Zawgyi ျဖင့္ဖတ္ရန္

 

ဆလားဗီးယားပရပ္စ္နဲ႔ပြဲဲစဥ္မွာ ဂရစ္ဇ္မန္းနဲ႔ မက္ဆီတုိ႔ရဲ႕ပံုစံေတြက ပရိသတ္ေတြၾကား ေျပာစရာ ျဖစ္ခဲ့ရျပန္ပါတယ္။ ဘာစီလိုနာနဲ႔ ဆလားဗီးယားပရပ္စ္တုိ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ကေတာ့ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာ ျဖစ္ခဲ့ရပါတယ္။ အထူးသျဖင့္ ဒီပြဲစဥ္မွာ ဘာစီလိုနာရဲ႕ပံုစံဟာ တကယ့္ကို စိတ္ပ်က္ခ်င္စရာေကာင္းတဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့ၿပီး အိမ္ကြင္းမွာေတာင္ ဆလားဗီးယားပရပ္စ္ကို အႏုိင္မကစားႏုိင္ခဲ့တာပါ။

မက္ဆီ၊ ဂရစ္ဇ္မန္း၊ ဒမ္ဘီလီတုိ႔ ဦးေဆာင္တဲ့ တိုက္စစ္ပိုင္းက ႏူးကမ့္မွာေတာင္ တစ္ဂိုးမွ မသြင္းႏုိင္ခဲ့တာက တကယ့္ကို စိတ္ပ်က္စရာပါပဲ။ ဘာစီလိုနာအသင္းဟာ ဆလားဗီးယားပရပ္စ္လို အင္းအားနည္းပါးတဲ့ အသင္းေလးကိုေတာင္ ကြင္းလယ္အသာစီးမရခဲ့တာ ဆုိးရြားလြန္းခဲ့ပါတယ္။

ဒ့ါအျပင္ ဒီပြဲစဥ္မွာ ပရိသတ္ေတြေျပာစရာ ျဖစ္ခဲ့ရတာက မက္ဆီနဲ႔ ဂရစ္ဇ္မန္းတုိ႔ရဲ႕ပံုစံပါ။ မက္ဆီနဲ႔ ဂရစ္ဇ္မန္းတုိ႔ရဲ႕ ဆက္ဆံေရးဟာ အဆင္မေျပဘဲ အဖုအထစ္ေတြရွိေနခဲ့တယ္လုိ႔ ဒီရာသီတစ္ေလွ်ာက္လံုး သတင္းေတြ ထြက္ေပၚခဲ့တာပါ။

ဆလားဗီးယားနဲ႔ပြဲစဥ္မွာေတာ့ မက္ဆီနဲ႔ ဂရစ္ဇ္မန္းတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္ေဘာလံုးေပးပို႔မႈ အားနည္းခဲ့ၿပီး ဒါကိုပရိသတ္ေတြက သတိထားမိခဲ့ကာ သူတို႔ႏွစ္ေယာက္ရဲ႕ပံုစံကို ေမးခြန္းထုတ္ခဲ့ၾကတာပါ။

ဘယ္ဘက္လည္ပင္းမွာ အၾကိတ္တစ္လံုးထပ္ေတြ့လို့ ေဆးစစ္မႈခံယူေနရတဲ့ ထက္ထက္မိုးဦး
ဘာစီရဲ႕တုိက္စစ္လမ္းေၾကာင္းကို မက္ဆီက ဦးေဆာင္ေနၾကပါ။ ဒီပံုမွာေတာ့ ဂရစ္ဇ္မန္းဟာ မက္ဆီကို အသာအယာေပးလို႔ရတဲ့အေနအထားမွာ သူ႔ရဲ႕ျပင္သစ္အသင္းေဖာ္ဒမ္ဘီလီကိုသာေက်ာ္ၿပီး ေပးခဲ့တာကို ေတြ႕ရမွာပါ။

ပံုမွန္အားျဖင့္ေတာ့ ဒီလိုအေျခအေနမ်ိဳးမွာ မက္ဆီဟာ ေဘးမွာပါလာတဲ့အသင္းေဖာ္ကိုပဲ ထိုးေပးေနက်ပါ။ ဒါေပမဲ့ ဒီျဖစ္ရပ္မွာေတာ့ မက္ဆီဟာ ဂရစ္ဇ္မန္းကို မေပးခဲ့ဘဲ တစ္ကိုယ္ေကာင္းဆန္စြာ ကန္ခဲ့ပါတယ္။ တကယ္လို႔ အဲဒီမွာ ဆြာရက္ဇ္သာဆိုရင္ မက္ဆီဟာ ေသခ်ာေပါက္ထိုးေပးလိမ့္မယ္လို႔ ပရိသတ္ေတြက ဆိုေနၾကပါတယ္။

Credit : momolay

Unicode ဖြင့်ဖတ်ရန်

တစ်ယောက်နဲ့တစ်ယောက် လူပေးမကစားခဲ့လို့ ပြောစရာဖြစ်ခဲ့ရပြန်တဲ့ မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့ရဲ့လုပ်ရပ်

ဆလားဗီးယားပရပ်စ်နဲ့ပွဲစဉ်မှာ ဂရစ်ဇ်မန်းနဲ့ မက်ဆီတို့ရဲ့ပုံစံတွေက ပရိသတ်တွေကြား ပြောစရာ ဖြစ်ခဲ့ရပြန်ပါတယ်။ ဘာစီလိုနာနဲ့ ဆလားဗီးယားပရပ်စ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကတော့ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ဒီပွဲစဉ်မှာ ဘာစီလိုနာရဲ့ပုံစံဟာ တကယ့်ကို စိတ်ပျက်ချင်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး အိမ်ကွင်းမှာတောင် ဆလားဗီးယားပရပ်စ်ကို အနိုင်မကစားနိုင်ခဲ့တာပါ။

မက်ဆီ၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီတို့ ဦးဆောင်တဲ့ တိုက်စစ်ပိုင်းက နူးကမ့်မှာတောင် တစ်ဂိုးမှ မသွင်းနိုင်ခဲ့တာက တကယ့်ကို စိတ်ပျက်စရာပါပဲ။ ဘာစီလိုနာအသင်းဟာ ဆလားဗီးယားပရပ်စ်လို အင်းအားနည်းပါးတဲ့ အသင်းလေးကိုတောင် ကွင်းလယ်အသာစီးမရခဲ့တာ ဆိုးရွားလွန်းခဲ့ပါတယ်။

ဒ့ါအပြင် ဒီပွဲစဉ်မှာ ပရိသတ်တွေပြောစရာ ဖြစ်ခဲ့ရတာက မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့ရဲ့ပုံစံပါ။ မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့ရဲ့ ဆက်ဆံရေးဟာ အဆင်မပြေဘဲ အဖုအထစ်တွေရှိနေခဲ့တယ်လို့ ဒီရာသီတစ်လျှောက်လုံး သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဆလားဗီးယားနဲ့ပွဲစဉ်မှာတော့ မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ဘောလုံးပေးပို့မှု အားနည်းခဲ့ပြီး ဒါကိုပရိသတ်တွေက သတိထားမိခဲ့ကာ သူတို့နှစ်ယောက်ရဲ့ပုံစံကို မေးခွန်းထုတ်ခဲ့ကြတာပါ။

ဘယ်ဘက်လည်ပင်းမှာ အကြိတ်တစ်လုံးထပ်တွေ့လို့ ဆေးစစ်မှုခံယူနေရတဲ့ ထက်ထက်မိုးဦး
ဘာစီရဲ့တိုက်စစ်လမ်းကြောင်းကို မက်ဆီက ဦးဆောင်နေကြပါ။ ဒီပုံမှာတော့ ဂရစ်ဇ်မန်းဟာ မက်ဆီကို အသာအယာပေးလို့ရတဲ့အနေအထားမှာ သူ့ရဲ့ပြင်သစ်အသင်းဖော်ဒမ်ဘီလီကိုသာကျော်ပြီး ပေးခဲ့တာကို တွေ့ရမှာပါ။

ပုံမှန်အားဖြင့်တော့ ဒီလိုအခြေအနေမျိုးမှာ မက်ဆီဟာ ဘေးမှာပါလာတဲ့အသင်းဖော်ကိုပဲ ထိုးပေးနေကျပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်မှာတော့ မက်ဆီဟာ ဂရစ်ဇ်မန်းကို မပေးခဲ့ဘဲ တစ်ကိုယ်ကောင်းဆန်စွာ ကန်ခဲ့ပါတယ်။ တကယ်လို့ အဲဒီမှာ ဆွာရက်ဇ်သာဆိုရင် မက်ဆီဟာ သေချာပေါက်ထိုးပေးလိမ့်မယ်လို့ ပရိသတ်တွေက ဆိုနေကြပါတယ်။

Credit : momolay

LEAVE A REPLY