Zawgyi ျဖင့္ဖတ္ရန္

အိမ္ေထာင္ဖက္မရွာပဲ အပ်ိဳႀကီးလုပ္ေနတဲ့သမီးျဖစ္သူကို သံတုတ္ျဖင့္ အညိဳမည္းစြဲေအာင္ ႐ိုက္ႏွက္ခဲ့မႈေၾကာင့္ မိခင္ျဖစ္သူ အမ်ိဳးသမီးႀကီး ဖမ္းဆီခံထားရသည္။

တ႐ုတ္သတင္းစာ South China Morning Post သတင္းအရ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္းမွ ‘ဝမ္’ ဆိုသည့္ အမ်ိဳးသမီးႀကီးက သမီးျဖစ္သူ အသက္ ၃၀ အ႐ြယ္ အမ်ိဳးသမီးအား ေသြးထြက္သံယိုနဲ႔ ဒဏ္ရာမ်ားရသည္ထိ အႀကိမ္ႀကိမ္ ႐ိုက္ႏွက္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

အမ်ိဳးသမီးႀကီးဟာ သမီးျဖစ္သူ ခုခ်ိန္ထိ အိမ္ေထာင္မျပဳေသးတဲ့အေပၚ ေဒါသထြက္ေနသလို ယခင္အလုပ္ကေန ရတဲ့လစာကလည္း နည္းတာေၾကာင့္ သမီးကို ျပစ္တင္ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။ လက္ရွိမွာ အလုပ္က ထြက္ထားၿပီး မိခင္ရဲ႕ စားေသာက္ဆိုင္မွာ ဝင္ကူေနပါတယ္။ ရဲမွတ္တမ္းအရ ယခင္တုန္းကလည္း မၾကာခဏဆိုသလို မိခင္ရဲ႕႐ိုက္ႏွက္မႈေၾကာင့္ ဒဏ္ရာေတြ ရခဲ့ဖူးၿပီး ရဲစခန္းက အမ်ိဳးသမီးႀကီးကို သတိေပးစာထုတ္ရတဲ့ထိ ျဖစ္ခဲ့ဖူးေၾကာင္း သိရသည္။

ရဲေတြေရာက္လာခ်ိန္မွာ ႐ိုက္ခံထားရတဲ့ သမီးဟာ သူမရဲ႕ လက္ေမာင္း၊ တင္ပါး နဲ႔ ေျခေထာက္တို႔မွာ အညိဳမည္းဒဏ္ရာေတြ ေတြ႕ရသလို ေသြးထြက္ေနတဲ့ ဒဏ္ရာေတြကိုလည္း ေတြ႕ရပါတယ္။ ရဲေတြက ‘ဝမ္’ ကို ရဲစခန္းလိုက္ခဲ့ဖို႔ ေျပာေပမယ့္ “ငါ့သမီး ငါ႐ိုက္တာ ဘာျဖစ္လဲ၊ တျခားလူကို သြား႐ိုက္တာမွ မဟုတ္တာ” လို႔ ေျပာဆိုၿပီး ျငင္းဆန္ေနတဲ့ အတြက္ ရဲေတြက ခက္ခက္ခဲခဲဖမ္းဆီးခဲ့ရပါတယ္။

ရဲစခန္းမွာ သမီးျဖစ္သူက တ႐ုတ္ယြမ္ေငြ ၈၀,၀၀၀ ေလွ်ာ္ေၾကးေပးရင္ အမႈကို ႐ုတ္သိမ္းေပးမယ္လို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒီစကားလည္း ၾကားေရာ မိခင္ျဖစ္သူ မူးေမ့လဲက်မလိုျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ေပးမယ္လို႔ ေဆြမ်ိဳးေတြေရွ႕မွာ ကတိျပဳတာေၾကာင့္ အာမခံနဲ႔ ျပန္လြတ္ခဲ့ပါတယ္။

ဒီျပႆနာရဲ႕အစက သမီးျဖစ္သူက သူမကို အိမ္သန႔္ရွင္းေရး မလုပ္ဘူးလားလို႔ ေျပာတာကို ေဒါသျဖစ္ၿပီး “ေနာက္တစ္ခါ ငါ့ကို ဒါမ်ိဳးေျပာရင္ ညည္းပါးကြဲၿပီမွတ္” လို႔ ေျပာခဲ့ရာမွ သားအမိေတြ စကားမ်ားခဲ့ၿပီးေနာက္ ‘ဝမ္’ က အနီးနားမွာရွိတဲ့ သံတုတ္နဲ႔ လိုက္႐ိုက္ခဲ့တာျဖစ္ပါတယ္။

Credit :popolay

Unicode ဖြင့်ဖတ်ရန်

အသက် ၃၀ ကျော်တဲ့ထိ အပျိုကြီးဖြစ်နေလို့ သံတုတ်နဲ့ အရိုက်ခံရ

အိမ်ထောင်ဖက်မရှာပဲ အပျိုကြီးလုပ်နေတဲ့သမီးဖြစ်သူကို သံတုတ်ဖြင့် အညိုမည်းစွဲအောင် ရိုက်နှက်ခဲ့မှုကြောင့် မိခင်ဖြစ်သူ အမျိုးသမီးကြီး ဖမ်းဆီခံထားရသည်။

တရုတ်သတင်းစာ South China Morning Post သတင်းအရ တရုတ်နိုင်ငံအရှေ့ပိုင်းမှ ‘ဝမ်’ ဆိုသည့် အမျိုးသမီးကြီးက သမီးဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသမီးအား သွေးထွက်သံယိုနဲ့ ဒဏ်ရာများရသည်ထိ အကြိမ်ကြိမ် ရိုက်နှက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အမျိုးသမီးကြီးဟာ သမီးဖြစ်သူ ခုချိန်ထိ အိမ်ထောင်မပြုသေးတဲ့အပေါ် ဒေါသထွက်နေသလို ယခင်အလုပ်ကနေ ရတဲ့လစာကလည်း နည်းတာကြောင့် သမီးကို ပြစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ လက်ရှိမှာ အလုပ်က ထွက်ထားပြီး မိခင်ရဲ့ စားသောက်ဆိုင်မှာ ဝင်ကူနေပါတယ်။ ရဲမှတ်တမ်းအရ ယခင်တုန်းကလည်း မကြာခဏဆိုသလို မိခင်ရဲ့ရိုက်နှက်မှုကြောင့် ဒဏ်ရာတွေ ရခဲ့ဖူးပြီး ရဲစခန်းက အမျိုးသမီးကြီးကို သတိပေးစာထုတ်ရတဲ့ထိ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

ရဲတွေရောက်လာချိန်မှာ ရိုက်ခံထားရတဲ့ သမီးဟာ သူမရဲ့ လက်မောင်း၊ တင်ပါး နဲ့ ခြေထောက်တို့မှာ အညိုမည်းဒဏ်ရာတွေ တွေ့ရသလို သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလည်း တွေ့ရပါတယ်။ ရဲတွေက ‘ဝမ်’ ကို ရဲစခန်းလိုက်ခဲ့ဖို့ ပြောပေမယ့် “ငါ့သမီး ငါရိုက်တာ ဘာဖြစ်လဲ၊ တခြားလူကို သွားရိုက်တာမှ မဟုတ်တာ” လို့ ပြောဆိုပြီး ငြင်းဆန်နေတဲ့ အတွက် ရဲတွေက ခက်ခက်ခဲခဲဖမ်းဆီးခဲ့ရပါတယ်။

ရဲစခန်းမှာ သမီးဖြစ်သူက တရုတ်ယွမ်ငွေ ၈၀,၀၀၀ လျှော်ကြေးပေးရင် အမှုကို ရုတ်သိမ်းပေးမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒီစကားလည်း ကြားရော မိခင်ဖြစ်သူ မူးမေ့လဲကျမလိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပေးမယ်လို့ ဆွေမျိုးတွေရှေ့မှာ ကတိပြုတာကြောင့် အာမခံနဲ့ ပြန်လွတ်ခဲ့ပါတယ်။

ဒီပြဿနာရဲ့အစက သမီးဖြစ်သူက သူမကို အိမ်သန့်ရှင်းရေး မလုပ်ဘူးလားလို့ ပြောတာကို ဒေါသဖြစ်ပြီး “နောက်တစ်ခါ ငါ့ကို ဒါမျိုးပြောရင် ညည်းပါးကွဲပြီမှတ်” လို့ ပြောခဲ့ရာမှ သားအမိတွေ စကားများခဲ့ပြီးနောက် ‘ဝမ်’ က အနီးနားမှာရှိတဲ့ သံတုတ်နဲ့ လိုက်ရိုက်ခဲ့တာဖြစ်ပါတယ်။

Credit :popolay

LEAVE A REPLY