Zawgyi ျဖင့္ဖတ္ရန္

ပရိတ္သတ္ႀကီးေရ ဒီတစ္ခါေတာ့ ထူးထူးျခားျခား ျဖစ္စဥ္ တစ္ခုျဖစ္တဲ့ ေမာ္လူးက ျဖစ္စဥ္ေလး တင္ဆက္ေပးပါ့မယ္ေနာ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၃၁ ရက္ေန႔က စစ္ကိုင္းတိုင္း အင္းေတာ္ၿမိဳ႕နယ္ ေမာ္လူးၿမိဳ႕ရွိ စိုးမ်ိဳးညီ ရတနာဆိုင္တစ္ခု ေဖာက္ထြင္းခိုးယူမႈတစ္ခုျဖစ္ခဲ့ပါတယ္။ ေပ်ာက္ဆုံးသြားတဲ့ တန္ဖိုးကေတာ့ အံၾသစရာပါပဲ။ ေ႐ႊခ်ိန္ ၅ ပိႆာ ခန႔္ က်ပ္ သိန္းေပါင္း ၅၅၀၀ ခန႔္ေပ်ာက္ဆုံးသြားတယ္လို႔ ေမာ္လူးနယ္ေျမရဲစခန္းက ဆိုပါတယ္။ ျဖစ္စဥ္ကေတာ့ အိမ္မွာ မိသားစု ၃ ေယာက္ရွိေနခ်ိန္မွာ ခိုးယူခံခဲ့ရတာျဖစ္ပါတယ္။

ေအာက္တိုဘာလ ၃၁ ရက္ေန႔ နံနက္ ၄ နာရီ ခြဲေလာက္မွာ ေမာ္လူးၿမိဳ႕ လမ္းမေတာ္လမ္း မင္းရာဇာ႐ြပ္ကြက္ က စိုးမ်ိဳးဦး ရတနာေ႐ႊဆိုင္ပိုင္ရွင္ ဦးရန္မ်ိဳးႏိုင္ဟာ ေနအိမ္အေပၚထပ္မွာ အိမ္ေအာက္ကိုဆင္းလာခ်ိန္မွာ ေ႐ႊဆိုင္ေကာင္တာရွိ ေကာင္တာ ၆ ခုမွာ ၄ ခုက ပြင့္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ထိုကဲ့သို႔ ပြင့္ေနတာေၾကာင့္ မသကၤာလို႔ စစ္ေဆးၾကည့္ရာမွာ ေ႐ႊထည္ပစၥည္းေတြနဲ႔ အေပါင္ခံထားတဲ့ လက္ဝတ္ရတနာေတြ ေပ်ာက္ဆုံးေနတာကို သိရွိခဲ့ရပါတယ္။ အဆိုပါ အခင္းျဖစ္တဲ့ အိမ္မွာ မိခင္ ေဒၚၿပဳံးႏွင့္ သမီးျဖစ္သူ အသက္ ၁၀ ႏွစ္အ႐ြယ္ မ႐ႊန္းလဲ့ေသာ္သာတို႔ ၃ ဦးသာ ေနထိုင္ၾကပါတယ္။

 

 

ေပ်ာက္ဆုံးခဲ့တဲ့ ပစၥည္းတန္ဖိုးကေတာ့ ေ႐ႊပိႆာခ်ိန္ ၅ ပိႆာ တန္ဖိုး ျမန္မာက်ပ္ေငြ သိန္း ၅၅၀၀ က်ပ္ခန႔္ ေပ်ာက္ဆုံးခဲ့တာကို စစ္ေဆးေတြ႕ရွိရပါတယ္။ အဆိုပါ အမႈနဲ႔ပတ္သတ္ၿပီး ေမာ္လူးနယ္ေျမရဲစခန္းက အမႈဖြင့္ထားေၾကာင္း ဆိုပါတယ္။ ယေန႔ေခတ္ႀကီးက ေတာ္ေတာ္ေၾကာက္ဖို႔ ေကာင္းလာပါၿပီေနာ္။ ညအိပ္တိုင္း ကိုယ့္အိမ္ဆိုေပမယ့္လည္း သတိဝရီယ ရွိဖို႔ လိုလာပါၿပီ။ ကိုယ္ရွာေဖြ စုေဆာင္းထားတာေလးေတြကို အခုလို ခိုးယူခံရမယ္ဆိုရင္ ပရိတ္သတ္ႀကီးလည္း စိတ္မေကာင္းျဖစ္မွာပါပဲေနာ္။ အခုလို ခိုးယူသြားတဲ့ သူေတြကို အျမန္ဆုံးမိပါေစလို႔ ဆုေတာင္းေပးပါတယ္………..။

Writer – ME( Shwe Yaung Lan )

Unicode ဖြင့်ဖတ်ရန်

သိန်းငါးထောင်ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ အခိုးခံခဲ့ရတဲ့ မော်လူးမြို့နယ်က ဖောက်ထွင်းမှု

ပရိတ်သတ်ကြီးရေ ဒီတစ်ခါတော့ ထူးထူးခြားခြား ဖြစ်စဉ် တစ်ခုဖြစ်တဲ့ မော်လူးက ဖြစ်စဉ်လေး တင်ဆက်ပေးပါ့မယ်နော်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမြို့ရှိ စိုးမျိုးညီ ရတနာဆိုင်တစ်ခု ဖောက်ထွင်းခိုးယူမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ တန်ဖိုးကတော့ အံသြစရာပါပဲ။ ရွှေချိန် ၅ ပိဿာ ခန့် ကျပ် သိန်းပေါင်း ၅၅၀၀ ခန့်ပျောက်ဆုံးသွားတယ်လို့ မော်လူးနယ်မြေရဲစခန်းက ဆိုပါတယ်။ ဖြစ်စဉ်ကတော့ အိမ်မှာ မိသားစု ၃ ယောက်ရှိနေချိန်မှာ ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၄ နာရီ ခွဲလောက်မှာ မော်လူးမြို့ လမ်းမတော်လမ်း မင်းရာဇာရွပ်ကွက် က စိုးမျိုးဦး ရတနာရွှေဆိုင်ပိုင်ရှင် ဦးရန်မျိုးနိုင်ဟာ နေအိမ်အပေါ်ထပ်မှာ အိမ်အောက်ကိုဆင်းလာချိန်မှာ ရွှေဆိုင်ကောင်တာရှိ ကောင်တာ ၆ ခုမှာ ၄ ခုက ပွင့်နေတာကို တွေ့ခဲ့ရပါတယ်။ ထိုကဲ့သို့ ပွင့်နေတာကြောင့် မသင်္ကာလို့ စစ်ဆေးကြည့်ရာမှာ ရွှေထည်ပစ္စည်းတွေနဲ့ အပေါင်ခံထားတဲ့ လက်ဝတ်ရတနာတွေ ပျောက်ဆုံးနေတာကို သိရှိခဲ့ရပါတယ်။ အဆိုပါ အခင်းဖြစ်တဲ့ အိမ်မှာ မိခင် ဒေါ်ပြုံးနှင့် သမီးဖြစ်သူ အသက် ၁၀ နှစ်အရွယ် မရွှန်းလဲ့သော်သာတို့ ၃ ဦးသာ နေထိုင်ကြပါတယ်။

ပျောက်ဆုံးခဲ့တဲ့ ပစ္စည်းတန်ဖိုးကတော့ ရွှေပိဿာချိန် ၅ ပိဿာ တန်ဖိုး မြန်မာကျပ်ငွေ သိန်း ၅၅၀၀ ကျပ်ခန့် ပျောက်ဆုံးခဲ့တာကို စစ်ဆေးတွေ့ရှိရပါတယ်။ အဆိုပါ အမှုနဲ့ပတ်သတ်ပြီး မော်လူးနယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း ဆိုပါတယ်။ ယနေ့ခေတ်ကြီးက တော်တော်ကြောက်ဖို့ ကောင်းလာပါပြီနော်။ ညအိပ်တိုင်း ကိုယ့်အိမ်ဆိုပေမယ့်လည်း သတိဝရီယ ရှိဖို့ လိုလာပါပြီ။ ကိုယ်ရှာဖွေ စုဆောင်းထားတာလေးတွေကို အခုလို ခိုးယူခံရမယ်ဆိုရင် ပရိတ်သတ်ကြီးလည်း စိတ်မကောင်းဖြစ်မှာပါပဲနော်။ အခုလို ခိုးယူသွားတဲ့ သူတွေကို အမြန်ဆုံးမိပါစေလို့ ဆုတောင်းပေးပါတယ်………..။

Writer – ME( Shwe Yaung Lan )

LEAVE A REPLY