Zawgyi ျဖင့္ဖတ္ရန္

လူေတြက အိမ္ေထာင္ဖက္ကို ေ႐ြးခ်ယ္တဲ့အခါ ကိုယ့္ကို တကယ္ခ်စ္တဲ့သူ၊ တကယ္သစၥာရွိတဲ့ သူကိုပဲ ေ႐ြးခ်ယ္ေလ့ရွိၾကပါတယ္။ ဒါေပမယ့္ တစ္ခါတရံမွာ မင္းသားေလးလို႔ ထင္မွတ္ထားတဲ့သူေတြက ဘီလူးႀကီးေတြ ျဖစ္ေနတတ္ပါတယ္။ အသက္ 30 အ႐ြယ္အမ်ိဳးသမီး Da ဟာ သူမရဲ႕ အိပ္မက္ထဲက အမ်ိဳးသားကို ေတြ႕ခဲ့တယ္လို႔ ထင္ခဲ့ပါတယ္

ဒါေပမယ့္ လက္ေတြ႕မွာေတာ့ သူမရည္မွန္းထားသူဟာ သူမကို အေႂကြးတစ္သီတစ္တန္းႀကီးနဲ႔ ထားခဲ့ပါတယ္။ Da က ကုန္ပစၥည္းကိုယ္စားလွယ္တစ္ေယာက္အျဖစ္ အလုပ္လုပ္ေနသူျဖစ္ၿပီး ႐ုပ္ရည္ကလည္း လွပါတယ္။ Da က Nat ဆိုတဲ့ အသက္50အ႐ြယ္အမ်ိဳသားတစ္ေယာက္နဲ႔ ေတြ႕ခဲ့ပါတယ္

 

Nat က သူ႔ကိုယ္သူ ဘီလ်ံနာသူေဌးတစ္ေယာက္လို႔ ေျပာပါတယ္။ Da က Nat ကို ေဆြမ်ိဳးတစ္ေယာက္ရဲ႕ ဈာပလုပ္တုန္းကတစ္ခါပဲ ေတြ႕ဖူးတယ္လို႔ Da ရဲ႕အေမက ေျပာပါတယ္။ သူတို႔ႏွစ္ေယာက္ March လတုန္းက ေတြ႕ခဲ့ၾကတယ္လို႔ Da က ဆိုပါတယ္။ ေနာက္တစ္ရက္မွာ Nat က Da ကို လက္ထပ္ခြင့္ေတာင္းၿပီး Da ကလည္း လက္ခံခဲ့ပါတယ္

Nat က သူ႔ကို အထင္ႀကီးလာေအာင္ အလြန္ခ်မ္းသာေၾကာင္း၊ ေဟာင္ေကာင္က စီးပြားေရးလုပ္ငန္းေတြရဲ႕ CEO တစ္ေယာက္ျဖစ္ေၾကာင္း ေျပာထားခဲ့ပါတယ္။ ေနာက္လမွာေတာ့ သူတို႔ႏွစ္ေယာက္က တရားဝင္ လက္မွတ္ထိုးခဲ့ၿပီး မိတ္ေဆြေတြ၊ မိသားစုေတြ၊ ခ်မ္းသာတဲ့ အသိုင္းအဝိုင္းက လူေတြကို ဖိတ္ခဲ့ပါတယ္။ သူတို႔ရဲ႕ မဂၤလာပြဲကို ဘန္ေကာက္မွာပဲ က်င္းပခဲ့ပါတယ္

 

မဂၤလာပြဲဝန္ေဆာင္မႈကို စီစဥ္ခိုင္းခဲ့ၿပီး အက်ယ္ခ်ဲ႕ခဲ့တာေၾကာင့္ ဘတ္ 3.5 သန္းေလာက္ ကုန္သြားပါတယ္။ ပါတီပြဲကို Maung ခ႐ိုင္က ဟိုတယ္တစ္ခုမွာ က်င္းပခဲ့ပါတယ္။ မဂၤလာေဆာင္ေနရင္းတန္းလန္းမွာပဲ သတို႔သားက ေဟာင္ေကာင္ကို သြားစရာရွိတယ္ ဆိုၿပီး သတို႔သမီးကို ပြဲမွာ ထားသြားပါတယ္။ Nat ရဲ႕သူငယ္ခ်င္း 10 ေယာက္ကပဲ သူတို႔ပြဲကို တက္တာပါ

သတို႔သမီးဘက္က သတို႔သားဘက္ကို ေပးရတဲ့ ေငြဘတ္ 1.6 သန္းကိုလည္း Nat က ယူသြားခဲ့ပါတယ္။ သတိုးသမီးရဲ႕မိဘေတြက Nat ကို အေႏွးနဲ႔အျမန္ရွာခဲ့ေပမယ့္ အရာမထင္ခဲ့ပါဘူး။ သစ္စိမ္းခ်ိဳး ခ်ိဳးခံလိုက္ရတဲ့ သတို႔သမီးဟာ မဂၤလာပြဲက်င္းပတဲ့ ကုန္က်ေငြေတြနဲ႔ အေႂကြးတင္ခဲ့ပါတယ္။ Nat က မဂၤလာပြဲနဲ႔ ပတ္သက္လို႔ ဘာမွ အကုန္အက် မခံသြားခဲ့ပါဘူး

Da က ျပည့္စုံတဲ့ မိသားစုက လာတဲ့သူ မဟုတ္တာေၾကာင့္ အေႂကြးေတြကို ဘယ္လိုဆပ္ရမွန္းမသိဘူး ျဖစ္ေနပါတယ္။ ဟိုတယ္ကေတာ့ အရစ္က်သြင္းလို႔ ရတယ္လို႔ ခြင့္ျပဳေပးခဲ့ပါတယ္။ Nat က သူဟာဘီလ်ံနာတစ္ေယာက္ျဖစ္ေၾကာင္း၊ ထိုင္းဝန္ႀကီးခ်ဳပ္Thaksin Shinawatra ရဲ႕အႀကံေပးျဖစ္ေၾကာင္း အယုံသြင္းခဲ့ပါတယ္

အဲဒါအျပင္ ပါတီပြဲက်င္းပတဲ့ ဟိုတယ္ကိုလည္း သူပိုင္ေၾကာင္း၊ ဘန္ေကာက္နဲ႔ ေဟာင္ေကာင္ကို ေျပးဆြဲေနတဲ့ ေလေၾကာင္းလိုင္း တစ္ခုကိုလည္း သူပိုင္ေၾကာင္း လိမ္ညာခဲ့ပါေသးတယ္။

Nat ရဲ႕ Instagram account ကလည္း ပ်က္သြားၿပီး အရင္ကဆိုရင္ ေဈးႀကီးတဲ့ကားေတြ၊ ေလယာဥ္ေတြ၊ ကိုယ္ပိုင္ဂ်င္ေလယာဥ္ေတြေပၚမွာ ထိုင္ေနတဲ့ ဓါတ္ပုံေတြကို Instagram မွာ တင္ေလ့ရွိပါတယ္။

အဲဒါေၾကာင္း ကိုယ္လက္ထပ္မယ့္သူ အေၾကာင္းကို ေသေသခ်ာခ်ာ စုံစမ္းၿပီးမွ ယူသင့္ေၾကာင္း လူအမ်ားက ေဝဖန္ေနၾကတာပဲ ျဖစ္ပါတယ္

share from : /burmese.asia

Unicode ဖြင့်ဖတ်ရန်

မင်္ဂလာဆောင်နေရင်းသတို့သမီးကိုထားသွားပြီး လက်ဖွဲ့ငွေတွေနဲ့ ထွက်ပြေးသွားတဲ့သတို့သား

လူတွေက အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့အခါ ကိုယ့်ကို တကယ်ချစ်တဲ့သူ၊ တကယ်သစ္စာရှိတဲ့ သူကိုပဲ ရွေးချယ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ မင်းသားလေးလို့ ထင်မှတ်ထားတဲ့သူတွေက ဘီလူးကြီးတွေ ဖြစ်နေတတ်ပါတယ်။ အသက် 30 အရွယ်အမျိုးသမီး Da ဟာ သူမရဲ့ အိပ်မက်ထဲက အမျိုးသားကို တွေ့ခဲ့တယ်လို့ ထင်ခဲ့ပါတယ်

ဒါပေမယ့် လက်တွေ့မှာတော့ သူမရည်မှန်းထားသူဟာ သူမကို အကြွေးတစ်သီတစ်တန်းကြီးနဲ့ ထားခဲ့ပါတယ်။ Da က ကုန်ပစ္စည်းကိုယ်စားလှယ်တစ်ယောက်အဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး ရုပ်ရည်ကလည်း လှပါတယ်။ Da က Nat ဆိုတဲ့ အသက်50အရွယ်အမျိုသားတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်

Nat က သူ့ကိုယ်သူ ဘီလျံနာသူဌေးတစ်ယောက်လို့ ပြောပါတယ်။ Da က Nat ကို ဆွေမျိုးတစ်ယောက်ရဲ့ ဈာပလုပ်တုန်းကတစ်ခါပဲ တွေ့ဖူးတယ်လို့ Da ရဲ့အမေက ပြောပါတယ်။ သူတို့နှစ်ယောက် March လတုန်းက တွေ့ခဲ့ကြတယ်လို့ Da က ဆိုပါတယ်။ နောက်တစ်ရက်မှာ Nat က Da ကို လက်ထပ်ခွင့်တောင်းပြီး Da ကလည်း လက်ခံခဲ့ပါတယ်

Nat က သူ့ကို အထင်ကြီးလာအောင် အလွန်ချမ်းသာကြောင်း၊ ဟောင်ကောင်က စီးပွားရေးလုပ်ငန်းတွေရဲ့ CEO တစ်ယောက်ဖြစ်ကြောင်း ပြောထားခဲ့ပါတယ်။ နောက်လမှာတော့ သူတို့နှစ်ယောက်က တရားဝင် လက်မှတ်ထိုးခဲ့ပြီး မိတ်ဆွေတွေ၊ မိသားစုတွေ၊ ချမ်းသာတဲ့ အသိုင်းအဝိုင်းက လူတွေကို ဖိတ်ခဲ့ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို ဘန်ကောက်မှာပဲ ကျင်းပခဲ့ပါတယ်

မင်္ဂလာပွဲဝန်ဆောင်မှုကို စီစဉ်ခိုင်းခဲ့ပြီး အကျယ်ချဲ့ခဲ့တာကြောင့် ဘတ် 3.5 သန်းလောက် ကုန်သွားပါတယ်။ ပါတီပွဲကို Maung ခရိုင်က ဟိုတယ်တစ်ခုမှာ ကျင်းပခဲ့ပါတယ်။ မင်္ဂလာဆောင်နေရင်းတန်းလန်းမှာပဲ သတို့သားက ဟောင်ကောင်ကို သွားစရာရှိတယ် ဆိုပြီး သတို့သမီးကို ပွဲမှာ ထားသွားပါတယ်။ Nat ရဲ့သူငယ်ချင်း 10 ယောက်ကပဲ သူတို့ပွဲကို တက်တာပါ

သတို့သမီးဘက်က သတို့သားဘက်ကို ပေးရတဲ့ ငွေဘတ် 1.6 သန်းကိုလည်း Nat က ယူသွားခဲ့ပါတယ်။ သတိုးသမီးရဲ့မိဘတွေက Nat ကို အနှေးနဲ့အမြန်ရှာခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ သစ်စိမ်းချိုး ချိုးခံလိုက်ရတဲ့ သတို့သမီးဟာ မင်္ဂလာပွဲကျင်းပတဲ့ ကုန်ကျငွေတွေနဲ့ အကြွေးတင်ခဲ့ပါတယ်။ Nat က မင်္ဂလာပွဲနဲ့ ပတ်သက်လို့ ဘာမှ အကုန်အကျ မခံသွားခဲ့ပါဘူး

Da က ပြည့်စုံတဲ့ မိသားစုက လာတဲ့သူ မဟုတ်တာကြောင့် အကြွေးတွေကို ဘယ်လိုဆပ်ရမှန်းမသိဘူး ဖြစ်နေပါတယ်။ ဟိုတယ်ကတော့ အရစ်ကျသွင်းလို့ ရတယ်လို့ ခွင့်ပြုပေးခဲ့ပါတယ်။ Nat က သူဟာဘီလျံနာတစ်ယောက်ဖြစ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ်Thaksin Shinawatra ရဲ့အကြံပေးဖြစ်ကြောင်း အယုံသွင်းခဲ့ပါတယ်

အဲဒါအပြင် ပါတီပွဲကျင်းပတဲ့ ဟိုတယ်ကိုလည်း သူပိုင်ကြောင်း၊ ဘန်ကောက်နဲ့ ဟောင်ကောင်ကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း တစ်ခုကိုလည်း သူပိုင်ကြောင်း လိမ်ညာခဲ့ပါသေးတယ်။

Nat ရဲ့ Instagram account ကလည်း ပျက်သွားပြီး အရင်ကဆိုရင် ဈေးကြီးတဲ့ကားတွေ၊ လေယာဉ်တွေ၊ ကိုယ်ပိုင်ဂျင်လေယာဉ်တွေပေါ်မှာ ထိုင်နေတဲ့ ဓါတ်ပုံတွေကို Instagram မှာ တင်လေ့ရှိပါတယ်။

အဲဒါကြောင်း ကိုယ်လက်ထပ်မယ့်သူ အကြောင်းကို သေသေချာချာ စုံစမ်းပြီးမှ ယူသင့်ကြောင်း လူအများက ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်

share from : /burmese.asia

LEAVE A REPLY