Zawgyi ျဖင့္ဖတ္ရန္

ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္ (ဖီဖာ) ဥကၠ႒ အင္ဖန္တီႏိုႏွင့္ ဖီဖာ တာဝန္ရွိသူမ်ားသည္ ထိုင္းႏိုင္ငံတြင္ ေရာက္ရွိေနစဥ္အတြင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံသို႔ သြားေရာက္၍ ဂါဝရျပဳ ေတြ႕ဆုံႏႈတ္ဆက္ခဲ့ပါသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္သည္ Asean Business and Investment Summit (ABIS) အစည္းအေဝး၊ (၃၅) ႀကိမ္ေျမာက္ အာဆီယံ မ်က္ႏွာစုံညီ ထိပ္သီး အစည္းအေဝး ႏွင့္ ASEAN ႏွင့္ ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္ Federation International de football Association (FIFA) တို႔၏ နားလည္မႈ စာခြၽန္လႊာ လက္မွတ္ေရးထိုးျခင္း အခမ္းအနား တို႔သို႔တက္ေရာက္ရန္ ထိုင္းႏိုင္ငံတြင္ ေရာက္ရွိေနျခင္း ျဖစ္ပါသည္။

 

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ အာဆီယံ ၁၀ ႏိုင္ငံက ေခါင္းေဆာင္ေတြကို ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာဥကၠ႒ ဂ်ာနီ အင္ဖန္တီႏိုက ေဘာလုံးတီရွပ္ အက်ႌေတြ အမွတ္တရ လက္ေဆာင္ေပးအပ္ခဲ့ပါတယ္။

ႏိုဝင္ဘာ ၂ ရက္ေန႔က ေပးအပ္ခဲ့တာျဖစ္ၿပီး ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႔နာမည္ပါတဲ့ ေက်ာနံပါတ္ ၉ တီရွပ္ကို လက္ခံရယူခဲ့ပါတယ္။အဲဒီအခမ္းအနားမွာ အားကစားနဲ႔ပညာေရး ပူးေပါင္းေဆာင္႐ြက္တာေတြ တိုးျမႇင့္ေရးအတြက္ ဖီဖာဥကၠ႒နဲ႔ အာဆီယံ အတြင္းေရးမႉးခ်ဳပ္တို႔ သေဘာတူ လက္မွတ္ေရးထိုးခဲ့ပါတယ္။

ဒါ့အျပင္ ဖီဖာဥကၠ႒က အာဆီယံေဒသတြင္း ႏိုင္ငံေတြကို အားကစားနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔ကိုလည္း တိုက္တြန္းသြားပါတယ္။ ျမန္မာ အပါအဝင္ အာဆီယံ ၁၀ ႏိုင္ငံက ေခါင္းေဆာင္ေတြ အာဆီယံထိပ္သီးအစည္းအေဝးနဲ႔ ဆက္စပ္ အစည္းအေဝးတက္ဖို႔အတြက္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို ေရာက္ရွိေနတာပါ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်၍ ဂါဝရပြု တွေ့ဆုံ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် ဖီဖာ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်၍ ဂါဝရပြု တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် Asean Business and Investment Summit (ABIS) အစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေး နှင့် ASEAN နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် Federation International de football Association (FIFA) တို့၏ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနား တို့သို့တက်ရောက်ရန် ထိုင်းနိုင်ငံတွင် ရောက်ရှိနေခြင်း ဖြစ်ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌ ဂျာနီ အင်ဖန်တီနိုက ဘောလုံးတီရှပ် အင်္ကျီတွေ အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့က ပေးအပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့နာမည်ပါတဲ့ ကျောနံပါတ် ၉ တီရှပ်ကို လက်ခံရယူခဲ့ပါတယ်။အဲဒီအခမ်းအနားမှာ အားကစားနဲ့ပညာရေး ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ရေးအတွက် ဖီဖာဥက္ကဋ္ဌနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါ့အပြင် ဖီဖာဥက္ကဋ္ဌက အာဆီယံဒေသတွင်း နိုင်ငံတွေကို အားကစားနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ မြန်မာ အပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတက်ဖို့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတာပါ။

share from : burmese.asia

LEAVE A REPLY