Zawgyi ျဖင့္ဖတ္ရန္

ရယ္ေမာျခင္းက က်န္းမာေရးကို ေကာင္းမြန္ေစတယ္ဆိုတဲ့ စကားရပ္ဟာ တ႐ုတ္ႏိုင္ငံက အမ်ိဳးသမီးတေယာက္အတြက္ေတာ့ ရာႏႈန္းျပည့္ မမွန္ကန္ႏိုင္ပါဘူး။ အေၾကာင္းကေတာ့ သူမဟာ အားရပါးရ ရယ္လိုက္ရာကေန ေမး႐ိုးေတြ ေနရာလြဲသြားၿပီး ပါးစပ္ျပန္ပိတ္မရခဲ့လို႔ပဲ ျဖစ္ပါတယ္။

ဒီျဖစ္ရပ္ဟာ ဂြမ္ဇိုးေတာင္ပိုင္း ရထားဘူတာ႐ုံကို သြားေနတဲ့ ရထားတစင္းေပၚမွာ စက္တင္ဘာ ၁ ရက္က ျဖစ္ပြားခဲ့ပါတယ္။ အဲဒီရထားေပၚမွာ လ်ဴဝန္ရွန္လို႔ ေခၚတဲ့ ဆရာဝန္တဦး လိုက္ပါလာခဲ့ၿပီး လမ္းတဝက္မွာတင္ ခရီးသည္တဦးအတြက္ အေရးေပၚ က်န္းမာေရး အကူအညီေပးဖို႔ မီးရထားဝန္ထမ္းေတြရဲ႕ အကူအညီ ေတာင္းခံသံကို ၾကားခဲ့ရပါတယ္။

ဒါေၾကာင့္ ေဒါက္တာဝန္ရွန္ဟာလည္း အခင္းျဖစ္ရာ ေနရာဆီကို အလ်င္အျမန္ သြားေရာက္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ လူနာရွင္ အမ်ိဳးသမီးတဦးကို ေတြ႕ခဲ့ရကာ ပါးစပ္ႀကီး ဟၿပီး သြားရည္ေတြ က်ေနခဲ့တာေၾကာင့္ ဦးေႏွာက္ေသြးေၾကာပိတ္တာလို႔ ထင္ခဲ့ပါတယ္။

ဒါေပမဲ့ ေသြးေပါင္ခ်ိန္ကို စမ္းသပ္ၾကည့္ေတာ့ သာမန္အေနအထားကို ေတြ႕ခဲ့ရပါတယ္။ ဒါ့ေၾကာင့္ ပတ္ဝန္းက်င္ကို ေမးျမန္းၾကည့္လိုက္တဲ့အခါမွာ လူနာရွင္အမ်ိဳးသမီးဟာ အသံ အက်ယ္ႀကီး ရယ္လိုက္ရာကေန ဒီလိုမ်ိဳး ျဖစ္သြားခဲ့တာကို သိခဲ့ရပါတယ္။

ေဒါက္တာဝန္ရွန္ဟာ ဆရာဝန္တဦး ျဖစ္ေပမယ့္ ဒီျဖစ္ရပ္ဟာ သူ ကြၽမ္းက်င္တဲ့ အေနအထား မဟုတ္တာေၾကာင့္ ဒီအမ်ိဳးသမီးကို ေဆး႐ုံသြားဖို႔ တိုက္တြန္းခဲ့ပါတယ္။ ဒါေပမဲ့ ပတ္ဝန္းက်င္ရဲ႕ အကူအညီေတာင္းခံမႈေၾကာင့္ လူနာရဲ႕ ေမး႐ိုးေတြကို ပုံမွန္အတိုင္း ျဖစ္ဖို႔ ပထမတႀကိမ္ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

“လူနာရဲ႕ ပုံစံက အရမ္းကိုတုန္လႈပ္ေနၿပီး မီးရထားဝန္ထမ္းေတြကလည္း ေတာင္ဆိုလို႔ ကြၽန္ေတာ္ေနာက္တႀကိမ္ႀကိဳးစားဖို႔ ျဖစ္လာပါတယ္” လို႔ ေဒါက္တာ ဝန္ရွန္က ေျပာပါတယ္။ ဒီတစ္ႀကိမ္ႀကိဳးစားမႈက ေအာင္ျမင္ခဲ့ၿပီး အမ်ိဳးသမီးရဲ႕ ပါးစပ္ဟာလည္း ပုံမွန္ျပန္ျဖစ္ခဲ့ပါတယ္။

အဲ့ဒီေနာက္မွာ အမ်ိဳးသမီးက ေဒါက္တာ ဝန္ရွန္ကိုေက်းဇူးတင္ေၾကာင္းေျပာဆိုခဲ့ၿပီး သူမဟာ မီးဖြားတုန္းကလည္း ေအာ္ဟစ္ခဲ့မႈေၾကာင့္ ဒီလိုျဖစ္ခဲ့ဖူးတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

share from : xyznews

Unicode ဖြင့်ဖတ်ရန်

အားရပါးရ ရယ်ရာမှ ပါးစပ်ပြန်ပိတ်မရဖြစ်ခဲ့သည့် တရုတ်အမျိုးသမီး

ရယ်မောခြင်းက ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုတဲ့ စကားရပ်ဟာ တရုတ်နိုင်ငံက အမျိုးသမီးတယောက်အတွက်တော့ ရာနှုန်းပြည့် မမှန်ကန်နိုင်ပါဘူး။ အကြောင်းကတော့ သူမဟာ အားရပါးရ ရယ်လိုက်ရာကနေ မေးရိုးတွေ နေရာလွဲသွားပြီး ပါးစပ်ပြန်ပိတ်မရခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ဂွမ်ဇိုးတောင်ပိုင်း ရထားဘူတာရုံကို သွားနေတဲ့ ရထားတစင်းပေါ်မှာ စက်တင်ဘာ ၁ ရက်က ဖြစ်ပွားခဲ့ပါတယ်။ အဲဒီရထားပေါ်မှာ လျူဝန်ရှန်လို့ ခေါ်တဲ့ ဆရာဝန်တဦး လိုက်ပါလာခဲ့ပြီး လမ်းတဝက်မှာတင် ခရီးသည်တဦးအတွက် အရေးပေါ် ကျန်းမာရေး အကူအညီပေးဖို့ မီးရထားဝန်ထမ်းတွေရဲ့ အကူအညီ တောင်းခံသံကို ကြားခဲ့ရပါတယ်။

ဒါကြောင့် ဒေါက်တာဝန်ရှန်ဟာလည်း အခင်းဖြစ်ရာ နေရာဆီကို အလျင်အမြန် သွားရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူနာရှင် အမျိုးသမီးတဦးကို တွေ့ခဲ့ရကာ ပါးစပ်ကြီး ဟပြီး သွားရည်တွေ ကျနေခဲ့တာကြောင့် ဦးနှောက်သွေးကြောပိတ်တာလို့ ထင်ခဲ့ပါတယ်။

ဒါပေမဲ့ သွေးပေါင်ချိန်ကို စမ်းသပ်ကြည့်တော့ သာမန်အနေအထားကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်ကို မေးမြန်းကြည့်လိုက်တဲ့အခါမှာ လူနာရှင်အမျိုးသမီးဟာ အသံ အကျယ်ကြီး ရယ်လိုက်ရာကနေ ဒီလိုမျိုး ဖြစ်သွားခဲ့တာကို သိခဲ့ရပါတယ်။

ဒေါက်တာဝန်ရှန်ဟာ ဆရာဝန်တဦး ဖြစ်ပေမယ့် ဒီဖြစ်ရပ်ဟာ သူ ကျွမ်းကျင်တဲ့ အနေအထား မဟုတ်တာကြောင့် ဒီအမျိုးသမီးကို ဆေးရုံသွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ အကူအညီတောင်းခံမှုကြောင့် လူနာရဲ့ မေးရိုးတွေကို ပုံမှန်အတိုင်း ဖြစ်ဖို့ ပထမတကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“လူနာရဲ့ ပုံစံက အရမ်းကိုတုန်လှုပ်နေပြီး မီးရထားဝန်ထမ်းတွေကလည်း တောင်ဆိုလို့ ကျွန်တော်နောက်တကြိမ်ကြိုးစားဖို့ ဖြစ်လာပါတယ်” လို့ ဒေါက်တာ ဝန်ရှန်က ပြောပါတယ်။ ဒီတစ်ကြိမ်ကြိုးစားမှုက အောင်မြင်ခဲ့ပြီး အမျိုးသမီးရဲ့ ပါးစပ်ဟာလည်း ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ အမျိုးသမီးက ဒေါက်တာ ဝန်ရှန်ကိုကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပြီး သူမဟာ မီးဖွားတုန်းကလည်း အော်ဟစ်ခဲ့မှုကြောင့် ဒီလိုဖြစ်ခဲ့ဖူးတယ်လို့ ပြောဆိုခဲ့ပါတယ်။

share from : xyznews

LEAVE A REPLY