Zawgyi ျဖင့္ဖတ္ရန္

စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕အဓိကၿပိဳင္ဘက္မက္ဆီအေပၚ စိတ္ထဲဘယ္လိုသေဘာထားသလဲဆိုတာ ပြင့္ပြင့္လင္းလင္းေျပာဆိုသြားခဲ့တာပါ။ မက္ဆီနဲ႔ စီေရာ္နယ္ဒိုဆိုတာ (၂၁) ရာစုရဲ႕ အေကာင္းဆုံးေဘာလုံးသမားေတြအျဖစ္ သတ္မွတ္ခံထားရတဲ့သူေတြပါ။ Ballon d’Or ဆုကို (၅) ႀကိမ္စီ ရယူထားၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ကိုင္းကြၽန္းမွီ၊ ကြၽန္းကိုင္းမွီဟာ အျမင့္မားဆုံးေသာ ေအာင္ျမင္မႈေတြကို ရယူထားခဲ့ၾကတာ ျဖစ္ပါတယ္။

အဓိကၿပိဳင္ဘက္ေတြျဖစ္လို႔ သူတို႔ႏွစ္ေယာက္ရဲ႕စိတ္ထဲမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ မနာလိုသူေတြ၊ သူ႔ထက္ငါ အေက်ာ္မခံခ်င္စိတ္ေတြ ရွိၾကတာ အမွန္ပါပဲ။ ဒါကပဲ သူတို႔ႏွစ္ေယာက္ကို ပိုေကာင္းတဲ့ကစားသမားေတြ ျဖစ္လာခဲ့ၾကတာပါ။

ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ရင္ထဲမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မုန္းတီးစိတ္ဆိုတာ မရွိဘဲ ၿပိဳင္ဘက္စိတ္တာရွိခဲ့တာပါ။ ဒါကို သူတို႔ႏွစ္ေယာက္ရဲ႕ အျပန္အလွန္ ေျပာစကားေတြအရ အထင္းသားေတြ႕ျမင္၊ သိျမင္ႏိုင္ပါတယ္။

 

အခုအခါမွာလည္း စီေရာ္နယ္ဒိုက မက္ဆီက သူ႔ကိုပိုေကာင္းတဲ့ကစားသမားျဖစ္လာေစခဲ့ေၾကာင္း ဖြင့္ဟဝန္ခံသြားခဲ့တာပဲ ျဖစ္ပါတယ္။ “ကြၽန္ေတာ္တို႔က တစ္ေယာက္ကိုတစ္ေယာက္ အျပန္လွန္အက်ိဳးျပဳခဲ့ၾကတယ္လို႔ လူေတြက ေျပာဆိုၾကပါတယ္။ စပိန္မွာ ယွဥ္ၿပိဳင္မႈေတြက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ပိုေကာင္းေစပါတယ္။

မန္ခ်က္စတာမွာတုန္းကထက္ မက္ဒရစ္မွာ ပိုျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြရွိခဲ့တယ္။ ကြၽန္ေတာ္နဲ႔ မက္ဆီဟာ သက္ဆိုင္ရာအသင္းေတြရဲ႕ သေကၤတေတြပါ။ တေလာကတုန္းက ကြၽန္ေတာ္ကို သူလြမ္းေနတဲ့အေၾကာင္း ေျပာဆိုတာေတြ ကြၽန္ေတာ္ၾကားထားပါတယ္။ မက္ဆီဟာ ကြၽန္ေတာ့္ကိုပိုေကာင္းလာေစသူတစ္ေယာက္ပါ”လို႔ စီေရာ္နယ္ဒိုက ဖြင့္ဟသြားခဲ့တာပါ။ စီေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ဟာ လက္ရွိအခ်ိန္မွာ တစ္ေယာက္ကိုတစ္ေယာက္ လြမ္းေနၾကပုံပါပဲ။

Credit : momolay

Unicode ဖြင့်ဖတ်ရန်

မက်ဆီနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်အစစ်အမှန်ကို မကွယ်မဝှက် ဖွင့်ဟသွားခဲ့တဲ့ စီရော်နယ်ဒို

စီရော်နယ်ဒိုဟာ သူ့ရဲ့အဓိကပြိုင်ဘက်မက်ဆီအပေါ် စိတ်ထဲဘယ်လိုသဘောထားသလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောဆိုသွားခဲ့တာပါ။ မက်ဆီနဲ့ စီရော်နယ်ဒိုဆိုတာ (၂၁) ရာစုရဲ့ အကောင်းဆုံးဘောလုံးသမားတွေအဖြစ် သတ်မှတ်ခံထားရတဲ့သူတွေပါ။ Ballon d’Or ဆုကို (၅) ကြိမ်စီ ရယူထားပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဟာ အမြင့်မားဆုံးသော အောင်မြင်မှုတွေကို ရယူထားခဲ့ကြတာ ဖြစ်ပါတယ်။

အဓိကပြိုင်ဘက်တွေဖြစ်လို့ သူတို့နှစ်ယောက်ရဲ့စိတ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် မနာလိုသူတွေ၊ သူ့ထက်ငါ အကျော်မခံချင်စိတ်တွေ ရှိကြတာ အမှန်ပါပဲ။ ဒါကပဲ သူတို့နှစ်ယောက်ကို ပိုကောင်းတဲ့ကစားသမားတွေ ဖြစ်လာခဲ့ကြတာပါ။

ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ရင်ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် မုန်းတီးစိတ်ဆိုတာ မရှိဘဲ ပြိုင်ဘက်စိတ်တာရှိခဲ့တာပါ။ ဒါကို သူတို့နှစ်ယောက်ရဲ့ အပြန်အလှန် ပြောစကားတွေအရ အထင်းသားတွေ့မြင်၊ သိမြင်နိုင်ပါတယ်။

အခုအခါမှာလည်း စီရော်နယ်ဒိုက မက်ဆီက သူ့ကိုပိုကောင်းတဲ့ကစားသမားဖြစ်လာစေခဲ့ကြောင်း ဖွင့်ဟဝန်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။ “ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက် အပြန်လှန်အကျိုးပြုခဲ့ကြတယ်လို့ လူတွေက ပြောဆိုကြပါတယ်။ စပိန်မှာ ယှဉ်ပြိုင်မှုတွေက ကျွန်တော်တို့နှစ်ယောက်ကို ပိုကောင်းစေပါတယ်။

မန်ချက်စတာမှာတုန်းကထက် မက်ဒရစ်မှာ ပိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေရှိခဲ့တယ်။ ကျွန်တော်နဲ့ မက်ဆီဟာ သက်ဆိုင်ရာအသင်းတွေရဲ့ သင်္ကေတတွေပါ။ တလောကတုန်းက ကျွန်တော်ကို သူလွမ်းနေတဲ့အကြောင်း ပြောဆိုတာတွေ ကျွန်တော်ကြားထားပါတယ်။ မက်ဆီဟာ ကျွန်တော့်ကိုပိုကောင်းလာစေသူတစ်ယောက်ပါ”လို့ စီရော်နယ်ဒိုက ဖွင့်ဟသွားခဲ့တာပါ။ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ လက်ရှိအချိန်မှာ တစ်ယောက်ကိုတစ်ယောက် လွမ်းနေကြပုံပါပဲ။

Credit : momolay

LEAVE A REPLY