Zawgyi ျဖင့္ဖတ္ရန္

ONE Championship ၏ လက္ရွိ တစ္ဦးတည္းေသာ ဝိတ္တန္းႏွစ္ခု ခ်န္ပီယံႏွင့္ ျမန္မာတို႔၏ အမ်ိဳးသား သူရဲေကာင္း “ျမန္မာစပါးအုံး” ေအာင္လအန္ဆန္သည္ လတ္တေလာတြင္ အေမရိကန္ ႏိုင္ငံမွ Hard Knocks 365 အားကစား႐ုံတြင္ ေလ့က်င့္ေနသူ ျဖစ္သည္။ ေအာင္လအန္ဆန္သည္ ၿပီးခဲ့သည့္ ၂ဝ၁၈ ခုႏွစ္မွ စတင္ကာ အဆိုပါ အားကစား႐ုံတြင္ ေလ့က်င့္ခဲ့ၿပီး နာမည္ေက်ာ္ နည္းျပႀကီး Henri Hooft ၏ သင္ၾကားျပသမႈေအာက္တြင္ တစ္ပြဲထက္ တစ္ပြဲ သိသိသာသာ လက္စြမ္း ပိုေကာင္း လာေနေၾကာင္း ပရိသတ္မ်ား သတိထား မိခဲ့ၾကသည္။

Hard Knocks 365 ဆိုတာ ဘာလဲ အေမရိကန္ ႏိုင္ငံ၊ ဖေလာ္ရီဒါ ျပည္နယ္၊ ဖို႔တ္ေလာက္ဒါေဒး ၿမိဳ႕တြင္ တည္ရွိေသာ Hard Knocks 365 အားကစား႐ုံသည္ ကိုယ္ခံပညာ အားကစားႏွင့္ အျခား အားကစား မ်ားကို အထူးျပဳ ေလ့က်င့္ေပးသည့္ ေနရာတစ္ခု ျဖစ္သည္။ အဆိုပါ အားကစား႐ုံကို ႀကီးၾကပ္ေနသူ မ်ားမွာ NFL နည္းျပေဟာင္း Tony Villani၊ ကိုယ္ခံပညာ သိုင္းေပါင္းစုံ အားကစား သမားေဟာင္းႀကီး Mario Sperry၊ နာမည္ႀကီး ကိုယ္ခံပညာ အားကစား နည္းျပႀကီး Henri Hooft ႏွင့္ အေမရိကန္ နပမ္းသမားေဟာင္း Greg Jones တို႔ ျဖစ္ၾကသည္။ Hard Knocks 365 ကို ဖေလာ္ရီဒါ ျပည္နယ္တြင္ သာမက အေမရိကန္ တစ္ႏိုင္ငံလုံးတြင္ပါ အေကာင္းဆုံး အားကစား႐ုံမ်ားထဲမွ တစ္ခုဟု သတ္မွတ္ ၾကသည္။

အဆိုပါ အားကစား႐ုံတြင္ လာေရာက္ေလ့က်င့္ေနသူမ်ားထဲတြင္ ၿပိဳင္ပြဲအသီးသီး၌ ေအာင္ျမင္ေက်ာ္ၾကားေနၾကသည့္ နာမည္ႀကီး အားကစား သမား အေျမာက္အျမား ပါဝင္ေနသည္။ ထင္ရွားသည့္ ကစားသမား အခ်ိဳ႕မွာ UFC ၿပိဳင္ပြဲ၏ လက္ရွိ ဝယ္တာဝိတ္တန္း ခ်န္ပီယံ Kamaru Usman၊ UFC ၿပိဳင္ပြဲသမိုင္း တစ္ေလွ်ာက္ အရပ္အရွည္ဆုံး ကစားသမား Stefan Struve၊ ONE Championship ၏ ဖယ္သာဝိတ္တန္း ခ်န္ပီယံ Martin “The Situ-Asian” Nguyen ႏွင့္Bellator ၿပိဳင္ပြဲမွ ရႈံးပြဲမရွိ ပြဲတိုင္းႏိုင္ ကစားသမား Adam Borics စသူတို႔ ျဖစ္ၾကသည္။ ထို႔ျပင္ UFC ႏွင့္ Bellator တို႔မွ ခ်န္ပီယံ မဟုတ္သည့္ အျခား နာမည္ႀကီး ကစားသမား အမ်ားအျပားလည္း ေလ့က်င့္ ေနသည္။ ထို႔ေၾကာင့္ ေအာင္လအန္ဆန္သည္ လက္စြမ္း ထက္ျမက္သည့္ ေလ့က်င့္ေဖာ္ မ်ားႏွင့္အတူ တြဲဖက္ ေလ့က်င့္ေန ရသျဖင့္ လက္စြမ္း တရိပ္ရိပ္တက္ေနျခင္း ဟုလည္း ဆိုႏိုင္သည္။

 

ေအာင္လအန္ဆန္နဲ႔ ဘယ္လိုလက္တြဲမိခဲ့သလဲ ၿပီးခဲ့သည့္ ႏွစ္ဆန္းပိုင္းက ေအာင္လအန္ဆန္သည္ ၎၏ ကစားသမားဘဝကို ေနာက္တစ္ဆင့္ ျမႇင့္တင္ေပးႏိုင္မည့္ အားကစား႐ုံ တစ္ခုကို အသည္းအသန္ လိုက္လံရွာေဖြေနခဲ့သည္။ ထိုစဥ္က ONE Championship တြင္ မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံ ျဖစ္ေနၿပီ ျဖစ္သည့္ ေအာင္လအန္ဆန္သည္ လိုက္ဟဲဗီးဝိတ္ ခ်န္ပီယံခါးပတ္လုပြဲကစားရန္ ရွိေနသလို ၎၏ မစ္ဒယ္ဝိတ္ခါးပတ္ အတြက္လည္း ကာကြယ္ရမည့္ ပြဲမ်ား ရွိေနသည္။ ထို႔ေၾကာင့္ ၎ကို ပိုမိုစနစ္က်နစြာ ေလ့က်င့္ေပး ႏိုင္မည့္ နည္းျပႏွင့္ အားကစား႐ုံကို ဖေလာ္ရီဒါ ျပည္နယ္အထိ သြားေရာက္ရွာေဖြခဲ့ျခင္း ျဖစ္သည္။

ဖေလာ္ရီဒါတြင္ ေအာင္လအန္ဆန္၏ ပထမဦးတည္ခ်က္မွာ Hard Knocks 365 မဟုတ္ေသးဘဲ UFC ကစားသမား အမ်ားစု အေျခစိုက္ရာ American Top Team အားကစား႐ုံ ျဖစ္ၿပီး လက္ရွိအားကစား႐ုံႏွင့္ ကီလိုမီတာ အနည္းငယ္သာေဝးသည့္ ေနရာတြင္ တည္ရွိသည္။ သို႔ေသာ္ ယင္းအားကစား႐ုံႏွင့္ ခ်ိတ္ဆက္ျခင္း မျပဳရေသးမီ Hard Knocks 365 မွ နည္းျပ Henri Hooft ႏွင့္ ေတြ႕ဆုံေဆြးေႏြး ျဖစ္ခဲ့ၿပီး ႏွစ္ဦးႏွစ္ဘက္ လိုလားခ်က္မ်ား ညႇိႏႈိင္းအဆင္ေျပခဲ့သျဖင့္ ယင္းအားကစား႐ုံကိုသာ ေ႐ြးခ်ယ္ျဖစ္ ခဲ့ျခင္းျဖစ္သည္။

“အဲဒီမွာရွိတဲ့ လူတိုင္းက တစ္ေယာက္ကို တစ္ေယာက္ ပိုေကာင္းေအာင္ လုပ္ေပးေနၾကတယ္။ သူတို႔က တကယ့္ကို အတည္ႀကီး လုပ္ေနၾကတာ။ ဒါကို အသက္ေမြးဝမ္းေက်ာင္း အလုပ္တစ္ခုအေနနဲ႔ လုပ္ေနတာ ျဖစ္လို႔ ဒီလို ပတ္ဝန္းက်င္မ်ိဳးကို ကြၽန္ေတာ္ သေဘာက်တယ္။ အဲဒီမွာ ေလ့က်င့္ေရးစခန္း ႏွစ္ႀကိမ္ဝင္ၿပီး ပထမဆုံး ၿပိဳင္တဲ့ ၂ ပြဲစလုံး ၿပိဳင္ဘက္ကို ဒိုင္ပြဲရပ္ျဖင့္ အလဲထိုးႏိုင္ခဲ့တယ္။ ဒါေလာက္ဆို ကြၽန္ေတာ္ ဘယ္ေလာက္ ပိုေကာင္းလာတယ္ ဆိုတာ သိသာပါတယ္”ဟု ေအာင္လအန္ဆန္က ၿပီးခဲ့သည့္ ႏွစ္အတြင္းက ျပဳလုပ္ခဲ့သည့္ ONE Championship ႏွင့္ အင္တာဗ်ဳးတြင္ ေျပာျပခဲ့ဖူးသည္။

Hard Knocks 365 ေၾကာင့္ ဘာေတြတိုးတက္သလဲ ေအာင္လအန္ဆန္သည္ Hard Knocks 365 သို႔ စတင္ေရာက္ရွိခ်ိန္မွ စတင္ကာ ယခုအထိ ပြဲတိုင္းကို ဒိုင္ပြဲရပ္ျဖင့္ အလဲထိုးရလဒ္ျဖင့္ ဆက္တိုက္ အႏိုင္ယူခဲ့သည္ကို ေတြ႕ရသည္။ ေနာက္ဆုံး ကစားသည့္ပြဲတြင္ ဟဲဗီးဝိတ္တန္းမွ ဆင္းကာ စိန္ေခၚလာသည့္ Brandon Vera ကိုပင္ အလဲထိုးခဲ့သည္ကို ၾကည့္ျခင္းအားျဖင့္ ေအာင္လအန္ဆန္၏ လက္စြမ္း မည္မွ်အထိ တိုးတက္လာသည္ကို ျမင္သာေစသည္။ ယင္းအားကစား႐ုံသို႔ မေရာက္မီက ကစားခဲ့သည့္ ONE Championship ပြဲေပါင္း ၇ ပြဲတြင္ ၆ ပြဲႏိုင္ ၁ ပြဲရႈံး ရလဒ္ရွိခဲ့ၿပီး အလဲထိုး ႏိုင္ပြဲတစ္ပြဲႏွင့္ ေျမျပင္ခ်ဳပ္ကြက္ျဖင့္ ၃ ပြဲ အႏိုင္ရရွိသည္။ ထို႔ျပင္ ႐ုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္ က်စ္လစ္သန္မာမႈ အပိုင္းတြင္လည္း ျပစ္ခ်က္ မရွိေအာင္ ၿပီးျပည့္စုံသည့္ အေနအထား ေရာက္ေအာင္ ျပင္ဆင္ႏိုင္ခဲ့သည္။

“နည္းျပက ကြၽန္ေတာ့္ကို ယုံၾကည္တယ္။ အေျခခံဆန္တဲ့ နည္းစနစ္ေတြ သင္ေပးတယ္။ သူတို႔က ကြၽန္ေတာ့္ကို အကြက္ဆန္းေတြ သိပ္ၿပီး မသင္ပါဘူး။ ႐ိုး႐ိုးေလးနဲ႔ တကယ္ အသုံးဝင္ ထိေရာက္တဲ့ အကြက္ေတြကိုပဲ သင္ေပးတာပါ။ ကြၽန္ေတာ့္ ေျမျပင္ နပမ္းပညာမွာ အားနည္းခ်က္ေတြ ရွိတယ္။ ဒါေတြကို Greg Jones နဲ႔ Kenny Monday တို႔လို အရမ္းအဆင့္ျမင့္တဲ့ နပမ္းဆရာႀကီးေတြနဲ႔ ေသခ်ာ ျပန္သင္ေပးတယ္။ သူတို႔နဲ႔ တြဲလုပ္ရင္း ကြၽန္ေတာ့္ နပမ္းပညာ ပိုေကာင္းလာတယ္။ Henri Hooft က Kickboxing နဲ႔ မတ္တပ္ရပ္ တိုက္ခိုက္မႈ အပိုင္းကို ႐ိုး႐ိုးေလး သင္ေပးတယ္။ ဒါေပမယ့္ အဲဒါက အရမ္းထိေရာက္ၿပီး ကြၽန္ေတာ္နဲ႔ အလုပ္ျဖစ္တယ္” ဟု ေအာင္လအန္ဆန္က ေျပာျပခဲ့သည္။

ျခေသၤ့ေတြ ၾကားက ျခေသၤ့ ေအာင္လအန္ဆန္ႏွင့္ Hard Knocks 365 တြင္ အတူေလ့က်င့္ေနသည့္ Martin Nguyen ေျပာဖူးသည့္ ဆို႐ိုးစကား တစ္ခြန္း ရွိသည္။ ယင္းမွာ “ျခေသၤ့ ျဖစ္ခ်င္ရင္ ျခေသၤ့ေတြနဲ႔ အတူေလ့က်င့္ရတယ္”ဟူသည့္ စကားျဖစ္ၿပီး အဆိုပါ ဆို႐ိုးစကားက ေအာင္လအန္ဆန္ ႏွင့္လည္း တိုက္ဆိုင္ေနသည္ဟု ဆိုရမည္ ျဖစ္သည္။ ယခင္ အားကစား႐ုံေဟာင္းတြင္ နည္းစနစ္အသစ္မ်ား သင္ယူႏိုင္မႈႏွင့္ စနစ္တက် ေလ့က်င့္ ၫႊန္ၾကားေပးမႈမ်ား အားနည္းခဲ့သည့္ ေအာင္လအန္ဆန္သည္ ပြဲေပါင္း ၃၂ ပြဲ ကစားအၿပီးတြင္ ၁ဝ ပြဲအထိ ရႈံးနိမ့္ခဲ့သျဖင့္ ၆ဝ ရာခိုင္ႏႈန္းသာ ေအာင္ျမင္မႈ ရွိခဲ့သည္။ Hark Knocks 365 တြင္ ေလ့က်င့္သည့္ ေနာက္ပိုင္း ၅ ပြဲဆက္ အႏိုင္ရကာ ရာႏႈန္းျပည့္ အႏိုင္ ရလဒ္ျဖင့္ ခ်ီတက္ေနသည္ကို ေတြ႕ရသည္။

ထို႔ေၾကာင့္ ေအာင္လအန္ဆန္သည္ ၎၏ မိသားစုကိုပင္ ဖေလာ္ရီဒါသို႔ ေျပာင္းေ႐ႊ႕ ေနထိုင္ေစကာ ေလ့က်င့္မႈမ်ားထဲ အာ႐ုံစိုက္၍ ေကာင္းသည္ထက္ ေကာင္းေအာင္ ျပင္ဆင္ေနသည္ကို ေတြ႕ရသည္။ ထိုသို႔ မိသားစုႏွင့္အတူ ေနထိုင္ကာ ေလ့က်င့္ျခင္းက ၎၏ လက္စြမ္း ပိုေကာင္းလာေစရန္ အေထာက္အကူ တစ္ခုျဖစ္သည္ဟုပင္ ေအာင္လအန္ဆန္က ေျပာျပခဲ့ဖူးသည္။

“ေလ့က်င့္ေရးစခန္း ဝင္ေနတဲ့အခ်ိန္မွာ မိသားစုနဲ႔ ခြဲေနရေတာ့ ေကာင္းေကာင္း အိပ္မေပ်ာ္ဘူးဗ်။ က်န္ခဲ့တဲ့ ဇနီးသည္နဲ႔ လူမမယ္ သားငယ္ေလးကို လြမ္းေနရတာ။ ဒါေၾကာင့္ သူတို႔ကို ဒီေခၚၿပီး ေျပာင္းေနခိုင္းလိုက္မွ အခ်ိန္ျပည့္ တစ္ႏွစ္လုံး ေလ့က်င့္ႏိုင္ သြားတာ။ ေလ့က်င့္ေရးက ျပန္လာတဲ့အခ်ိန္ ဇနီးနဲ႔ သားရဲ႕ မ်က္ႏွာကို ျမင္ရတယ္။ သူတို႔နဲ႔အတူ ညစာစားရတယ္။ အတူ အိပ္ယာဝင္ရတယ္။ ဒါေလးေတြက ဘာမွမဆန္းေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ ဘဝရဲ႕ စည္းစိမ္ေတြ ပါပဲ” ဟု ေအာင္လအန္ဆန္က ဆိုခဲ့သည္။

ေအာင္လအန္ဆန္၏ လက္တြဲေခၚမႈ ေအာင္လအန္ဆန္သည္ အေကာင္းဆုံးမ်ားကို ရရွိသည့္အခါ အေပါင္းအသင္း မ်ားႏွင့္ မွ်ေဝတတ္သူ တစ္ဦးျဖစ္သည္။ ေအာင္လအန္ဆန္သည္ ONE Championship မွ ကစားေဖာ္ မိတ္ေဆြ Martin Nguyen ကို Hard Knock 365 သို႔ ေခၚယူကာ ၎ႏွင့္အတူ ေလ့က်င့္ရန္ တိုက္တြန္းခဲ့သည္။ ထို႔ေၾကာင့္ Nguyen သည္ ၾသစေၾတးလ်မွ ေျပာင္းေ႐ႊ႕လာကာ ယင္းအားကစား႐ုံတြင္ လာေရာက္ ေလ့က်င့္ေနၿပီ ျဖစ္သည္။

ေအာင္လအန္ဆန္ လက္တြဲေခၚ ခဲ့သည့္ ေနာက္ထပ္ ကစားသမား တစ္ဦးမွာ “Dragon Leg” တီရဲလ္ထန္ ျဖစ္သည္။ ၎ကဲ့သို႔ ျမန္မာျပည္ဖြား အားကစား သမားတစ္ေယာက္ ျဖစ္သည့္ တီရဲလ္ထန္ကို အေပ်ာ္တမ္းအဆင့္မွ ပေရာ္ဖက္ရွင္နယ္ တစ္ေယာက္ ျဖစ္လာေစရန္ Hard Knock 365 သို႔ လာေရာက္ ေလ့က်င့္ေစၿပီး အနီးကပ္ လမ္းၫႊန္မႈမ်ား ျပဳလုပ္ေပး ေနေၾကာင္း ေတြ႕ရသည္။

“ဒီမွာရွိတဲ့သူေတြ တစ္အုပ္စုလုံးက ကြၽန္ေတာ္နဲ႔ ခ်က္ခ်င္းကို မိတ္ေဆြ ျဖစ္သြားၾကတယ္။ သူတို႔နဲ႔ ဆိုရင္ ကြၽန္ေတာ္ ပိုေကာင္းလာမယ္ ဆိုတာ ေကာင္းေကာင္းသိတယ္။ သူတို႔က အဆင့္ျမင့္ ကစားသမားေတြ ျဖစ္ၿပီး ကြၽန္ေတာ့္ကို အၿမဲတမ္း ကူညီဖို႔ အသင့္ျဖစ္ေနသလို အၿမဲလည္း တြန္းအားေပး ေနၾကတယ္။ ဒါက ကြၽန္ေတာ့္ကို ပိုေကာင္းတဲ့ ကစားသမား ျဖစ္လာေစမွာပါ။ ဒါဟာ တကယ့္ကို ပေရာ္ဖက္ရွင္နယ္ က်တဲ့ ကိုယ္ခံပညာ အားကစား ခန္းမပါပဲ။ ဒီေလ့က်င့္ေရးေတြက ကြၽန္ေတာ့္ကို ေနာက္တစ္ဆင့္ ေခၚသြားလိမ့္မယ္”ဟု ေအာင္လအန္ဆန္က ယုံၾကည္စြာ ေျပာခဲ့သည္။

ONE : Master of Fate ၿပိဳင္ပြဲကို ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕ရွိ Mall Of Asia Arena အားကစားကြင္းတြင္ ႏိုဝင္ဘာလ ၈ ရက္ေန႔၌ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး စုစုေပါင္း တြဲဆိုင္းေပါင္း ၁၄ဆိုင္း ယွဥ္ၿပိဳင္ ကစားမည္ျဖစ္သည္။

share from :burmese.asia

Unicode ဖြင့်ဖတ်ရန်

အောင်မြင်မှုများရနေသည့် အောင်လအန်ဆန် ရဲ့နောက်ကွယ်က Hard Knocks 365

ONE Championship ၏ လက်ရှိ တစ်ဦးတည်းသော ဝိတ်တန်းနှစ်ခု ချန်ပီယံနှင့် မြန်မာတို့၏ အမျိုးသား သူရဲကောင်း “မြန်မာစပါးအုံး” အောင်လအန်ဆန်သည် လတ်တလောတွင် အမေရိကန် နိုင်ငံမှ Hard Knocks 365 အားကစားရုံတွင် လေ့ကျင့်နေသူ ဖြစ်သည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်မှ စတင်ကာ အဆိုပါ အားကစားရုံတွင် လေ့ကျင့်ခဲ့ပြီး နာမည်ကျော် နည်းပြကြီး Henri Hooft ၏ သင်ကြားပြသမှုအောက်တွင် တစ်ပွဲထက် တစ်ပွဲ သိသိသာသာ လက်စွမ်း ပိုကောင်း လာနေကြောင်း ပရိသတ်များ သတိထား မိခဲ့ကြသည်။

Hard Knocks 365 ဆိုတာ ဘာလဲ အမေရိကန် နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ ဖို့တ်လောက်ဒါဒေး မြို့တွင် တည်ရှိသော Hard Knocks 365 အားကစားရုံသည် ကိုယ်ခံပညာ အားကစားနှင့် အခြား အားကစား များကို အထူးပြု လေ့ကျင့်ပေးသည့် နေရာတစ်ခု ဖြစ်သည်။ အဆိုပါ အားကစားရုံကို ကြီးကြပ်နေသူ များမှာ NFL နည်းပြဟောင်း Tony Villani၊ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သမားဟောင်းကြီး Mario Sperry၊ နာမည်ကြီး ကိုယ်ခံပညာ အားကစား နည်းပြကြီး Henri Hooft နှင့် အမေရိကန် နပမ်းသမားဟောင်း Greg Jones တို့ ဖြစ်ကြသည်။ Hard Knocks 365 ကို ဖလော်ရီဒါ ပြည်နယ်တွင် သာမက အမေရိကန် တစ်နိုင်ငံလုံးတွင်ပါ အကောင်းဆုံး အားကစားရုံများထဲမှ တစ်ခုဟု သတ်မှတ် ကြသည်။

အဆိုပါ အားကစားရုံတွင် လာရောက်လေ့ကျင့်နေသူများထဲတွင် ပြိုင်ပွဲအသီးသီး၌ အောင်မြင်ကျော်ကြားနေကြသည့် နာမည်ကြီး အားကစား သမား အမြောက်အမြား ပါဝင်နေသည်။ ထင်ရှားသည့် ကစားသမား အချို့မှာ UFC ပြိုင်ပွဲ၏ လက်ရှိ ဝယ်တာဝိတ်တန်း ချန်ပီယံ Kamaru Usman၊ UFC ပြိုင်ပွဲသမိုင်း တစ်လျှောက် အရပ်အရှည်ဆုံး ကစားသမား Stefan Struve၊ ONE Championship ၏ ဖယ်သာဝိတ်တန်း ချန်ပီယံ Martin “The Situ-Asian” Nguyen နှင့်Bellator ပြိုင်ပွဲမှ ရှုံးပွဲမရှိ ပွဲတိုင်းနိုင် ကစားသမား Adam Borics စသူတို့ ဖြစ်ကြသည်။ ထို့ပြင် UFC နှင့် Bellator တို့မှ ချန်ပီယံ မဟုတ်သည့် အခြား နာမည်ကြီး ကစားသမား အများအပြားလည်း လေ့ကျင့် နေသည်။ ထို့ကြောင့် အောင်လအန်ဆန်သည် လက်စွမ်း ထက်မြက်သည့် လေ့ကျင့်ဖော် များနှင့်အတူ တွဲဖက် လေ့ကျင့်နေ ရသဖြင့် လက်စွမ်း တရိပ်ရိပ်တက်နေခြင်း ဟုလည်း ဆိုနိုင်သည်။

အောင်လအန်ဆန်နဲ့ ဘယ်လိုလက်တွဲမိခဲ့သလဲ ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက အောင်လအန်ဆန်သည် ၎င်း၏ ကစားသမားဘဝကို နောက်တစ်ဆင့် မြှင့်တင်ပေးနိုင်မည့် အားကစားရုံ တစ်ခုကို အသည်းအသန် လိုက်လံရှာဖွေနေခဲ့သည်။ ထိုစဉ်က ONE Championship တွင် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဖြစ်နေပြီ ဖြစ်သည့် အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်လုပွဲကစားရန် ရှိနေသလို ၎င်း၏ မစ်ဒယ်ဝိတ်ခါးပတ် အတွက်လည်း ကာကွယ်ရမည့် ပွဲများ ရှိနေသည်။ ထို့ကြောင့် ၎င်းကို ပိုမိုစနစ်ကျနစွာ လေ့ကျင့်ပေး နိုင်မည့် နည်းပြနှင့် အားကစားရုံကို ဖလော်ရီဒါ ပြည်နယ်အထိ သွားရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ဖလော်ရီဒါတွင် အောင်လအန်ဆန်၏ ပထမဦးတည်ချက်မှာ Hard Knocks 365 မဟုတ်သေးဘဲ UFC ကစားသမား အများစု အခြေစိုက်ရာ American Top Team အားကစားရုံ ဖြစ်ပြီး လက်ရှိအားကစားရုံနှင့် ကီလိုမီတာ အနည်းငယ်သာဝေးသည့် နေရာတွင် တည်ရှိသည်။ သို့သော် ယင်းအားကစားရုံနှင့် ချိတ်ဆက်ခြင်း မပြုရသေးမီ Hard Knocks 365 မှ နည်းပြ Henri Hooft နှင့် တွေ့ဆုံဆွေးနွေး ဖြစ်ခဲ့ပြီး နှစ်ဦးနှစ်ဘက် လိုလားချက်များ ညှိနှိုင်းအဆင်ပြေခဲ့သဖြင့် ယင်းအားကစားရုံကိုသာ ရွေးချယ်ဖြစ် ခဲ့ခြင်းဖြစ်သည်။

“အဲဒီမှာရှိတဲ့ လူတိုင်းက တစ်ယောက်ကို တစ်ယောက် ပိုကောင်းအောင် လုပ်ပေးနေကြတယ်။ သူတို့က တကယ့်ကို အတည်ကြီး လုပ်နေကြတာ။ ဒါကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအနေနဲ့ လုပ်နေတာ ဖြစ်လို့ ဒီလို ပတ်ဝန်းကျင်မျိုးကို ကျွန်တော် သဘောကျတယ်။ အဲဒီမှာ လေ့ကျင့်ရေးစခန်း နှစ်ကြိမ်ဝင်ပြီး ပထမဆုံး ပြိုင်တဲ့ ၂ ပွဲစလုံး ပြိုင်ဘက်ကို ဒိုင်ပွဲရပ်ဖြင့် အလဲထိုးနိုင်ခဲ့တယ်။ ဒါလောက်ဆို ကျွန်တော် ဘယ်လောက် ပိုကောင်းလာတယ် ဆိုတာ သိသာပါတယ်”ဟု အောင်လအန်ဆန်က ပြီးခဲ့သည့် နှစ်အတွင်းက ပြုလုပ်ခဲ့သည့် ONE Championship နှင့် အင်တာဗျုးတွင် ပြောပြခဲ့ဖူးသည်။

Hard Knocks 365 ကြောင့် ဘာတွေတိုးတက်သလဲ အောင်လအန်ဆန်သည် Hard Knocks 365 သို့ စတင်ရောက်ရှိချိန်မှ စတင်ကာ ယခုအထိ ပွဲတိုင်းကို ဒိုင်ပွဲရပ်ဖြင့် အလဲထိုးရလဒ်ဖြင့် ဆက်တိုက် အနိုင်ယူခဲ့သည်ကို တွေ့ရသည်။ နောက်ဆုံး ကစားသည့်ပွဲတွင် ဟဲဗီးဝိတ်တန်းမှ ဆင်းကာ စိန်ခေါ်လာသည့် Brandon Vera ကိုပင် အလဲထိုးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အောင်လအန်ဆန်၏ လက်စွမ်း မည်မျှအထိ တိုးတက်လာသည်ကို မြင်သာစေသည်။ ယင်းအားကစားရုံသို့ မရောက်မီက ကစားခဲ့သည့် ONE Championship ပွဲပေါင်း ၇ ပွဲတွင် ၆ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ရှိခဲ့ပြီး အလဲထိုး နိုင်ပွဲတစ်ပွဲနှင့် မြေပြင်ချုပ်ကွက်ဖြင့် ၃ ပွဲ အနိုင်ရရှိသည်။ ထို့ပြင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကျစ်လစ်သန်မာမှု အပိုင်းတွင်လည်း ပြစ်ချက် မရှိအောင် ပြီးပြည့်စုံသည့် အနေအထား ရောက်အောင် ပြင်ဆင်နိုင်ခဲ့သည်။

“နည်းပြက ကျွန်တော့်ကို ယုံကြည်တယ်။ အခြေခံဆန်တဲ့ နည်းစနစ်တွေ သင်ပေးတယ်။ သူတို့က ကျွန်တော့်ကို အကွက်ဆန်းတွေ သိပ်ပြီး မသင်ပါဘူး။ ရိုးရိုးလေးနဲ့ တကယ် အသုံးဝင် ထိရောက်တဲ့ အကွက်တွေကိုပဲ သင်ပေးတာပါ။ ကျွန်တော့် မြေပြင် နပမ်းပညာမှာ အားနည်းချက်တွေ ရှိတယ်။ ဒါတွေကို Greg Jones နဲ့ Kenny Monday တို့လို အရမ်းအဆင့်မြင့်တဲ့ နပမ်းဆရာကြီးတွေနဲ့ သေချာ ပြန်သင်ပေးတယ်။ သူတို့နဲ့ တွဲလုပ်ရင်း ကျွန်တော့် နပမ်းပညာ ပိုကောင်းလာတယ်။ Henri Hooft က Kickboxing နဲ့ မတ်တပ်ရပ် တိုက်ခိုက်မှု အပိုင်းကို ရိုးရိုးလေး သင်ပေးတယ်။ ဒါပေမယ့် အဲဒါက အရမ်းထိရောက်ပြီး ကျွန်တော်နဲ့ အလုပ်ဖြစ်တယ်” ဟု အောင်လအန်ဆန်က ပြောပြခဲ့သည်။

ခြင်္သေ့တွေ ကြားက ခြင်္သေ့ အောင်လအန်ဆန်နှင့် Hard Knocks 365 တွင် အတူလေ့ကျင့်နေသည့် Martin Nguyen ပြောဖူးသည့် ဆိုရိုးစကား တစ်ခွန်း ရှိသည်။ ယင်းမှာ “ခြင်္သေ့ ဖြစ်ချင်ရင် ခြင်္သေ့တွေနဲ့ အတူလေ့ကျင့်ရတယ်”ဟူသည့် စကားဖြစ်ပြီး အဆိုပါ ဆိုရိုးစကားက အောင်လအန်ဆန် နှင့်လည်း တိုက်ဆိုင်နေသည်ဟု ဆိုရမည် ဖြစ်သည်။ ယခင် အားကစားရုံဟောင်းတွင် နည်းစနစ်အသစ်များ သင်ယူနိုင်မှုနှင့် စနစ်တကျ လေ့ကျင့် ညွှန်ကြားပေးမှုများ အားနည်းခဲ့သည့် အောင်လအန်ဆန်သည် ပွဲပေါင်း ၃၂ ပွဲ ကစားအပြီးတွင် ၁ဝ ပွဲအထိ ရှုံးနိမ့်ခဲ့သဖြင့် ၆ဝ ရာခိုင်နှုန်းသာ အောင်မြင်မှု ရှိခဲ့သည်။ Hark Knocks 365 တွင် လေ့ကျင့်သည့် နောက်ပိုင်း ၅ ပွဲဆက် အနိုင်ရကာ ရာနှုန်းပြည့် အနိုင် ရလဒ်ဖြင့် ချီတက်နေသည်ကို တွေ့ရသည်။

ထို့ကြောင့် အောင်လအန်ဆန်သည် ၎င်း၏ မိသားစုကိုပင် ဖလော်ရီဒါသို့ ပြောင်းရွှေ့ နေထိုင်စေကာ လေ့ကျင့်မှုများထဲ အာရုံစိုက်၍ ကောင်းသည်ထက် ကောင်းအောင် ပြင်ဆင်နေသည်ကို တွေ့ရသည်။ ထိုသို့ မိသားစုနှင့်အတူ နေထိုင်ကာ လေ့ကျင့်ခြင်းက ၎င်း၏ လက်စွမ်း ပိုကောင်းလာစေရန် အထောက်အကူ တစ်ခုဖြစ်သည်ဟုပင် အောင်လအန်ဆန်က ပြောပြခဲ့ဖူးသည်။

“လေ့ကျင့်ရေးစခန်း ဝင်နေတဲ့အချိန်မှာ မိသားစုနဲ့ ခွဲနေရတော့ ကောင်းကောင်း အိပ်မပျော်ဘူးဗျ။ ကျန်ခဲ့တဲ့ ဇနီးသည်နဲ့ လူမမယ် သားငယ်လေးကို လွမ်းနေရတာ။ ဒါကြောင့် သူတို့ကို ဒီခေါ်ပြီး ပြောင်းနေခိုင်းလိုက်မှ အချိန်ပြည့် တစ်နှစ်လုံး လေ့ကျင့်နိုင် သွားတာ။ လေ့ကျင့်ရေးက ပြန်လာတဲ့အချိန် ဇနီးနဲ့ သားရဲ့ မျက်နှာကို မြင်ရတယ်။ သူတို့နဲ့အတူ ညစာစားရတယ်။ အတူ အိပ်ယာဝင်ရတယ်။ ဒါလေးတွေက ဘာမှမဆန်းပေမယ့် ကျွန်တော့်အတွက်တော့ ဘဝရဲ့ စည်းစိမ်တွေ ပါပဲ” ဟု အောင်လအန်ဆန်က ဆိုခဲ့သည်။

အောင်လအန်ဆန်၏ လက်တွဲခေါ်မှု အောင်လအန်ဆန်သည် အကောင်းဆုံးများကို ရရှိသည့်အခါ အပေါင်းအသင်း များနှင့် မျှဝေတတ်သူ တစ်ဦးဖြစ်သည်။ အောင်လအန်ဆန်သည် ONE Championship မှ ကစားဖော် မိတ်ဆွေ Martin Nguyen ကို Hard Knock 365 သို့ ခေါ်ယူကာ ၎င်းနှင့်အတူ လေ့ကျင့်ရန် တိုက်တွန်းခဲ့သည်။ ထို့ကြောင့် Nguyen သည် သြစတြေးလျမှ ပြောင်းရွှေ့လာကာ ယင်းအားကစားရုံတွင် လာရောက် လေ့ကျင့်နေပြီ ဖြစ်သည်။

အောင်လအန်ဆန် လက်တွဲခေါ် ခဲ့သည့် နောက်ထပ် ကစားသမား တစ်ဦးမှာ “Dragon Leg” တီရဲလ်ထန် ဖြစ်သည်။ ၎င်းကဲ့သို့ မြန်မာပြည်ဖွား အားကစား သမားတစ်ယောက် ဖြစ်သည့် တီရဲလ်ထန်ကို အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လာစေရန် Hard Knock 365 သို့ လာရောက် လေ့ကျင့်စေပြီး အနီးကပ် လမ်းညွှန်မှုများ ပြုလုပ်ပေး နေကြောင်း တွေ့ရသည်။

“ဒီမှာရှိတဲ့သူတွေ တစ်အုပ်စုလုံးက ကျွန်တော်နဲ့ ချက်ချင်းကို မိတ်ဆွေ ဖြစ်သွားကြတယ်။ သူတို့နဲ့ ဆိုရင် ကျွန်တော် ပိုကောင်းလာမယ် ဆိုတာ ကောင်းကောင်းသိတယ်။ သူတို့က အဆင့်မြင့် ကစားသမားတွေ ဖြစ်ပြီး ကျွန်တော့်ကို အမြဲတမ်း ကူညီဖို့ အသင့်ဖြစ်နေသလို အမြဲလည်း တွန်းအားပေး နေကြတယ်။ ဒါက ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာစေမှာပါ။ ဒါဟာ တကယ့်ကို ပရော်ဖက်ရှင်နယ် ကျတဲ့ ကိုယ်ခံပညာ အားကစား ခန်းမပါပဲ။ ဒီလေ့ကျင့်ရေးတွေက ကျွန်တော့်ကို နောက်တစ်ဆင့် ခေါ်သွားလိမ့်မယ်”ဟု အောင်လအန်ဆန်က ယုံကြည်စွာ ပြောခဲ့သည်။

ONE : Master of Fate ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Mall Of Asia Arena အားကစားကွင်းတွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း တွဲဆိုင်းပေါင်း ၁၄ဆိုင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

share from :burmese.asia

LEAVE A REPLY