Zawgyi ျဖင့္ဖတ္ရန္

 

သ႐ုပ္ေဆာင္ မင္းသား Kim Woo Bin ကေတာ့ ပရိသတ္ေရွ႕ကို ျပန္ေရာက္လာေတာ့မွာပါ။ ကင္ဆာ ေရာဂါနဲ႔ တိုက္ပြဲ ဝင္ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကားျပန္႐ိုက္ေတာ့မွာပါ။ Kim Woo Bin ကေတာ့ က်န္းမာေရးက ေတာ့ ျပန္ ေကာင္းလာၿပီး မၾကာခင္မွာေတာ့ ဇာတ္ကားသစ္တစ္ခုမွာ ေခါင္းေဆာင္မင္းသား ေနရာကေန သ႐ုပ္ေဆာင္ ေတာ့မယ္လို႔ All Kpop ရဲ႕ သတင္းတစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။ ဒီဇာတ္ကားမွာေတာ့ တျခား သ႐ုပ္ေဆာင္ေတြ အေနနဲ႔ Ryu Jun Yeol ၊Kim Tae Ri တို႔ လည္း ပါဝင္ထားတယ္လို႔ သိရပါတယ္။

kstarlive ရဲ႕ သတင္းမွာေတာ့ Kim Woobin ဇာတ္ကားသစ္႐ိုက္ဖို႔ အတြက္ ကမ္းလွမ္းခ်က္ကို စဥ္းစားေနတယ္လု႔ိ ဆိုပါတယ္။ ဒါ႐ိုက္တာ Choi Donghoon ကေတာ့ ဒီကားမွာ Ryu Junyeol, Kim Taeri နဲ႔ Kim Woobin လည္း ပါဝင္မယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း ေျပာခဲ့ပါတယ္။ အခုႏွစ္အေစာပိုင္းတုန္းကလည္း Kim Woobin နဲ႔ Jun Jihyun တို႔ က သိပၸံ႐ုပ္ရွင္ဇာတ္ကား႐ိုက္ဖို႔ ေဆြးေႏြးမႈေတြ လုပ္ေနတယ္လု႔ိ သတင္းထြက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ အတည္ျပဳ ေျပာဆိုတာမ်ိဳးေတာ့ မရွိခဲ့တဲ့အတြက္ မ႐ိုက္ကူးျဖစ္ေတာ့တဲ့ အ ေန အထားျဖစ္ သြားတယ္လု႔ိ ယူဆရပါတယ္။

 

(၂၀၁၇) ေမလ (၂၄)ရက္ေန႔က Kim Woobin တစ္ေယာက္ Nasopharyngeal ကင္ဆာ ေရာဂါကိုခံစားခဲ့ရပါတယ္။ဒီကင္ဆာက ေတာ့ ရွားပါးတဲ့ ဦးေခါင္းနဲ႔ လည္ပင္းကင္ဆာျဖစ္ၿပီး လည္ပင္းရဲ႕ အထက္ပိုင္း ႏွာေခါင္းေနာက္ဖက္ပိုင္းက ေန စတင္တဲ့ ကင္ဆာေရာဂါ တစ္မ်ိဳးပါ။ ကင္ဆာေရာဂါ ခံစားရၿပီး ေနာက္ပိုင္းမွာေတာ့ ဓါတ္ကင္ ကုသ မႈေတြ ကို ခံယူခဲ့ၿပီးအႏုပညာအလုပ္ေတြကို ရပ္နားထားခဲ့တာပါ။ အခုဆိုရင္ေတာ့ က်န္းမာေရးအေျခအေနက အျပည့္အ၀ ျပန္ေကာင္းလာခဲ့ပါၿပီ ။ေရာဂါကုသေနတဲ့ တစ္ေလွ်ာက္လုံးမွာလည္း Shin Minah က ခ်စ္သူရဲ႕ အနားမွာ ေတာက္ေလ်ာက္ရွိေနၿပီး ျပဳစုေစာင့္ေရွာက္ေပးခဲ့ပါတယ္။

Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

ကင်ဆာခံစားရပြီးနောက် ပထမဆုံးအကြိမ် ဇာတ်ကားပြန်ရိုက်တော့မယ့် Kim Woo Bin

သရုပ်ဆောင် မင်းသား Kim Woo Bin ကတော့ ပရိသတ်ရှေ့ကို ပြန်ရောက်လာတော့မှာပါ။ ကင်ဆာ ရောဂါနဲ့ တိုက်ပွဲ ဝင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကားပြန်ရိုက်တော့မှာပါ။ Kim Woo Bin ကတော့ ကျန်းမာရေးက တော့ ပြန် ကောင်းလာပြီး မကြာခင်မှာတော့ ဇာတ်ကားသစ်တစ်ခုမှာ ခေါင်းဆောင်မင်းသား နေရာကနေ သရုပ်ဆောင် တော့မယ်လို့ All Kpop ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီဇာတ်ကားမှာတော့ တခြား သရုပ်ဆောင်တွေ အနေနဲ့ Ryu Jun Yeol ၊Kim Tae Ri တို့ လည်း ပါဝင်ထားတယ်လို့ သိရပါတယ်။

kstarlive ရဲ့ သတင်းမှာတော့ Kim Woobin ဇာတ်ကားသစ်ရိုက်ဖို့ အတွက် ကမ်းလှမ်းချက်ကို စဉ်းစားနေတယ်လု့ိ ဆိုပါတယ်။ ဒါရိုက်တာ Choi Donghoon ကတော့ ဒီကားမှာ Ryu Junyeol, Kim Taeri နဲ့ Kim Woobin လည်း ပါဝင်မယ်လို့ မျှော်လင့်ရကြောင်း ပြောခဲ့ပါတယ်။ အခုနှစ်အစောပိုင်းတုန်းကလည်း Kim Woobin နဲ့ Jun Jihyun တို့ က သိပ္ပံရုပ်ရှင်ဇာတ်ကားရိုက်ဖို့ ဆွေးနွေးမှုတွေ လုပ်နေတယ်လု့ိ သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အတည်ပြု ပြောဆိုတာမျိုးတော့ မရှိခဲ့တဲ့အတွက် မရိုက်ကူးဖြစ်တော့တဲ့ အ နေ အထားဖြစ် သွားတယ်လု့ိ ယူဆရပါတယ်။

(၂၀၁၇) မေလ (၂၄)ရက်နေ့က Kim Woobin တစ်ယောက် Nasopharyngeal ကင်ဆာ ရောဂါကိုခံစားခဲ့ရပါတယ်။ဒီကင်ဆာက တော့ ရှားပါးတဲ့ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာဖြစ်ပြီး လည်ပင်းရဲ့ အထက်ပိုင်း နှာခေါင်းနောက်ဖက်ပိုင်းက နေ စတင်တဲ့ ကင်ဆာရောဂါ တစ်မျိုးပါ။ ကင်ဆာရောဂါ ခံစားရပြီး နောက်ပိုင်းမှာတော့ ဓါတ်ကင် ကုသ မှုတွေ ကို ခံယူခဲ့ပြီးအနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာပါ။ အခုဆိုရင်တော့ ကျန်းမာရေးအခြေအနေက အပြည့်အ၀ ပြန်ကောင်းလာခဲ့ပါပြီ ။ရောဂါကုသနေတဲ့ တစ်လျှောက်လုံးမှာလည်း Shin Minah က ချစ်သူရဲ့ အနားမှာ တောက်လျောက်ရှိနေပြီး ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။

Credit : Aunty may

LEAVE A REPLY