Zawgyi ဖြင့်ဖတ်ရန်



 


 

 



Unicode ဖြင့်ဖတ်ရန်

Now & Ever ဇာတ်ကားကြောင့် ပြင်သစ်က လုပ်ငန်းရှင်ကြီးရဲ့ ကမ်းလှမ်းမှု ကို ခံလိုက်ရတဲ့ ခီမောင်နှံ

ယခုတလော နာမည်ကြီးနေတဲ့ Now & Ever ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို ပရိသတ်ကြီးသိနှင့်လိမ့်မယ်လို့ ထင်ပါတယ် ဒီဇာတ်ကားဟာ လူမှုကွန်ယက်ပေါ်မှာအထူးကျော်ကြားနေပြီး ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံ အားပေးခြင်းကို ခံနေရာတာလည်းဖြစ်ပါတယ်။ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီ တို့ လင်မယားဟာဆိုရင် ရုပ်ရှင်တစ်ကားဆိုရင် တစ်ကားဆိုသလောက် ပရိသတ်ရင်ထဲ ကျန်နေအောင် တင်ဆက်ရိုက်ကူးပြတတ်ကြသူတွေပဲ ဖြစ်ပါတယ်။

ခီမောင်နှံကိုဝန်းရံကြတဲ့ ပရိသတ်တွေကလည်းအများအပြားရှိနေပြီဖြစ်ပြီး မီဇာတ်ကားနဲ့ အထူးကျော်ကြားခဲ့တဲ့ မင်းသမီး ပိုင်ဖြိုးသုပါဝင်နေတာကလည်း ဇာတ်ကားရဲ့ကျော်ကြားမှုကို ပိုမိုမြင့်တက်စေခဲ့တာပါ။ခီမောင်နှံရိုက်တဲ့ကားဆိုရင် အကုန်ကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ရမယ်ဆိုတဲ့ သူတွေတောင်မှ ရှိနေပါပြီ၊ အခုလည်း သူတို့ရဲ့ Now and Ever ဆိုတဲ့ အချစ်အိမ်ထောင်ရေး ဇာတ်ကားလေးကို ပရိသတ်တွေက ချီးကျူးနေကြပြန်ပါပြီ။ ဒီလိုချီးကျူးကြတဲ့သူတွေထဲမှာ ပြည်တွင်းကသူတွေတင်မကဘဲ ပြည်ပက သူတွေပါ ပါဝင်လာတာကို ခရစ်စတီးနားက ချပြလိုက်ပါတယ်။

ဒီနေ့မှာတော့ ထာဝရနှောင်ကြိုးဇာတ်ကားပဲ့ကိုင်ရှင် ခရစ္စတီးနားခီက သု့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြင်သစ် ရုပ်ရှင်လုပ်ငန်းရှင်တစ်ဦးက ဆက်သွယ်လာတဲ့ Email လေးတစ်စောင်ကို တင်ပြီးမျှဝေလာခဲ့တာပါ ဒီ Email ထဲမှာတော့ ထာဝရနှောင်ကြိုးဇာတ်ကားမှာပါဝင်သူအားလုံးကိုချီးကျူးထားပြီး အလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီ Post လေးဟာ ခီမောင်နှံ ပရိသတ်တွေကြားရေပန်းစားနေတာမို့ ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

share from :burmese.asia

 

LEAVE A REPLY