Zawgyi ဖြင့်ဖတ်ရန်





 



Unicode ဖြင့်ဖတ်ရန်

Result Show မတိုင်မီ ဖေ့စ်ဘွတ်ခ် အကောင့် ဟက်ခံလိုက်ရတဲ့ အက်စတာ

Myanmar Idol Season (4) ပြိုင်ပွဲကြီးမှာ ပရိသတ်အကြား လူပြောများနေတဲ့ ချင်းတိုင်ရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ပရိသတ်တွေကသာမက နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အဆိုတော်ယုန်လေးနဲ့ တေးရေး၊တေးဆို ညီမင်းခိုင်တို့ရဲ့ အားပေးထောက်ခံချီးကျူးမှုကို ရရှိထားသူလေးလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ ပြိုင်ပွဲဝင်တစ်ယောက်အတွက် အရေးကြီးဆုံးအချိန်မှာတော့ သူရဲ့ ဖ့စ်ဘွတ်ခ် အကောင့် ဟက်ခံလိုက်ရတယ်လို့သိရပါတယ်။

အက်စတာဒေါသ်ချင်းဆုန်ကို ချစ်ခင်တဲ့ ပရိသတ်တွေက ” We Love Esther Dawt Chin Sung (ဆုန်ဆုန်) ” ဆိုတဲ့ We Love Groupလေးဖွဲ့ထားတာပဲဖြစ်ပါတယ်။ချင်းမလေးကို သူ့ရဲ့ ပရိသတ်တွေကတော့ “ဆုန်ဆုန်”လို့ ချစ်စနိုးနဲ့ခေါ်ဆိုကြပါတယ်။ဆုန်ဆုန်ကတော့ မနေ့ညက Performance Show မှာတော့ နိုင်ငံကျော်အဆိုတော် ချောစုခင်ရဲ့ ” ကိုယ်အတွက်အိမ်မက် မင်းမက်လား” သီချင်းကို သီဆိုကာ သူရဲ့အဆိုစွမ်းရည်တွေကို ချပြခဲ့ပါတယ်။

အခုလို အကောင့် ဟက်ခံလိုက်ရတာကတော့ ဆုန်ဆုန်အတွက် ပရိသတ်တွေကို Voting ပေးဖို့ တိုက်တွန်းခွင့် နစ်နာသွားတယ်လို့ ဆိုလို့ရပါတယ်။ပရိသတ်ကြီးရေ ဆုန်ဆုန်တစ်ယောက်ကတော့ အခုလိုအရေးကြီးဆုံးအချိန်မှာ ဖေ့စ်ဘွတ်ခ်အကောင့် ဟက်ခံထားရပါတယ်တဲ့နော်။

share from : burmese.asia

 

LEAVE A REPLY