Zawgyi ဖြင့်ဖတ်ရန်




 


Credit : DVB

Unicode ဖြင့်ဖတ်ရန်

မော်စကို အမြင့်ဆုံး မိုးမျှော်တိုက်နှစ်ခုအကြား ကြိုးတန်းလမ်းလျှောက် (ရုပ်သံ)

ရုရှားနိုင်ငံ မြို့တော်မော်စကိုမှာ စက်တင်ဘာ ၇ ရက်နေ့က စွန့်စားရတာ ဝါသနာပါတဲ့ အဖွဲ့တဖွဲ့ မိုးမျှော်တိုက်နှစ်ခုအကြား ကြိုးတန်း တန်းပြီး ကြိုးတန်းပေါ် လမ်းလျှောက်တဲ့ ပြကွက်ကို ပြသခဲ့ပါတယ်။

အဲဒီတိုက်နှစ်ခုဟာ မော်စကိုမြို့ရဲ့ အမြင့်ဆုံး မိုးမျှော်တိုက်တွေပါ။ ရုရုား၊ ဂျာမနီ၊ ပြင်သစ်နဲ့ ကနေဒါနိုင်ငံတွေက မိုးပေါ်လမ်းလျှောက်ကျွမ်းကျင်သူအဖွဲ့ဟာ မော်စကိုမြို့ တည်ထောင်တဲ့ ၈၇၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အခုလို တင်ဆက်ပြသခဲ့တာပါ။

သူတို့ဟာ အမြင့် ၃၅၀ မီတာအထက် ၂၄၅ မီတာ လျှောက်လှမ်းခဲ့ပြီး အရင်စံချိန်ထက် မီတာ ၁၀၀ ဝန်းကျင် ပိုလျှောက်နိုင်ခဲ့ပါတယ်။

အဲဒီပြကွက်ကို ကမ္ဘာ့စံချိန်တင်ဖို့ တရားဝင် စာရင်းသွင်းမယ်ဆိုရင်တော့ သေသေချာချာ တိုင်းတာမှုတွေ လုပ်ဖို့လိုမယ်လို့ ကမ္ဘာ့ဂင်းနစ်စံချိန်တင်အဖွဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

Credit : DVB

LEAVE A REPLY