Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
သားအဖနဲ့တူတယ်လို့ ဝေဖန်ခံနေရတဲ့ လင်မယားတို့အကြောင်း
ထိုင်ဝမ်က အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဇနီးချော ဗီယက်နမ်နိုင်ငံသူနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ရာမှ အင်တာနက်တစ်ခွင် ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကို Facebook ပေါ်တင်ပြီးနောက်မှာ အများစုက အမျိုးသားဖြစ်သူဟာ အသက်အရွယ်ကြီးပုံရတဲ့အတွက် သားအဖပဲဖြစ်မယ်လို့ထင်ကြေးပေးခဲ့ကြတာပါ။
သူတို့စုံတွဲပုံကို အင်တာနက်မှာတင်လိုက်တဲ့ အမျိုးသားဖြစ်သူကတော့ ဇနီးသည်ဟာ ၂၆နှစ်သာရှိသေးကြောင်း ဖြေကြားခဲ့ပါတယ်။
ထိုပုံကို သားအဖနဲ့တူတယ်လို့ ဝေဖန်ထားတဲ့ အင်တာနက်သုံးစွဲသူတစ်ဦးကတော့
“မယုံနိုင်ဘူးဖြစ်နေတယ် သားအဖလို့ထင်ထားတာ တစ်ဖက်ကတွေးကြည့်မယ်ဆိုရင်တော့ လူမျိုးမတူတဲ့အတွက် ရုပ်ရည်ကွာခြားတာလည်းဖြစ်နိုင်ပါတယ် လို့ ဆိုခဲ့ပါတယ်။
Writer -LLA ( Shwe Yaung Lan )