်ခံရ

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မတ်မတ်မြတ်လို့ နာမည်ကြီးနေသူတစ်ဦးဖြစ်သည့် ဒေါက်တာမြဝတ်ရည်အား ကာတွန်းပညာရှင် ဦးနေမျိုးဝေ(ခ)လဂွန်းအိမ်မှ (ဘုရင့်နောင်)ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဖြင့် အမှုဖွင့်ခဲ့သည်ဆိုသောသတင်းမှာ လူမှုကွန်ရက်ပေါ်တွင် ပျံနှံ့နေကြောင်း သိရသည်။

ဖြစ်စဉ်မှာဦးနေမျိုးဝေ(ခ)လဂွန်းအိမ်၊(၄၂)နှစ်၊ပန်းချီဆရာ၊အမှတ်(၂၃)၊ပထမထပ်(ယာ)၊ အောင်သုခလမ်း၊ အောင်ဇေယျရပ်ကွက်၊ဒေါပုံမြို့နယ်နေသူသည် ၁၇.၈.၂၀၁၉ နေ့တွင် OrchidHotel၌ကျင်းပသော“ဆိုရှယ်မီဒီယာ ကောင်းသလား ဆိုးသလား”ဟူသော DVB Debate သတင်းဌာန၏ ကာတွန်းပညာရှင်အဖြစ် ဖိတ်ကြားခံရသူ တစ်ဦးဖြစ်ပြီး အဆိုပါ DVB Debateပွဲတွင်၎င်းရေးဆွဲခဲ့သော ကာတွန်းနှင့်ပတ်သက်၍ ဒေါက်တာမြဝတ်ရည်၊ (၃၆)နှစ်၊ ခွဲစိတ်အထူးကုဆရာဝန် (ထန်းတပင်မြို့၊ အလုပ်သမားဆေးရုံ)၊အခန်း(၆အေ)၊(၆)လွှာ၊ဦးရေခဲလမ်းကွန်ဒိုဦးရေခဲလမ်း၊ (၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ် နေသူသည်၎င်း၏ Dr.MyatWut Yee ဟူသော Page မှ ၂၁.၈.၁၉ နေ့တွင် ဦးနေမျိုးဝေ(ခ)လဂွန်းအိမ်၏နာမည်တပ်၍။

“ပညာမတတ်သူဖြစ်ကြောင်း၊ ဦးနှောက် အသိဉာဏ်မရှိသူဖြစ်ကြောင်း ကာတွန်းမရေးဆွဲ သင့်ကြောင်း၊ သူလိုလူမျိုးကာတွန်းရေးဆွဲခြင်းသည် ။လူတွေကို အဆိပ်ခတ်ကြောင်း” အစရှိသည့် စကားရပ်များအား လူမှုကွန်ရက်စာမျက်နှာကိုအသုံးပြုခဲ့ပြီး ၎င်း၏နာမည်ဂုဏ်သရေ ပျက်စေရန်နှင့် အလုပ်အကိုင်အားထိခိုက်နစ်နာစေရန်၊အများပြည်သူထင်ရောင်ထင်မှားဖြစ်စေရန် မဟုတ်မမှန် Live ထုတ်လွှင့်ပြောဆိုချက်များသည် ၎င်း၏ဂုဏ်သရေပျက်စီးစေခြင်း သာမက ကာတွန်းဆရာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုသည့်အလုပ်အကိုင်ကိုပါ များစွာထိခိုက်နစ်နာ စေခဲ့သောကြောင့် Dr.Myat Wut YeFacebook Acc သုံးစွဲသူ ဒေါက်တာ မြဝတ်ရည် အပေါ် အရေးယူပေးရန်ဦးနေမျိုးဝေ(ခ)လဂွန်းအိမ်မှ တရားလိုပြုလုပ်တိုင်တန်း၍(ဘုရင့်နောင်)ရဲစခန်းတွင်(ပ)၁၈၁၈/၂၀၁၉၊ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် ၃၀.၁၀.၂၀၁၉ နေ့ ည၇နာရီ၀၅ မိနစ်အချိန် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

share from : burmese.asia

LEAVE A REPLY