Zawgyi ျဖင့္ဖတ္ရန္

ထိုင္းႏိုင္ငံက စြန္းဦးတီထြင္လုပ္ငန္းရွင္တစ္ဦးက အင္းဆက္ပိုးမႊားအမ်ိဳးမ်ိဳးကို အားလူးႂကြပ္ေၾကာ္မ်ားကဲ့သို႔ အိတ္သြပ္ၿပီး အရသာမ်ိဳးစုံနဲ႔ သြားေရစာအျဖစ္ စီးပြားျဖစ္ ထုတ္လုပ္ေရာင္းခ်ေနရာမွာ အျမတ္အစြန္းႀကီးၿပီး အလြန္စီးပြားျဖစ္ေနပါတယ္။

ျမန္မာႏိုင္ငံမွာလည္း ပုရစ္ကဲ့သို႔ေသာ အင္းဆက္ပိုးေတြကို ရာသီအခ်ိန္ေရာက္တဲ့အခါ ေၾကာ္ၿပီး လမ္းေဘးမွာေရာင္းခ် ဝယ္ယူစားေသာက္လာခဲ့ၾကတာ ေရွးအစဥ္အဆက္ကတည္းက ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုအစားအစာမ်ိဳးကို လမ္းေပၚမွာအၿမဲတမ္းေတြ႕ရေလ့မရွိပဲ ရာသီေပၚခ်ိန္ေရာက္မွသာ စားသုံးႏိုင္ပါတယ္။

ထိုင္းႏိုင္ငံက စြန္ဦးတီထြင္လုပ္ငန္းရွင္ ‘တက္ဒ္နတ္ခ်န္တသန္’ ဆိုသူက ပုရစ္၊ ဝါးပိုးေတြ အပါအဝင္ လူေတြစားေသာက္လို႔ရတဲ့ အျခားေသာ အင္းဆက္ပိုးအမ်ိဳးမ်ိဳးကို စနစ္တက်ေမြးျမဴၿပီးေနာက္ သြားေရစာ(snack) အျဖစ္ ထုတ္လုပ္ျဖန႔္ျဖဴးၿပီး ထိုင္းႏိုင္ငံအဝွမ္းက ဆိုင္ေတြမွာ ေရာင္းခ်ေနပါတယ္။

သန္းနဲ႔ခ်ီတဲ့ ပုရစ္ေတြကို သိုေလွာင္႐ုံထဲမွာ အစာေကြၽးေမြးျမဴၿပီး ဥကေန သားေပါက္လို႔ ၄၅ ရက္ျပည့္တဲ့အခါ သူတို႔ကို သြားရည္စာအျဖစ္ အသြင္ေျပာင္းဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ ဒီလိုအစားအေသာက္ေတြကို ႏွစ္သက္တဲ့ စားသုံးသူေတြ ထိုင္းႏိုင္ငံမွာ အမ်ားအျပားရွိေနပါတယ္။

Smile Firm ကုမၸဏီကို တည္ေထာင္သူ ‘တက္ဒ္နတ္ခ်န္တသန္’ ဟာ ႐ုပ္ျမင္သံၾကားကေနတစ္ဆင့္ အင္းဆက္ပိုးေတြဟာ တိုးတက္မ်ားျပားလာတဲ့ လူဦးေရနဲ႔အညီ အနာဂါတ္ကမာၻမွာ လူေတြအတြက္ ပရိတိန္းဓါတ္ရဖို႔ အျခားနည္းလမ္းတစ္ခု ျဖစ္လာမယ္ဆိုတာကို ၾကားဖူးခဲ့ပါတယ္။

 

တစ္ခ်ိန္ထဲမွာပဲ ထိုင္းႏိုင္ငံရဲ႕ လမ္းေဘးေတြမွာ အင္းဆက္ပိုးေတြ ခ်က္ျပဳတ္ေရာင္းခ်တဲ့ ေစ်းကြက္ကလည္း ရွိေနပါတယ္၊ ဒါေပမယ့္ မစားရဲေသးတဲ့သူေတြလည္း အမ်ားႀကီးရွိေနပါေသးတယ္။ ဒီအင္းဆက္ပိုးေတြကို လူတိုင္းလြယ္လြယ္ကူကူနဲ႔ အရသာေပါင္းစုံ စားႏိုင္ေအာင္ ဘယ္လိုလုပ္မလဲဆိုတာကို စိတ္ကူးၿပီး ေနာက္ဆုံးမွာ ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။

အဓိကအားျဖင့္ ပုရစ္၊ ဝါးပင္ပိုး နဲ႔ ပိုးခ်ည္ထုတ္တဲ့အင္းဆက္ပိုးေတြကို အသုံးျပဳၿပီး သြားေရစာအျဖစ္ တစ္လလွ်င္ တန္ခ်ိန္ ၁.၈ တန္ ထုတ္ပိုး ျဖန႔္ျဖဴးေရာင္းခ်ေနပါတယ္။ အရသာေတြအေနနဲ႔ မူလအရသာ၊ ဘာဘီက်ဴးအရသာနဲ႔ တုံယန္းအရသာတို႔ခြဲၿပီး ထုတ္လုပ္ပါတယ္။

ယူအန္(UN) ကေတာ့ လူေတြကို အင္းဆက္ပိုးေတြ စားသင့္တယ္လို႔ တိုက္တြန္းထားတာေတြရွိပါတယ္။ ယူအန္ရဲ႕ အစားအစာနဲ႔ လယ္ယာစိုက္ပ်ိဳးေရးအဖြဲ႕အစည္းမွ Katinka se Balogh က အင္းဆက္ပိုးေတြမွာ သိုးသား၊ ဝက္သား စတဲ့ အသားေတြမွာ ပါဝင္တဲ့ ပ႐ိုတိန္းဓာတ္၊ မင္နရယ္နဲ႔ ဗီတာမင္ B12 တို႔ ျပည့္ဝစြာပါဝင္တယ္လို႔ ဆိုပါတယ္၊ ဒါ့အျဖင့္ သံဓါတ္နဲ႔ ဇင့္ဓာတ္ေတြလည္း ေတာ္ေတာ္မ်ားမ်ား ပါဝင္တယ္လို႔ ဆိုပါတယ္။ အင္းဆက္ေတြမွာ ပါဝင္တဲ့ အဟာရတန္ဖိုးေတြကို ဟိုအရင္တုန္းက အသိအမွတ္မျပဳခဲ့တာ မွန္ေပမယ့္ ဒီေန႔ဒီအခ်ိန္မွာေတာ့ အလားအလာေကာင္းေတြ အမ်ားႀကီးရွိေနတာကို ရွာေဖြေတြ႕ရွိခဲ့ပါၿပီလို႔ ဆိုပါတယ္။ ဒါ့အျပင္ အင္းဆက္ေတြဟာ ေလထုညစ္ညမ္းမႈကို ေလ်ာ့ခ်ေပးႏိုင္တယ္လို႔ ယူအန္က ဆိုပါတယ္။

 

 

စြန္းဦးတီထြင္သူ ‘တက္ဒ္နတ္ခ်န္တသန္’ က သူ႔အေနနဲ႔ တကမာၻလုံးကိုပါ တင္ပို႔ဖို႔ ဆႏၵရွိေနေပမယ့္ လက္တေလာမွာေတာ့ ရႈပ္ေထြးလွတဲ့ ႏိုင္ငံတစ္ကာက အစားအေသာက္ဆိုင္ရာ ဥပေဒေတြေၾကာင့္ အခက္အခဲေတြရွိေနပါေသးတယ္။ အင္းဆက္ေတြကို အစားအေသာက္အျဖစ္ အျခားႏိုင္ငံေတြကပါ အသိမွတ္ျပဳလက္ခံဖို႔ လိုေနေသးေၾကာင္း ‘တက္ဒ္နတ္ခ်န္တသန္’ က ေျပာၾကားခဲ့ပါတယ္။ အင္းဆက္သြားေရစာေတြ ထုတ္လုပ္ေရာင္းခ်ေနတဲ့ သူ႔ရဲ႕လုပ္ငန္းကေန တစ္လလွ်င္ အျမတ္ေငြ ေဒၚလာ ၁ သိန္းေလာက္ ရရွိေနပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အင်းဆက်ပိုးမွှားတွေကို သွားရေစာအဖြစ် စွန့်ဦးတီထွင် စီးပွားဖြစ်ထုတ်လုပ်(ရုပ်သံ)

ထိုင်းနိုင်ငံက စွန်းဦးတီထွင်လုပ်ငန်းရှင်တစ်ဦးက အင်းဆက်ပိုးမွှားအမျိုးမျိုးကို အားလူးကြွပ်ကြော်များကဲ့သို့ အိတ်သွပ်ပြီး အရသာမျိုးစုံနဲ့ သွားရေစာအဖြစ် စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေရာမှာ အမြတ်အစွန်းကြီးပြီး အလွန်စီးပွားဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာလည်း ပုရစ်ကဲ့သို့သော အင်းဆက်ပိုးတွေကို ရာသီအချိန်ရောက်တဲ့အခါ ကြော်ပြီး လမ်းဘေးမှာရောင်းချ ဝယ်ယူစားသောက်လာခဲ့ကြတာ ရှေးအစဉ်အဆက်ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအစားအစာမျိုးကို လမ်းပေါ်မှာအမြဲတမ်းတွေ့ရလေ့မရှိပဲ ရာသီပေါ်ချိန်ရောက်မှသာ စားသုံးနိုင်ပါတယ်။

ထိုင်းနိုင်ငံက စွန်ဦးတီထွင်လုပ်ငန်းရှင် ‘တက်ဒ်နတ်ချန်တသန်’ ဆိုသူက ပုရစ်၊ ဝါးပိုးတွေ အပါအဝင် လူတွေစားသောက်လို့ရတဲ့ အခြားသော အင်းဆက်ပိုးအမျိုးမျိုးကို စနစ်တကျမွေးမြူပြီးနောက် သွားရေစာ(snack) အဖြစ် ထုတ်လုပ်ဖြန့်ဖြူးပြီး ထိုင်းနိုင်ငံအဝှမ်းက ဆိုင်တွေမှာ ရောင်းချနေပါတယ်။

သန်းနဲ့ချီတဲ့ ပုရစ်တွေကို သိုလှောင်ရုံထဲမှာ အစာကျွေးမွေးမြူပြီး ဥကနေ သားပေါက်လို့ ၄၅ ရက်ပြည့်တဲ့အခါ သူတို့ကို သွားရည်စာအဖြစ် အသွင်ပြောင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီလိုအစားအသောက်တွေကို နှစ်သက်တဲ့ စားသုံးသူတွေ ထိုင်းနိုင်ငံမှာ အများအပြားရှိနေပါတယ်။

Smile Firm ကုမ္ပဏီကို တည်ထောင်သူ ‘တက်ဒ်နတ်ချန်တသန်’ ဟာ ရုပ်မြင်သံကြားကနေတစ်ဆင့် အင်းဆက်ပိုးတွေဟာ တိုးတက်များပြားလာတဲ့ လူဦးရေနဲ့အညီ အနာဂါတ်ကမ္ဘာမှာ လူတွေအတွက် ပရိတိန်းဓါတ်ရဖို့ အခြားနည်းလမ်းတစ်ခု ဖြစ်လာမယ်ဆိုတာကို ကြားဖူးခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ ထိုင်းနိုင်ငံရဲ့ လမ်းဘေးတွေမှာ အင်းဆက်ပိုးတွေ ချက်ပြုတ်ရောင်းချတဲ့ ဈေးကွက်ကလည်း ရှိနေပါတယ်၊ ဒါပေမယ့် မစားရဲသေးတဲ့သူတွေလည်း အများကြီးရှိနေပါသေးတယ်။ ဒီအင်းဆက်ပိုးတွေကို လူတိုင်းလွယ်လွယ်ကူကူနဲ့ အရသာပေါင်းစုံ စားနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စိတ်ကူးပြီး နောက်ဆုံးမှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

အဓိကအားဖြင့် ပုရစ်၊ ဝါးပင်ပိုး နဲ့ ပိုးချည်ထုတ်တဲ့အင်းဆက်ပိုးတွေကို အသုံးပြုပြီး သွားရေစာအဖြစ် တစ်လလျှင် တန်ချိန် ၁.၈ တန် ထုတ်ပိုး ဖြန့်ဖြူးရောင်းချနေပါတယ်။ အရသာတွေအနေနဲ့ မူလအရသာ၊ ဘာဘီကျူးအရသာနဲ့ တုံယန်းအရသာတို့ခွဲပြီး ထုတ်လုပ်ပါတယ်။

ယူအန်(UN) ကတော့ လူတွေကို အင်းဆက်ပိုးတွေ စားသင့်တယ်လို့ တိုက်တွန်းထားတာတွေရှိပါတယ်။ ယူအန်ရဲ့ အစားအစာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့အစည်းမှ Katinka se Balogh က အင်းဆက်ပိုးတွေမှာ သိုးသား၊ ဝက်သား စတဲ့ အသားတွေမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်၊ မင်နရယ်နဲ့ ဗီတာမင် B12 တို့ ပြည့်ဝစွာပါဝင်တယ်လို့ ဆိုပါတယ်၊ ဒါ့အဖြင့် သံဓါတ်နဲ့ ဇင့်ဓာတ်တွေလည်း တော်တော်များများ ပါဝင်တယ်လို့ ဆိုပါတယ်။ အင်းဆက်တွေမှာ ပါဝင်တဲ့ အဟာရတန်ဖိုးတွေကို ဟိုအရင်တုန်းက အသိအမှတ်မပြုခဲ့တာ မှန်ပေမယ့် ဒီနေ့ဒီအချိန်မှာတော့ အလားအလာကောင်းတွေ အများကြီးရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ပါပြီလို့ ဆိုပါတယ်။ ဒါ့အပြင် အင်းဆက်တွေဟာ လေထုညစ်ညမ်းမှုကို လျော့ချပေးနိုင်တယ်လို့ ယူအန်က ဆိုပါတယ်။

စွန်းဦးတီထွင်သူ ‘တက်ဒ်နတ်ချန်တသန်’ က သူ့အနေနဲ့ တကမ္ဘာလုံးကိုပါ တင်ပို့ဖို့ ဆန္ဒရှိနေပေမယ့် လက်တလောမှာတော့ ရှုပ်ထွေးလှတဲ့ နိုင်ငံတစ်ကာက အစားအသောက်ဆိုင်ရာ ဥပဒေတွေကြောင့် အခက်အခဲတွေရှိနေပါသေးတယ်။ အင်းဆက်တွေကို အစားအသောက်အဖြစ် အခြားနိုင်ငံတွေကပါ အသိမှတ်ပြုလက်ခံဖို့ လိုနေသေးကြောင်း ‘တက်ဒ်နတ်ချန်တသန်’ က ပြောကြားခဲ့ပါတယ်။ အင်းဆက်သွားရေစာတွေ ထုတ်လုပ်ရောင်းချနေတဲ့ သူ့ရဲ့လုပ်ငန်းကနေ တစ်လလျှင် အမြတ်ငွေ ဒေါ်လာ ၁ သိန်းလောက် ရရှိနေပါတယ်။

Credit : popolay

LEAVE A REPLY