Zawgyi ျဖင့္ဖတ္ရန္

ဆားဘီးယားႏိုင္ငံက အဘိုးအိုတစ္္ဦးဟာ သူ မ်က္စိက်ၿပီး ခ်စ္ႀကိဳက္မိသြားတဲ့ ေလယာဥ္မယ္ေလး ေလယာဥ္ခရီးစဥ္နဲ႔အတူ ႏိုင္္ငံကေန ထြက္မသြားရဖို႔ ေလယာဥ္ကို ဗုံးအတုနဲ႔ ၿခိမ္္းေျခာက္တာေၾကာင့္ အခ်ဳပ္ခန္းထဲ ေရာက္ရရွာၿပီ ျဖစ္္ပါတယ္။

ေလယာဥ္မယ္ဟာ ဆားဘီးယားကေန မထြက္ခြာႏိုင္ဘဲ ဒီမွာ အခ်ိန္ၾကာၾကာ ရွိေနၿပီး သူ ခ်ိန္္းေတြ႕ႏိုင္ဖို႔ ႀကိဳးစားခြင့္ရေအာင္ ေမွ်ာ္လင့္ခ်က္နဲ႔ အမည္မေဖာ္ျပတဲ့ အသက္ ၆၅ ႏွစ္ရွိ အဘိုးအိုဟာ ေလယာဥ္မွာ ဗုံးေထာင္ထားတယ္ဆိုၿပီး တယ္လီဖုန္းကေန လွိမ့္လုံးဖိန႔္လုံးေတြနဲ႔ ၿခိိမ္းေျခာက္ခဲ့တာပါ။

ဆားဘီးယား၊ ဘယ္ဂရိတ္ၿမိဳ႕ကေန ဂ်ာမနီႏိုင္ငံ ဖရန႔္ဖက္ၿမိဳ႕ကို ၾကာသပေတးေန႔က ပ်ံသန္းေတာ့မယ့္ ေလယာဥ္ကို ခုလို ဗုံးလွန႔္ခဲ့တာေၾကာင့္ ေလယာဥ္ဟာ မပ်ံတက္ႏိုင္ေတာ့ဘဲ ခရီးသည္ ၁၃၀ စလုံးကို ျပန္ဆင္းခိုင္းၿပီး အထူးရဲတပ္ဖြဲ႕ရယ္၊ အနံ႔ခံေခြးေတြရယ္နဲ႔ ဗုံးရွာေဖြ ရွင္းလင္းေရး လုပ္ေဆာင္ခဲ့ရပါတယ္။

အဲဒီ အဘိုးအိုဟာ ေလယာဥ္မယ္ႏွစ္ဦးနဲ႔ ေတြ႕ဆုံခဲ့ၿပီး သူတို႔ကို ညစာစားဖို႔ ဖိတ္ေပမယ့္ အျငင္းခံခဲ့ရပါတယ္။ ေလယာဥ္မယ္ႏွစ္ဦးမွာ တစ္ဦးကို သူက မ်က္စိက်သြားခဲ့တာျဖစ္ၿပီး ဒီ ေလယာဥ္မယ္ေလးေနာက္ ဟိုတယ္ထိ ေျခရာခံ လိုက္ေပမယ့္လည္း မေအာင္ျမင္ခဲ့ပါ။

 

ဒီအတြက္ သူ႔ရဲ႕ ေလယာဥ္မယ္ေလး ႏိုင္ငံထဲက မထြက္ႏိုင္ဘဲ သူ ခ်ိန္းဆိုတာကို လက္ခံလာတဲ့အထိ ႀကိဳးစားခြင့္ရဖို႔ ဗုံးအတုနဲ႔ ၿခိမ္းေျခာက္ၿပီး ေလယာဥ္ မပ်ံတက္ႏိုင္ေအာင္ လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ အဘိုးအို ကိုယ္တိုင္က စေနေန႔မွာ တရား႐ုံးမွာ ေျဖာင့္ခ်က္ေပးပါတယ္။

“သူတို႔ ေလယာဥ္္မယ္ႏွစ္ဦးမွာ တစ္ဦးကို ကြၽန္ေတာ္ အေတာ္ေလးကို ခ်စ္ႀကိဳက္မိသြားတယ္။ ဒါေၾကာင့္ သူ ဒီႏိုင္ငံထဲမွာပဲ ရွိေနေအာင္ ခုလို ေလယာဥ္ ဗုံးေထာင္ထားတယ္ဆိုၿပီး လုပ္္လိုက္မိတာပါ။”လို႔ အဘိုးအိုက တရား႐ုံးမွာ ထြက္ဆိုပါတယ္။

ဒီလို ဖုန္းနဲ႔ ၿခိမ္းေျခာက္တာကို ရဲက ဖုန္းလိုင္းကတစ္ဆင့္ ေျခရာခံၿပီး အဲဒီ တစ္ေန႔တည္းမွာပဲ အဘိုးအိုကို ဖမ္းဆီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ခုခ်ိန္မွာေတာ့ အဘိုးအိုဟာ လူေတြ ေၾကာက္လန႔္တၾကား ျဖစ္ေစမႈနဲ႔ စြဲခ်က္တင္ခံရၿပီး အခ်ဳပ္ခန္းမွာ ဖမ္းဆီးထားေၾကာင္း ေရွ႕ေနတစ္ဦးက ေျပာခဲ့ပါတယ္။

Writer_ေမာင္သံဆင့္ ( XYZ News )

Unicode ဖြင့်ဖတ်ရန်

လေယာဉ်မယ်လေးကို ချစ်မိသွားလို့ လေယာဉ်ကို ဗုံးထောင်ထားတယ်လို့ ခြိမ်းခြောက်တဲ့ အဘိုးအို

ဆားဘီးယားနိုင်ငံက အဘိုးအိုတစ်ဦးဟာ သူ မျက်စိကျပြီး ချစ်ကြိုက်မိသွားတဲ့ လေယာဉ်မယ်လေး လေယာဉ်ခရီးစဉ်နဲ့အတူ နိုင်ငံကနေ ထွက်မသွားရဖို့ လေယာဉ်ကို ဗုံးအတုနဲ့ ခြိမ်းခြောက်တာကြောင့် အချုပ်ခန်းထဲ ရောက်ရရှာပြီ ဖြစ်ပါတယ်။

လေယာဉ်မယ်ဟာ ဆားဘီးယားကနေ မထွက်ခွာနိုင်ဘဲ ဒီမှာ အချိန်ကြာကြာ ရှိနေပြီး သူ ချိန်းတွေ့နိုင်ဖို့ ကြိုးစားခွင့်ရအောင် မျှော်လင့်ချက်နဲ့ အမည်မဖော်ပြတဲ့ အသက် ၆၅ နှစ်ရှိ အဘိုးအိုဟာ လေယာဉ်မှာ ဗုံးထောင်ထားတယ်ဆိုပြီး တယ်လီဖုန်းကနေ လှိမ့်လုံးဖိန့်လုံးတွေနဲ့ ခြိမ်းခြောက်ခဲ့တာပါ။

ဆားဘီးယား၊ ဘယ်ဂရိတ်မြို့ကနေ ဂျာမနီနိုင်ငံ ဖရန့်ဖက်မြို့ကို ကြာသပတေးနေ့က ပျံသန်းတော့မယ့် လေယာဉ်ကို ခုလို ဗုံးလှန့်ခဲ့တာကြောင့် လေယာဉ်ဟာ မပျံတက်နိုင်တော့ဘဲ ခရီးသည် ၁၃၀ စလုံးကို ပြန်ဆင်းခိုင်းပြီး အထူးရဲတပ်ဖွဲ့ရယ်၊ အနံ့ခံခွေးတွေရယ်နဲ့ ဗုံးရှာဖွေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ရပါတယ်။

အဲဒီ အဘိုးအိုဟာ လေယာဉ်မယ်နှစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို ညစာစားဖို့ ဖိတ်ပေမယ့် အငြင်းခံခဲ့ရပါတယ်။ လေယာဉ်မယ်နှစ်ဦးမှာ တစ်ဦးကို သူက မျက်စိကျသွားခဲ့တာဖြစ်ပြီး ဒီ လေယာဉ်မယ်လေးနောက် ဟိုတယ်ထိ ခြေရာခံ လိုက်ပေမယ့်လည်း မအောင်မြင်ခဲ့ပါ။

ဒီအတွက် သူ့ရဲ့ လေယာဉ်မယ်လေး နိုင်ငံထဲက မထွက်နိုင်ဘဲ သူ ချိန်းဆိုတာကို လက်ခံလာတဲ့အထိ ကြိုးစားခွင့်ရဖို့ ဗုံးအတုနဲ့ ခြိမ်းခြောက်ပြီး လေယာဉ် မပျံတက်နိုင်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အဘိုးအို ကိုယ်တိုင်က စနေနေ့မှာ တရားရုံးမှာ ဖြောင့်ချက်ပေးပါတယ်။

“သူတို့ လေယာဉ်မယ်နှစ်ဦးမှာ တစ်ဦးကို ကျွန်တော် အတော်လေးကို ချစ်ကြိုက်မိသွားတယ်။ ဒါကြောင့် သူ ဒီနိုင်ငံထဲမှာပဲ ရှိနေအောင် ခုလို လေယာဉ် ဗုံးထောင်ထားတယ်ဆိုပြီး လုပ်လိုက်မိတာပါ။”လို့ အဘိုးအိုက တရားရုံးမှာ ထွက်ဆိုပါတယ်။

ဒီလို ဖုန်းနဲ့ ခြိမ်းခြောက်တာကို ရဲက ဖုန်းလိုင်းကတစ်ဆင့် ခြေရာခံပြီး အဲဒီ တစ်နေ့တည်းမှာပဲ အဘိုးအိုကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ အဘိုးအိုဟာ လူတွေ ကြောက်လန့်တကြား ဖြစ်စေမှုနဲ့ စွဲချက်တင်ခံရပြီး အချုပ်ခန်းမှာ ဖမ်းဆီးထားကြောင်း ရှေ့နေတစ်ဦးက ပြောခဲ့ပါတယ်။

Writer_မောင်သံဆင့် ( XYZ News )

LEAVE A REPLY