Zawgyi ျဖင့္ဖတ္ရန္

အင္န္အယ္လ္ဒီပါတီဝင္တစ္ဦးျဖစ္သည့္အျပင္ ဒဂုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္တစ္ဦးလည္းျဖစ္သည့္ ေဒါက္တာေဒၚသက္သက္ခိုင္သည္ အင္န္အယ္လ္ဒီ ပါတီမွ ႏႈတ္ထြက္ၿပီး ျပည္သူ႔ေရွ႕ေဆာင္ပါတီ တည္ေထာင္မည္ ျဖစ္ေၾကာင္း ႏိုဝင္ဘာ ၁ ရက္၌ ျမန္မာတိုင္းမ္သို႔ ေျပာဆိုသည္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (အင္န္အယ္ဒီ) ပါတီမွ ဒဂုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဒၚသက္သက္ခိုင္အား ႏႈတ္ထြက္ခြင့္ ျပဳလိုက္ေၾကာင္း အင္န္အယ္လ္ဒီပါတီေျပာခြင့္ရ ေဒါက္တာ မ်ိဳးၫႊန႔္က ႏိုဝင္ဘာ ၁ ရက္၌ ျမန္မာတိုင္းမ္ေန႔စဥ္သို႔ အတည္ျပဳေျပာဆိုသည္။

“ေဒၚသက္သက္ခိုင္ႏႈတ္ထြက္သြားတယ္ဆိုတာ ဟုတ္ပါတယ္။ႏႈတ္ထြက္ခြင့္လည္း ျပဳလိုက္ပါၿပီ။ ႏႈတ္ထြက္စာမွာေတာ့ အေၾကာင္းျပခ်က္ေတာ့ မေဖာ္ျပထားဘူး။သူ႔ႏႈတ္ထြက္စာမွာ အေၾကာင္းျပခ်က္ရယ္ တိတိက်က်ေဖာ္ျပထားတာမရွိဘူး။ ဒီလိုလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပါတီက ႏႈတ္ထြက္တာ ေလး၊ငါး ဦးေလာက္ေတာ့ရွိတယ္” ဟု ေဒါက္တာမ်ိဳးၫႊန႔္က ေျပာဆိုသည္။

 

 

ေအာက္တိုဘာ ၂၄ရက္တြင္ ေဒၚသက္သက္ခိုင္၏ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အဖြဲ႕ဝင္အျဖစ္မွ မိမိဆႏၵအေလ်ာက္ ႏႈတ္ထြက္ေၾကာင္း တင္ျပလာျခင္းႏွင့္စပ္လ်ဥ္း၍ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ မွႏႈတ္ထြက္ခြင့္ျပဳေၾကာင္း ေဒၚသက္သက္ခိုင္သို႔ ေပးပို႔သည့္အင္န္အယ္ဒီပါတီ၏ အေၾကာင္းၾကားစာတြင္ ေဖာ္ျပထားသည္။

“အဓိက ပါတီက ကြၽန္မကို မီဒီယာနဲ႔ ေျပာတာ အျပစ္မရွိဘဲ စကားလည္းအမွား မပါဘဲနဲ႔ မီဒီယာကို ေျပာတဲ့ အမႈနဲ႔ ခ်ဳပ္ကိုင္တယ္။ ဒါက ဒီမိုကေရစီ စံႏႈန္းနဲ႔ မညီဘူး။ ၂၀၁၈ စက္တင္ဘာလမွာ ကြၽန္မကို ပါတီတာဝန္ေတြရပ္ဆိုင္းတယ္ဆိုတာကလည္း အေၾကာင္းျပခ်က္မရွိဘဲ၊ ေခၚယူေမးျမန္ျခင္းမရွိဘဲ အဲဒီလိုလုပ္တာသည္ ပါတီဥပေဒမဲ့ ျပဳလုပ္တာျဖစ္ေတာ့ ကြၽန္မစဥ္းစားၿပီ။ ၂၀၁၉ မွာ အဆိုတင္တာေတြကိုလည္း ေႏွာက္ယွက္တာေတြ လုပ္ပါတယ္။ ကြၽန္မက အဲဒါေၾကာင့္ ပါတီက ထြက္တာပါရွင့္” ဟု ေဒါက္တာ ေဒၚသက္သက္ခိုင္က ျမန္မာတိုင္းမ္ေန႔စဥ္သို႔ ေျပာဆိုသည္။

ပါတီအတြင္း လုပ္ထုံးလုပ္နည္းေတြက ဒီမိုကေရစီစံႏႈန္းမ်ားႏွင့္ မကိုက္ျခင္းေၾကာင့္လည္းေကာင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္၏ အခြင့္အေရးကိုလည္း ထိန္းခ်ဳပ္ျခင္းေၾကာင့္လည္းေကာင္း၊ မိမိအား ၂၀၂၀ေ႐ြးေကာက္ပြဲတြင္ ပါတီကိုယ္စားျပဳ ကိုယ္စားလွယ္ျဖစ္ေရးက မေသခ်ာသည့္အတြက္လည္းေကာင္း ပါတီက ႏႈတ္ထြက္ျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆိုသည္။ ” ၂၀၁၈ စက္တင္ဘာမွာ ပါတီတာဝန္က ေနရပ္ဆိုင္းၿပီး မီဒီယာေတြက ေမးေတာ့ ၂၀၂၀ က်ရင္ ဘာလုပ္မလဲေမးေတာ့ ေအးေအးေဆးေဆး ဆုံးျဖတ္လိုက္ေတာ့ ကြၽန္မလည္း ပါတီေထာင္ဖို႔ လမ္းေၾကာင္းကို ေ႐ြးခ်ယ္လိုက္ပါတယ္”ဟု ေဒါက္တာ သက္သက္ခိုင္က ေျပာဆိုသည္။

ပါတီအမည္ ျပည္သူ႔ေရွ႕ေဆာင္အမည္ျဖင့္ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၃ရက္ေန႔၌ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ပါတီမွတ္ပုံတင္အမွတ္ ၁၂၂ ျဖင့္ တရားဝင္မွတ္ပုံတင္ခြင့္က်ၿပီးျဖစ္ေၾကာင္း၊ ယင္းသို႔ ေဆာင္႐ြက္ရျခင္းက ၎အေနျဖင့္ ႏိုင္ငံေရးထဲ၌ ဆက္လက္ပါဝင္ခ်င္ေသးၿပီး တိုင္းျပည္တည္ေဆာက္ေရးတြင္လည္းဆက္လက္ပါဝင္ေနၿပီး ၎ေ႐ြးခ်ယ္သည့္ လမ္းေၾကာင္းအရ တိုင္းျပည္အတြက္ အလုပ္အမ်ားႀကီး လုပ္၍ ရသည္ဟု ယူဆသည့္ အတြက္ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။

share form : burmese.asia

Unicode ဖြင့်ဖတ်ရန်

NLD ပါတီမှ နုတ်ထွက်ပြီး ပါတီအသစ်ထောင်လိုက်တဲ့ ဒေါက်တာ သက်သက်ခိုင်

အင်န်အယ်လ်ဒီပါတီဝင်တစ်ဦးဖြစ်သည့်အပြင် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သည့် ဒေါက်တာဒေါ်သက်သက်ခိုင်သည် အင်န်အယ်လ်ဒီ ပါတီမှ နှုတ်ထွက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်၌ မြန်မာတိုင်းမ်သို့ ပြောဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်ဒီ) ပါတီမှ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်အား နှုတ်ထွက်ခွင့် ပြုလိုက်ကြောင်း အင်န်အယ်လ်ဒီပါတီပြောခွင့်ရ ဒေါက်တာ မျိုးညွှန့်က နိုဝင်ဘာ ၁ ရက်၌ မြန်မာတိုင်းမ်နေ့စဉ်သို့ အတည်ပြုပြောဆိုသည်။

“ဒေါ်သက်သက်ခိုင်နှုတ်ထွက်သွားတယ်ဆိုတာ ဟုတ်ပါတယ်။နှုတ်ထွက်ခွင့်လည်း ပြုလိုက်ပါပြီ။ နှုတ်ထွက်စာမှာတော့ အကြောင်းပြချက်တော့ မဖော်ပြထားဘူး။သူ့နှုတ်ထွက်စာမှာ အကြောင်းပြချက်ရယ် တိတိကျကျဖော်ပြထားတာမရှိဘူး။ ဒီလိုလွှတ်တော်ကိုယ်စားလှယ်တွေ ပါတီက နှုတ်ထွက်တာ လေး၊ငါး ဦးလောက်တော့ရှိတယ်” ဟု ဒေါက်တာမျိုးညွှန့်က ပြောဆိုသည်။

အောက်တိုဘာ ၂၄ရက်တွင် ဒေါ်သက်သက်ခိုင်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ဝင်အဖြစ်မှ မိမိဆန္ဒအလျောက် နှုတ်ထွက်ကြောင်း တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှနှုတ်ထွက်ခွင့်ပြုကြောင်း ဒေါ်သက်သက်ခိုင်သို့ ပေးပို့သည့်အင်န်အယ်ဒီပါတီ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

“အဓိက ပါတီက ကျွန်မကို မီဒီယာနဲ့ ပြောတာ အပြစ်မရှိဘဲ စကားလည်းအမှား မပါဘဲနဲ့ မီဒီယာကို ပြောတဲ့ အမှုနဲ့ ချုပ်ကိုင်တယ်။ ဒါက ဒီမိုကရေစီ စံနှုန်းနဲ့ မညီဘူး။ ၂၀၁၈ စက်တင်ဘာလမှာ ကျွန်မကို ပါတီတာဝန်တွေရပ်ဆိုင်းတယ်ဆိုတာကလည်း အကြောင်းပြချက်မရှိဘဲ၊ ခေါ်ယူမေးမြန်ခြင်းမရှိဘဲ အဲဒီလိုလုပ်တာသည် ပါတီဥပဒေမဲ့ ပြုလုပ်တာဖြစ်တော့ ကျွန်မစဉ်းစားပြီ။ ၂၀၁၉ မှာ အဆိုတင်တာတွေကိုလည်း နှောက်ယှက်တာတွေ လုပ်ပါတယ်။ ကျွန်မက အဲဒါကြောင့် ပါတီက ထွက်တာပါရှင့်” ဟု ဒေါက်တာ ဒေါ်သက်သက်ခိုင်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

ပါတီအတွင်း လုပ်ထုံးလုပ်နည်းတွေက ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ခြင်းကြောင့်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၏ အခွင့်အရေးကိုလည်း ထိန်းချုပ်ခြင်းကြောင့်လည်းကောင်း၊ မိမိအား ၂၀၂၀ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ကိုယ်စားလှယ်ဖြစ်ရေးက မသေချာသည့်အတွက်လည်းကောင်း ပါတီက နှုတ်ထွက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ ” ၂၀၁၈ စက်တင်ဘာမှာ ပါတီတာဝန်က နေရပ်ဆိုင်းပြီး မီဒီယာတွေက မေးတော့ ၂၀၂၀ ကျရင် ဘာလုပ်မလဲမေးတော့ အေးအေးဆေးဆေး ဆုံးဖြတ်လိုက်တော့ ကျွန်မလည်း ပါတီထောင်ဖို့ လမ်းကြောင်းကို ရွေးချယ်လိုက်ပါတယ်”ဟု ဒေါက်တာ သက်သက်ခိုင်က ပြောဆိုသည်။

ပါတီအမည် ပြည်သူ့ရှေ့ဆောင်အမည်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ရက်နေ့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်အမှတ် ၁၂၂ ဖြင့် တရားဝင်မှတ်ပုံတင်ခွင့်ကျပြီးဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရခြင်းက ၎င်းအနေဖြင့် နိုင်ငံရေးထဲ၌ ဆက်လက်ပါဝင်ချင်သေးပြီး တိုင်းပြည်တည်ဆောက်ရေးတွင်လည်းဆက်လက်ပါဝင်နေပြီး ၎င်းရွေးချယ်သည့် လမ်းကြောင်းအရ တိုင်းပြည်အတွက် အလုပ်အများကြီး လုပ်၍ ရသည်ဟု ယူဆသည့် အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

share form : burmese.asia

 

LEAVE A REPLY