Zawgyi ဖြင့်ဖတ်ရန်




 



 




 

Unicode ဖြင့်ဖတ်ရန်

 

“မင်းကိုလည်း ချစ်တယ် မိန်းမကိုလည်း ကြောက်တယ်” ဆိုတဲ့ အဆိုတော် မနောရဲ့ သီချင်းအသစ် ( ဗီဒီယို )

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

မြန်မာသံစဉ်တွေကို မြူးမြူးကြွကြွ သီဆိုတတ်တဲ့ အဆိုတော် မနောတစ်ယောက်ဟာတောရောမြို့ပါ နှစ်သက်ကြတဲ့ အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။ ကထိန်ပွဲအစ ၊ သင်္ကြန်ပွဲအလယ် ၊ အလှူခံပွဲအဆုံး မနောသံတွေသာ ဝေဝေဆာနေခဲ့တာကြောင့် ၁၂လ ရာသီ- မနောပွဲလို့တောင် ပြောဆိုကြရတဲ့အထိ အောင်မြင်နေတဲ့အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။

သူသီဆိုခဲ့တဲ့ သီချင်းတွေထဲက ငါက ဗိုလ်အောင်ဒင် ၊ မိချော ၊ ဓမ္မစကူးကျောင်းကို့ပို့ကြပါ စတဲ့ သီချင်းတွေဟာ ကလေးရော လူကြီး ပါးစပ်ဖျားမှာပါ တသသဖြစ်အောင်အောင်မြင်တဲ့ အဆိုတော် တစ်ဦးပဲဖြစ်ပါတယ်။ သူဟာဆိုရင် အနုပညာရှင်တစ်ယောက်အဖြစ်သာမဟုတ်ပဲနဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာအနုပညာက ရတဲ့ ငွေတော်တော်များများ ပြန်လှူလေ့ရှိတယ်လို့လည်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ Shwe FM ရဲ့ နှစ်ပတ်လည် ဆုပေးပွဲမှာလည်း အဆိုတော် မနော ရဲ့ သီချင်းကို ပရိသတ်တောင်းဆိုမှု အများဆုံးဆုအဖြစ် မနောတစ်ယောက် ဆုလက်ခံရရှိခဲ့ပါတယ်။အခုလည်း အဆိုတော် မနောက က သီချင်းသစ်တစ်ပုဒ်ကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပြန်ပါတယ်။

ဒါကလည်း ပေါ့ပေါ့ ပါးပါး သီချင်းဖြစ်သလို ၊ သီချင်းရဲ့နာမည်က “မင်းကိုလည်း ချစ်တယ် ၊ မိန်းကိုလည်းကြောက်တယ်” ဆိုတဲ့ ဟာသဆန်ဆန်သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒါဟာလည်း အရွယ် သုံးပါးကြိုက်နိုင်လောက်တဲ့ ရွေးချယ်မှုတစ်ခုဖြစ် တာကြောင့် မကြာခင်မှာလည်း ဒီသီချင်းဟာ အောင်မြင်လိမ့်ဦးမယ်လို့ တွေးဆမိ ပါတယ်။ ဒီသီချင်းမှာတော့ သရုပ်ဆောင် ဖြူဖြူထွေးလည်း ပါဝင်သရုပ်ဆောင်ထားတာကို ထူးခြားစွာ တွေ့ရှိရပါတယ်။

မနောရဲ့ သီချင်းအသစ်လေးကို သူ့ရဲ့ ပရိသတ်တွေအတွက် နားဆင်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)

LEAVE A REPLY